အိမ်ခြံမြေ ရောင်းဝယ်မှု အခွန်နှုန်းထားများ ပြင်ဆင်ပြောင်းလဲပေးရန် မရှိ

အိမ်ခြံမြေ ရောင်းဝယ်မှု အခွန်နှုန်းထားများ ပြင်ဆင်ပြောင်းလဲပေးရန် မရှိ - Property News in Myanmar from iMyanmarHouse.com
9 Nov 2013 4:22 pm တွင် တင်ခဲ့သည်
1179 ကြိမ် ကြည့်ရှု့ပြီး
အိမ်၊ ခြံ၊ မြေများ ဝယ်ယူရောင်းချရာတွင် ကောက်ခံနေသော အခွန်နှုန်းထားများ ပြင် ဆင်ပြောင်းလဲရန် မရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါက်တာ လင်း အောင်က ပြောသည်။

အိမ်ခြံမြေ တံဆိပ်ခေါင်းခွန် ငါးရာခိုင် နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းတို့မှာ ယခင်ကာလ တွင် ဈေးနှုန်းမများသော်လည်း လက်ရှိကာ လတွင် ဖြစ်ပေါ်နေသော ပေါက်ဈေးများ ကြောင့် လျော့ချသင့်ကြောင်း၊ ရေဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ် တော်တွင် တင်ပြခြင်းကို ပြန်လည်ဖြေရှင်းခြင်း ဖြစ်သည်။

သို့သော် ဒုတိယဝန်ကြီးက အိမ်၊ ခြံ၊ မြေ များ ဝယ်ယူရောင်းချသည့် အပေါ်တွင် ကောက် ခံလျက်ရှိသော အခွန်နှုန်းထားများ ၂ဝ၁၂ ခုနှစ်အတွင်း ခေတ်နှင့် လျော်ညီစွာ ပြင်ဆင် ပြောင်းလဲခဲ့သော နှုန်းထားများ ဖြစ်သည့်အ တွက် လက်ရှိကာလတွင် ပြောင်းလဲရန် မရှိ ကြောင်း ဆိုသည်။

လက်ရှိ ကောက်ခံလျက်ရှိသော အိမ်ခြံ မြေ အခွန်နှုန်းထားများကို လျော့ချကောက် ခံမည်ဆိုပါက ငွေကြေး ခဝါချမှုများ၊ အိမ်ခြံ မြေ ဈေးကစားမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရမည့် ကိစ္စ ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

အိမ်ခြံမြေဈေးကွက်ရောင်းဝယ်ရာတွင် အရပ်စာချူပ်များဖြင့်သာရောင်းဝယ်ဖြစ်နေရာ နိုင်ငံတော်အနေဖြင့်လည်း အခွန်မရရှိဘဲ ဆုံးရှုံးနစ်နာမှုများ ဖြစ်လျက်ရှိကြောင်းလည်း ဦးဝင်းဦးက တင်ပြသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ကာလပေါက်ဈေးများ အဆမတန်ကြီးမြင့်ပြီး ရောင်းဝယ် လျက်ရှိသော်လည်း အခွန်ပေး ဆောင်ရာတွင် သက်သာရန်အတွက် စာချုပ် ချုပ်ဆို၌ ဈေးနှုန်းလျော့ပေါ့ ချူပ်ဆိုခြင်းများ အများဆုံး ပြုလျက်ရှိကြောင်း၊ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူများက ယင်းကို ထောက် ခံ ပြောဆိုသည်။

လက်ရှိကောက်ခံနေသော စနစ်မှာ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ရောင်းသူဘက် မှ အခြေပြပစ္စည်း၏ မြတ်စွန်းမှုအပေါ် ၁ဝ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ပြီး တံဆိပ် ခေါင်းခွန် ပေးဆောင်ရန် မလိုအပ်ပေ။ ဝယ် ယူသူဘက်မှ ဝင်ငွေရလမ်း ဖော်ပြနိုင်လျှင် ဝင်ငွေခွန် ပေးဆောင်ရန်မလိုအပ်ဘဲ တံဆိပ် ခေါင်းခွန်သာ ပေးဆောင်ရမည် ဖြစ်ပြီး ဝင် ငွေရလမ်း မပြနိုင်ပါက ဝင်ငွေခွန် ၃ဝ ရာခိုင် နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင် သာယာရေး နယ်နိမိတ်အတွင်းတွင် တံဆိပ် ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ဆောင်ရမည် ဖြစ် ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ငါးရာခိုင်နှုန်း ဆောင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းများ သည် အာရှတိုက် မြို့ကြီးများထက်ပင် ဈေး နှုန်းများ မြင့်တက်လျက်ရှိပြီး ပြည်တွင်းစီး ပွားရေး လုပ်ငန်းရှင်များသာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များပါ တိုက် ခန်းနှင့် မြေယာဈေးနှုန်း ကြီးမြင်ခြင်းများ ကြောင့် ရင်းနှီးမြှုပ်နှံ့ရန် နှောင့်နှေးကြန့်ကြာ ရလျက်ရှိကြောင်း စီးပွားရေးလုပ်ငန်း အ သိုင်းအဝိုင်းများက ဆိုသည်။

အဆိုပါကဲ့သို့ အဆမတန် အိမ်ခြံမြေ ဈေးနှုန်းများ မတန်တဆ ကြီးမြင့်လျက်ရှိ သောကြောင့် နိုင်ငံတော်မှ မူဝါဒများ ချမှတ် ကာ ထိန်းချူပ်ဆောင်ရွက်သင့်ကြောင်း စီးပွား ရေးပညာရှင်များက အကြံပြုထားခြင်းများ လည်း ရှိသည်။

၂ဝ၁၂ သြဂုတ်လမှ စတင်ကာ အိမ်ခြံ မြေ အခွန်နှုန်းထားများကို ပြောင်းလဲ သတ် မှတ်ခဲ့ပြီး ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်၏ သုံးလ တာအတွက် အိမ်ခြံမြေဝယ်ယူတည်ဆောက် မှုမှ အခွန် ကျပ် ၁ဝ ဒသမ ၅၇ ဘီလီယံ ကောက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါက်တာ လင်း အောင်က ပြောသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service