ငွေမည်းများစွာဖြင့် ၀င်ရောက် ဈေးကစားနေသည့် အတွက် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်

ငွေမည်းများစွာဖြင့် ၀င်ရောက် ဈေးကစားနေသည့် အတွက် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
9 Nov 2013 4:19 pm တွင် တင်ခဲ့သည်
686 ကြိမ် ကြည့်ရှု့ပြီး
ငွေမည်းများစွာဖြင့် ၀င်ရောက်ဈေး ကစားနေသည့် အတွက် အိမ်ခြံမြေ ဈေးနှုန်းများ အဆမ တန်မြင့်တက်လာ၍ ၀င်ငွေရလမ်း မဖော်ပြနိုင်သော ငွေမည်းသမားများကို အိမ်၊ ခြံ မြေခွန်များ တိုးမြှင့်ကောက်ခံရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ်တော်သို့ တင်ပြမေးမြန်းခဲ့သည်။

သြဂုတ် ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်း၊ ရေဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး တင်ပြ မေးမြန်းသည့် ''အိမ်ရာမြေများ ၀ယ်ယူ ရောင်းချခြင်း အပေါ်တွင် ပြန်လည်တိုးမြှင့် ကောက်ခံနေသော အခွန် ၃၇ ရာခိုင်နှုန်းကို ခွဲခြားရှင်းလင်း ပြပါရန်၊ ယခင်ကာလတွင် ကာလတို အိမ်ခြံမြေ ရောင်းဝယ်ခွန်အား ၁၅ ရာခိုင်နှုန်း လျော့ချပေးခဲ့စဉ်က ရရှိခဲ့သော အခွန်ငွေများနှင့် ယခု ၃၇ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံရာတွင် ရရှိသော အခွန်ငွေနှုန်းများ နှိုင်းယှဉ်ပြရန်၊ ငွေဖြူရှိသူ နိုင်ငံသားများ အတွက် အခွန်နှုန်းများ လျော့ချပေးရန်၊ ငွေဖြူလုံလောက်အောင် မပြနိုင်သော သာမန် နိုင်ငံသားများအား တိုးမြှင့်ကောက်ခံရန် လိုအပ်သော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာ စာများဖြင့် ရေတိုမဟုတ်ဘဲ ရေရှည် တည်တံ့နိုင်ရေးအတွက် လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ'' မေးခွန်းကို လွှတ်တော်သို့ တင်ပြမေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ဖြစ်ရမယ်။ နိုင်ငံသားများကလည်း ပေးဆောင်ရန် တာဝန်ရှိတဲ့ အခွန်များကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ မှန်မှန်ကန်ကန် ပေးသွင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ အမိန့်ကြော်ငြာ စာများနဲ့ မဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ စည်းရုံးပြီးတော့ နိုင်ငံသားတိုင်းဟာ အခွန်ပေးဆောင် တယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်စေလိုတဲ့ အတွက် ကျွန်တော် မေးမြန်းရခြင်း ဖြစ်ပါတယ်'' ဟု ဦးဝင်းဦးက ပြောကြားသည်။

ဦးဝင်းဦးက ၀င်ငွေရလမ်း ဖော်ပြနိုင်သော ငွေဖြူနှင့် ၀င်ငွေရလမ်း မဖော်ပြနိုင်သော ငွေမည်းများသည် ၁၅ ရာခိုင်နှုန်းတွင် တန်းတူသာဖြစ်ခြင်း (သို့မဟုတ်) ၂၅ ရာခိုင်နှုန်းအထိ အခွန်ဆောင်နေ သူများအတွက် မတရားဘဲ အိမ်ခြံမြေတွင် ငွေမည်းများစွာဖြင့် တစ်နည်းအားဖြင့် အခွန်ရှောင်သော ငွေများဖြင့် ရောင်းဝယ် နေကြကြောင်း၊ တရားဝင် ဖော်ပြခြင်း မရှိသည့်အတွက် နိုင်ငံအတွက် နစ်နာပြီး အိမ်ခြံမြေ ဈေးများလည်း မတရားသဖြင့် တက်နေသဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ပါက ဈေးပြန်ကျမည် ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service