အထပ်မြင့်စည်းမျဉ်းမလိုက်နာနိုင်၍ ဆောက်ခွင့်ပြုရန်တင်ပြီးမှ ပြန်လည်ပယ်ဖျက်မှုရှိ

အထပ်မြင့်စည်းမျဉ်းမလိုက်နာနိုင်၍ ဆောက်ခွင့်ပြုရန်တင်ပြီးမှ ပြန်လည်ပယ်ဖျက်မှုရှိ - Property News in Myanmar from iMyanmarHouse.com
9 Nov 2013 3:55 pm တွင် တင်ခဲ့သည်
785 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့် ဆောက်လုပ်ရန် တင် ပြထားသော်လည်း ရန်ကုန်စည်ပင်၏ စည်းမျဉ်းဥပဒေများကို လိုက်နာနိုင်မှု မရှိ၍ လုပ်ငန်းရှင်များဘက်မှ ပယ်ဖျက် သွားသည်များ ရှိနေကြောင်း အထပ်မြင့် အဆောက်အ အုံဆောက်လုပ်ရေးဆိုင် ရာ စံချိန်စံညွှန်း စိစစ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက ပြောသည်။

ယခုဘဏ္ဍာနှစ် အတွင်း ရန်ကုန် စည်ပင်သို့ လာရောက်လျှောက်ထား သော အဆောက်အအုံ ၆၆ လုံးရှိပြီး ဌာနမှ မူအားဖြင့်ခွင့်ပြုပြီးအဆောက် အအုံ ၂၃ လုံး၊ သတ်မှတ်ချက်နှင့် မ ကိုက်ညီ၍ ခွင့်ပြုပေးနိုင်မှု မရှိသော အဆောက်အအုံ ၈ လုံး၊ လုပ်ငန်းရှင် များဘက်မှ သတ်မှတ်ချက်ကြောင့် ဆောင်ရွက်လိုမှု မရှိတော့သည့် အဆောက် အအုံ ၈ လုံးနှင့် ခွင့်ပြုရန် စိစစ်နေဆဲ အဆောက်အအုံ ၂၇ လုံးရှိကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

အထပ်မြင့်အဆောက်အအုံဆို သည်မှာ ရှစ်ထပ်နှင့်အထက်အဆောက် အအုံကိုဆိုလိုခြင်းဖြစ်ပြီး လက်ရှိအချိန် ထိ တင်ပြမှုတွင် ၃၂ ထပ် အထိ အမြင့် ဆုံးပါဝင်လာကြောင်း သိရသည်။ရွှေတိဂုံဘုရားမြင်ကွင်းလမ်း ကြောင်း ဦးဝိစာရလမ်း၌ ၂၅ ထပ်အမြင့် အဆောက်အအုံ ဆောက်လုပ်လိုခြင်းနှင့် မြေချန်ဆောက်လုပ် ရန်လိုသည်ကို ၎င်းတို့မြေနှင့် မကိုက်ညီခြင်းတို့ကြောင့် လုပ်ငန်းရှင်များ ဘက်က ပယ်ဖျက်သွား ခြင်းများရှိသည်ဟု ဦးရီဝင်းက ပြောသည်။

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် လိုအပ်သော စည်းကမ်းချက်များ၌ မြေကွက်ပိုင်ဆိုင် မှု မှန်ကန်ခြင်း၊ မြေကွက်အတိုင်း အတာ မှန်ကန်ခြင်း၊ မြေယာအမှု ကင်းရှင်းရန် လိုအပ်ခြင်း၊ စည်းကမ်းနှင့် အညီ မြေချန် များထားရှိရန် လိုအပ်ခြင်း၊ လေနှင့် အလင်းရောင်ရရှိရန် လိုအပ်ခြင်း၊ အမှိုက်စွန့်ပစ်မှု၊ မိလ္လာစွန့်ပစ်မှု အတွက် လုံလောက်သော စနစ်ရှိခြင်း၊ ရေနုတ် မြောင်းများ လုံလောက်စွာရှိခြင်းနှင့် အထပ်မြင့် များဖြစ်၍ နေထိုင်သူများ အား သောက်သုံးရေပေးဝေနိုင်ရေးစီမံကိန်း များ ပါဝင်သည်ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်စည်ပင် မှ အထပ်မြင့်အဆောက်အအုံများအား သောက် သုံးရေ ပေးဝေနိုင်ခြင်း မရှိရာ တည်ဆောက်သူများဘက်မှသာ စီစဉ် ဆောင်ရွက်ရသည်ဟု သိရသည်။

