အိမ်ခြံမြေဈေး မြင့်တက်မှုကို ထိန်းချုပ်ရန် မြို့နယ်အလိုက် မြေဈေးသတ်မှတ်

အိမ်ခြံမြေဈေး မြင့်တက်မှုကို ထိန်းချုပ်ရန် မြို့နယ်အလိုက် မြေဈေးသတ်မှတ် - Property News in Myanmar from iMyanmarHouse.com
13 Nov 2013 3:24 pm တွင် တင်ခဲ့သည်
866 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို ထိန်းချုပ်ရန် မြို့နယ်အလိုက် တစ်ပေပတ်လည်ပေါ် မူတည်ကာ မြေနေရာဈေးနှုန်းများ သတ်မှတ်ပြီး တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

ယင်းသို့ သတ်မှတ်ရာတွင် မြို့နယ်အလိုက် တစ်ပေပတ်လည်အား မြေဈေးနှုန်း သတ်မှတ်ပေးမည်ဖြစ်ပြီး အရောင်းအ၀ယ် ပြုလုပ်တိုင်း အစိုးရသို့ ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်ကို အပြည့်အ၀ ရရှိစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။ မြို့နယ်အလိုက် 1 sqm သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီမှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြေနေရာ ပေါက်ဈေးနှုန်းများကိုမူ အကြမ်းဖျင်း သတ်မှတ်ပြီးဖြစ်ကာ ညှိနှိုင်းလုပ်ဆောင် နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"အခု အရောင်းအ၀ယ်လုပ်တဲ့ အခါမှာ ၁၀၀ ဖိုးအတွက် အခွန်က ခုနစ်ကျပ် ကပ်ရမှာကို ဘာလုပ်လဲဆိုတော့ ၁၀၀ ဖိုး အရောင်းအ၀ယ် လုပ်တာကို ၅၀ နဲ့ လုပ်တယ်ပြောပြီး အခွန်ကို သုံးကျပ်ခွဲပဲ ဆောင်တယ်။ နိုင်ငံတော် အနေနဲ့ အခွန်နစ်နာတယ်။ အခု သတ်မှတ်တာကလည်း တံဆိပ်ခေါင်းခွန် အတွက်ပဲ သတ်မှတ်တာပါ။ ဥပမာ-၀င်ဒါမီယာမှာ အရောင်းအ၀ယ်ဖြစ်ရင် ၁ ပေပတ်လည်ကို ၁၀၀ ဆိုရင် ၁၀၀ ဖိုးအတွက် အခွန်ဆောင်ရမယ်။ မြောက်ဒဂုံမှာ တစ်ပေပတ်လည်ကို ၂၀ ဆိုရင် ၂၀ အတွက် အခွန်ဆောင်ရမယ်။ သူ့ဟာသူ လျှော့ပဲရောင်းရောင်း၊ တိုးပဲရောင်းရောင်း သတ်မှတ် တစ်ပေ ပတ်လည်နှုန်းအတိုင်း ဆောင်ရမှာပဲ" ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထိုသို့ သတ်မှတ်ရခြင်းမှာ လက်ရှိတွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်မှုကို ထိန်းချုပ်ရန်နှင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်မှုကို မှန်မှန်ကန်ကန် ဖြစ်စေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောပြသည်။

"အခုလို မြို့နယ်အလိုက် မြေဈေးနှုန်း သတ်မှတ်မယ်ဆိုရင် ပိုကောင်းတာပေါ့။ ဈေးနှုန်းကို ပိုတင်လို့လည်း မရဘူး။ ဆွဲချထားလို့လည်း မရဘူး။ ဒါပေမဲ့ အရောင်းအ၀ယ်က အေးသွားမယ် ထင်တယ်" ဟု estate myanmar အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား

ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service