အမေရိကန် လုပ်ငန်းရှင်များ ရန်ကုန်၊ ပြင်ဦးလွင်နှင့် ပုဂံဒေသများကို စိတ်ဝင်စားနေ

အမေရိကန် လုပ်ငန်းရှင်များ ရန်ကုန်၊ ပြင်ဦးလွင်နှင့် ပုဂံဒေသများကို စိတ်ဝင်စားနေ - Property News in Myanmar from iMyanmarHouse.com
8 Nov 2013 4:41 pm တွင် တင်ခဲ့သည်
927 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီး ရန်ကုန်၊ ပြင်ဦးလွင်နှင့် ပုဂံကဲ့သို့ ဒေသများကို စိတ်ဝင်စားနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနထံမှ သတင်းရရှိသည်။

အမေရိကန် အထက်လွှတ်တော် အမတ်ဟောင်း Mr. Jim Webb နှင့် Brownstone Furniture မှ Mr. Christopher Kingsley တို့သည် သြဂုတ် ၇ ရက်က ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ ဒသမ ၀၆ သန်းခန့် ၀င်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၃၀ ခန့် တိုးတက်ခဲ့ကြောင်း သိရပြီး အမေရိကန် လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရာတွင် တစ်ဦးတည်းပိုင် သို့မဟုတ် အကျိုးတူ ဖက်စပ် ရင်းနှီးမြှုပ်နှံလိုကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ ဒသမ ၅ သန်းခန့် ၀င်ရောက်မည်ဟု ခန့်မှန်းထားပြီး ဟိုတယ် ၈၂၆ လုံးတွင် အခန်း ၃၀၀၀၀ နီးပါး ဖွင့်လှစ်ရန် ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ထို့အတူ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင် ၁၁၀၂ ခု၊ ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် ၁၉၀ နှင့် ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် ၃၃၄၁ ခုကိုလည်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ချထားပေးရာတွင် ခရီးသွားများ အဓိကသွားလာမှုများသော နေရာဒေသများကို ဦးစားပေး ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ခရီးသွား ၀င်ရောက်မှု အများဆုံး ရန်ကုန်မြို့တွင် ဟိုတယ်အလုံး ၂၁၀ -အခန်း ၉၁၆၃ ခန်း၊ မန္တလေးမြို့တွင် ဟိုတယ် ၈၃ လုံး-အခန်း ၃၅၂၂ ခန်း၊ နေပြည်တော်ဒေသတွင် ဟိုတယ်အလုံး ၄၀ -အခန်း ၂၅၃၇ ခန်း၊ ပုဂံ ညောင်ဦးမြို့တွင် ဟိုတယ် ၇၆လုံး-အခန်း ၂၃၃၁ ခန်း၊ တောင်ကြီးအင်းလေးတွင် ဟိုတယ် ၆၁ လုံး -အခန်း ၁၇၁၈ ခန်းအထိ ဖွင့်လှစ်ရန် ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်အထိ မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၈၃ ဒသမ ၃၄ ဘီလျံကျော် အထိ ရှိလာကြောင်း သိရသည်။ ထို့အတူ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် နိုင်ငံခြားဟိုတယ် ၄၇ ခုရှိပြီး အမေရိကန်ဒေါ်လာ ၁၅၈၅ ဒသမ ၈၁၁ သန်း ရင်းနှီးမြှုပ်နှံထားကာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃ ဒသမ ၆၉ ရာခိုင်နှုန်းရှိကြောင်း သတင်းရရှိသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...

မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်

မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service