ဆောက်လုပ်ရေးကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၈ သန်းနီးပါး ရှိ

ဆောက်လုပ်ရေးကဏ္ဍ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၈ သန်းနီးပါး ရှိ - Property News in Myanmar from iMyanmarHouse.com
7 Nov 2013 5:17 pm တွင် တင်ခဲ့သည်
834 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး ကဏ္ဍ၌ ၂၀၁၃ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါး ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၌ ပြည်ပမှ ဆောက်လုပ်ရေး အင်ဂျင်နီယာများကို နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖြစ် အလုပ်ခေါ်ယူမှုများ ရှိနေသကဲ့သို့ ပြည်ပပညာရှင်များက ၀င်ရောက်လုပ်ကိုင်မှုများ ရှိနေကြောင်း သိရသည်။

''ရန်ကုန်က ဆောက်လုပ်ရေး လုပ်ငန်းခွင် တော်တော်များများမှာ နိုင်ငံခြားသား ပညာရှင်တွေနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက် နေကြတယ်။ အခုနောက်ပိုင်းဆို နိုင်ငံခြားသား ပညာရှင်တွေငှားပြီး အလုပ်လုပ် ကြတယ်။ အလုပ်ခန့်ထား လာကြတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းမှာ ကိုရီးယားက ဆောက်လုပ်ရေး အင်ဂျင်နီယာ တစ်ယောက်ကို ငှားထားပြီ။ မကြာခင်မှာ ရောက်လာတော့မှာပါ'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားသည်။

လက်ရှိကာလသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများမှ စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

''နိုင်ငံတကာကလည်း မြန်မာနိုင်ငံမှာ အလားအလာကောင်းတွေ ရှိနေတယ်ဆိုပြီး စိတ်ဝင်စားနေကြတယ်။ လက်ရှိတည်ဆောက်နေဆဲ ဧရာဝဏ်နဲ့ ရတနာမှာတောင် နိုင်ငံခြားက နည်းပညာတွေ ပါဝင်လာပြီ။ နောက်ထပ်လည်း အထပ်မြင့် အဆောက်အအုံတွေ၊ တခြားဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့တွေရှိတယ်။ ဒီအခြေအနေတွေအရ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကနေ လုပ်သားသောင်းဂဏန်းအထိ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌဦးသာဌေးက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ရန်ကုန်မြို့၌ ဟိုတယ်တည်ဆောက်ရေး၊ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ စသည့် ဆောက်လုပ်ရေး လုပ်ငန်းများ၌ နည်းပညာ ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဂျပန်၊ ဗီယက်နမ်စသည့် နိုင်ငံများနှင့် မကြာမီ MoU ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသာဌေးက ပြောကြားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယားစသည့် နိုင်ငံများမှ အများဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရသည်။

Credit: EMG

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...

မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်

မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service