အစိုးရက မြေဈေးနှုန်းများ ထိန်းချုပ်တော့မည်ဟု ဆို

အစိုးရက မြေဈေးနှုန်းများ ထိန်းချုပ်တော့မည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
9 Nov 2013 4:40 pm တွင် တင်ခဲ့သည်
520 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြေဈေးကြီးမြင့်မှုများအား ထိန်းချုပ်ရန်အတွက် အစိုးရက ပုံသေမြေဈေးနှုန်း သတ်မှတ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိပေါက်နေသည့် မြေဈေးကြီးမြင့်မှုများအား ထိန်းချုပ်ရန် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ဒေသကြီးမှ စတင်ကာ တစ်ပေပတ်လည်မြေဈေးနှုန်းများအား သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ သြဂုတ်လ ၂၃ရက်နေ့က နေပြည်တော်၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ မြေဈေးတွေ ကြီးနေတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခက်အခဲ ဖြစ်နေတယ်။ မြေဈေးတွေ ကြီးနေတာကို အခွန်နည်းလမ်းများနဲ့လည်း ထိန်းပြီးလုပ်ဆောင်ဖို့တွေ ရှိပါတယ်။တစ်ပေပတ်လည်ဈေးနှုန်းတွေကိုလည်း ပုံသေသတ်မှတ်ပေးဖို့ ရှိပါတယ်”ဟု ဦးစိုးသိန်းက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ အဓိကလမ်းများ၏ မြေဈေးများသည် တစ်ပေပတ်လည်လျှင် ၁၀သိန်းနှင့် ၁၅သိန်းဝန်းကျင်ရှိပြီး တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း စသည့် မြို့နယ်များတွင်လည်း မြေဈေးသည် တစ်ပေပတ်လည်လျှင် တစ်သိန်းခွဲမှ လေးသိန်း ဝန်းကျင်အထိ ဈေးများ ပေါက်နေကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိန်းက “မြေဈေးတွေကြီးတာကို ထိန်းချုပ်ဖို့ ဒီလိုထိန်းချုပ်တဲ့နေရာမှာလည်း တံဆိပ်ခေါင်းခွန်တွေကို ကြပ်မတ်စွာ ဆောင်ရွက်ရမယ်”ဟု ပြော သည်။ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း အတွင်းရေးမှူး ဦးခင်မောင်အေးက “မဆလ ခေတ်တုန်းက တောင်ကုန်စည်ဈေးနှုန်းတွေကို တရားဝင် ထိန်းချုပ်ဖို့တွေတောင် မလုပ်နိုင်ခဲ့တာ အခုလိုမျိုး အိမ်ခြံမြေ ဈေးနှုန်းကို တရားဝင် ပုံသေ သတ်မှတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ နိုင်ငံတကာ မြေပေါက်ဈေးတွေနဲ့ သူတို့ဆီက နည်းပညာတွေကိုလည်း လေ့လာမှ အဆင်ပြေမယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။

မြေဈေးနှုန်းများသည် သက်ဆိုင်ရာ ဒေသအနေအထား၊ ရပ်ကွက်၊ မြို့နယ်အနေအထား၊ လမ်းအနေအထား စသည်ဖြင့် အနေအထားအမျိုးမျိုးအလိုက် ဈေးနှုန်းများလည်း အသီးသီးရှိကြသည်ဖြစ်ရာ အားလုံးကို ခြုံငုံ၍ တစ်ပေပတ်လည်ပုံသေဈေးနှုန်း သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း၊ ရပ်ကွက်တစ်ခုတည်းတွင်ပင် လမ်းမကြီးဘေးက တစ်မျိုး၊ လမ်းသွယ်ထဲက တစ်မျိုး၊ လမ်းမကြီး နောက်ကျောဘက်တစ်မျိုး စသဖြင့်ရှိရာ အထက်ပါ အနေအထားများအရ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် မြေဈေးနှုန်းများ အမျိုးမျိုးရှိနေမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြေဈေးနှုန်းကို ပုံသေသတ်မှတ်ပေးဖို့ဆိုသည်မှာ ခက်ခဲမည်ဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့ခံတစ်ဦးကလည်း သူ၏ ထင်မြင်ချက်ကို ပြောပြသည်။

Credit: Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service