”လုပ်လုပ်လုပ်လို့ ပြောတယ်။ ပြီး တော့ ဇက်ကြိုးဆွဲထားတယ်။ ကျွန် တော် တို့က ဘာလုပ်ရမှာလဲ။ ဆောက် ပါ ဆောက်ပါ ပြီးတော့ခွင့်မပြုဘူးလို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်” ဟု စည်းကမ်းချက်များနှင့် ပတ်သက်၍ ကြားသိရသောသတင်းစကားကို ဦးရီဝင်း က ပြောပြသည်။ စည်းကမ်းသတ် မှတ်ချက် များ ကြောင့် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးသွားရန်ကို မလိုသော်လည်း စိစစ်ခွင့်ပြုအားနည်း၍ ရန်ကုန်မြို့၏ အနှစ်သာရ ပျက်စီးသွားမည်ကိုလည်း စိုးရိမ်သည်ဟု ဦးရီဝင်းက ဆက်ပြော သည်။

အထပ်မြင့်ဆောက်လုပ်ပါကမြေချန် ရမည့် စည်းကမ်းချက်၌ မြို့တွင်း ခြောက်မြို့နယ်ဖြစ်ပါက အရှေ့ ၃ ပေ၊ ဘေးနှစ်ဖက် ၃ ပေစီနှ င့် နောက်ဘက် တွင် နောက်ဖေးလမ်းကြားရှိပါက ၃ ပေ ချန်၍ မရှိပါက ၆ ပေချန်ရမည် ဖြစ် ကြောင်း၊ မြို့တွင်းပြင်ပနှင့် ရွှေတိဂုံ ကန့် သတ်ဇုန်တွင်မူ အရှေ့ပေ ၂ဝ၊ ဘေး ၃ ပေစီနှင့် အနောက် ၆ ပေချန်ရန်လိုပြီး ကျန်လမ်းမကြီးနှင့် လမ်းသွယ်များ၌မူ အရှေ့ ၁၂ ပေ၊ ဘေး ၃ပေစီနှင့် နောက် ဘက် ၆ ပေစီချန်ရန်လိုအပ်သည်။

ယင်းအပြင် မြေ အကျယ် ပေ ၅ဝ နှင့်အထက်ရှိမှာသာ ၁၂ ထပ်နှင့် အ ထက် အဆောက်အအုံများကို ဆောက် လုပ်ခွင့်ပြုပြီး ဆိတ်ငြိမ်နေရာများတွင်မူ ၄ ထပ်ခွဲအထိသာ ခွင့်ပြုကြောင်း၊ ရွှေတိဂုံဘုရား ကန့်သတ်မြေအတွင်း ဖြစ် ပါက ဟိုတယ်တည်ဆောက်လျှင် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၉ဝ မကျော်ရဘဲ သာမန် အဆောက် အအုံဖြစ်လျှင် ၇၈ ပေအထိသာ ခွင့်ပြု ကြောင်း ရွှေတိဂုံကန့်သတ်ဧရိယာပြင်ပ ဖြစ်ပါက ၄၁၇ ပေ အထိခွင့်ပြုထား ကြောင်း သိရသည်။

ယင်းအပြင် အထပ်မြင့်အဆောက် အအုံတည်ဆောက်ရာတွင် လေကြောင်း လိုင်းအတွင်း ကျရောက်ပါ က လေ ကြောင်းဦးစီး၏ ထောက်ခံချက်လိုပြီး လေကြောင်းဦးစီးက ပေ ၂ဝဝ ထက် ကျော်ပါက ခွင့်မပြုကြောင်း သိရသည်။ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရန်အတွက် ဘေးပတ်ဝန်း ကျင် နေအိမ်များမှ လည်း ထောက်ခံရန် လိုအပ်ပြီး ထောက်ခံမှုတွင် အရှေ့ ၃ အိမ်၊ အနောက် ၃ အိမ်နှင့် ဘေး ၂ အိမ်စီ ထောက်ခံရမည်ဟု သိရသည်။

”တချို့က ၁ဝ အိမ်တော့ ကောက် လာတယ်။ ဟိုအဝေးကြီးက ဖြစ်နေတာ မျိုးတွေရှိတယ်။ အဲဒါတွေမရဘူး”ဟု ဦးရီဝင်းက ဆိုသည်။ ယခင် က ဘေးအိမ်များ ထောက်ခံချက်မတောင်းခံမိ၍ အဆောက် အအုံ ဆောက် လုပ်ရန် ခွင့်ပြုပြီးမှ ဘေးအိမ် များမှ ကန့်ကွက်ခဲ့သည်များ ကြုံကြိုက်ခဲ့ ဖူးကြောင်း၊ ယင်းအခြေအနေမျိုး တွင် ဖြေရှင်းရခက်ခဲ သဖြင့် ဘေး အိမ်များ၏ ထောက်ခံချက်တောင်းခံခြင်းဖြစ်သည် ဟု ၎င်းထံမှ သိရသည်။

Credit: Popular Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service