မင်းဓမ္မပတ်ဝန်းကျင်မြေဧရိယာ ၃၆. ၅ ဧကခန့် ဒုတိယစီးပွားရေးဗဟိုအဖြစ် အကောင်အထည်ဖော်ရန်

မင်းဓမ္မပတ်ဝန်းကျင်မြေဧရိယာ ၃၆. ၅ ဧကခန့် ဒုတိယစီးပွားရေးဗဟိုအဖြစ် အကောင်အထည်ဖော်ရန် - Property News in Myanmar from iMyanmarHouse.com
9 Nov 2013 3:33 pm တွင် တင်ခဲ့သည်
344 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး ဗဟိုချက်မ (Central Business District)အဖြစ် အကောင်အထည်ဖော် ရန်အတွက် မင်းဓမ္မပတ်ဝန်းကျင်ရှိ မြေဧရိယာ ၃၆. ၅ ဧကခန့် အသုံးပြုရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ ဖွံ့ ဖြိုးရေးနှင့် မြေစီမံခန့်ခွဲမှုဌာန မှ သတင်းရရှိသည်။

“လောလောဆယ်တော့ ဧရိယာ ဘယ်လောက် လုပ်မယ်ဆိုတာ မသိရသေးဘူး၊ မင်းဓမ္မဧရိယာတစ်ဝိုက်မှာ ၀ိတိုရိယဆေးရုံကို ဖယ်လိုက်ရင် စည်ပင်ပိုင်မြေ ၃၆. ၅ ဧက ခွဲလောက်ရှိတယ်၊ ကာကွယ်ရေးမြေ နဲ့ အများပြည်သူ နေနေတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး လတ်တလောမှာ ညှိနှိုင်းမှုတွေ ဆောင်ရွက်နေဆဲဖြစ်ပါတယ်”ဟု အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မင်းဓမ္မပန်းကွင်းနှင့် ဆက်စပ်မြေများသည် မရမ်းကုန်းမြို့နယ်အတွင်း တည်ရှိပြီး ရန်ကုန်မြို့သို့ မြောက်ဘက်မှ လာရာလမ်းကြောင်းနှင့် အနီးဆုံးနေရာတွင် တည်ရှိ၍ အချက်အချာကျသည့် နေရာဖြစ်သောကြောင့် ရန်ကုန်မြို့၏ ဒုတိယ စီးပွားရေး ဗဟိုအချက်အချာနေရာ အဖြစ် ဆောင်ရွက်ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့ကို မြောက်ဘက် ကလာရင် မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ ပဲခူးဘက်က လာလည်း မင်းဓမ္မကို ရောက်တယ်၊ လေဆိပ်နဲ့လည်း နီးတော့ နိုင်ငံခြားသားတွေ စိတ်ဝင်စားကြတယ်၊ အဲဒီလိုနေရာမှာ ဟိုတယ်တွေ၊ Apartmenrt တွေ၊ ရုံးခန်းတွေ တည်ဆောက်သွားမယ်ဆိုရင် ဖွံ့ဖြိုးမှုနဲ့ အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်”ဟု ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်၏ လက်ရှိ CBD ခေါ် စီးပွားရေး ဗဟိုအချက်အချာနေရာဖြစ်သည့် မြို့လယ် ခြောက် မြို့နယ်တွင် မြို့ပတ် ဆင်ခြေဖုံးရပ် ကွက်များမှ နေ့စဉ် လာရောက် အလုပ်လုပ်ကိုင်သည့် လူဦးရေမှာ ရန်ကုန်မြို့ ပြ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး တစ်နေရာတည်းသို့ စုပြုံ ၀င်ရောက်ခြင်းကြောင့် သယ်ယူပို့ ဆောင်ရေး အခက်အခဲ၊ ရုံခန်းနေထိုင်ရာ နေရာအခက်အခဲများ ကြုံတွေ့နေရသည်။

အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် ဒုတိယစီးပွားရေး ဗဟိုအချက်အချာကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း စုံစမ်းသိရှိရသည်။

Credit: Myanmar Property Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...

မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်

မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service