စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဈေးများတက်

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဈေးများတက် - Property News in Myanmar from iMyanmarHouse.com
7 Nov 2013 4:47 pm တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် အဆုံးနှင့်မကွေးတိုင်းဒေသကြီး အစ ဂန့်ဂေါခရိုင်အ၀င်ရှိ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းဆုံရာ နယ်နိမိတ်ဒေသတွင် အိမ်၊ ခြံ၊ မြေ ဈေးများ တစ်ဟုန်ထိုးတက်နေကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

"စစ်ကိုင်းတိုင်းအဆုံး မကွေးတိုင်းအစပေါ့၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာမှာ အိမ်၊ ခြံ၊ မြေ ဈေးတွေ တစ်ဟုန်ထိုး တက်နေပါတယ်၊ သုံးနှစ်အတွင်းကို နှစ်ဆလောက် တက်တယ်၊ အရင်က ကလေး-ဂန့်ဂေါ ကားလမ်းဘေးမှာ တစ်ပေကို ငါးသောင်းလောက်ပဲရှိတဲ့ဟာ အခု ၂၀၁၃မှာဆိုရင် တစ်ပေတစ်သိန်းနီးပါးလောက် ဈေးတက်နေတယ်၊ လယ်မြေတွေဆိုလည်း တစ်ဧကို အရင်က ၁၀ သိန်းလောက် ပေါက်တဲ့ဟာ အခုဆိုရင် တစ်ဧကကို ၂၅ သိန်း ၊ သိန်းသုံးဆယ်ဟာ အနည်းဆုံးပဲ"ဟုကလေး-ဂန့်ဂေါခရီးသွား ဦးညီညီဇော်က ပြောကြားသည်။

ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ ကျေးရွာသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီး နယ်နိမိတ်ဆုံရာ တွင်တည်ရှိပြီး ကားလမ်းများ ကောင်းမွန်လာခြင်း၊ ရထားလမ်းနှင့်ရထား ဘူတာရှိခြင်း၊ အာဆီယံအဆင့်မီတိုက် နယ်ဆေးရုံ ရှိနေခြင်းတို့ကြောင့် ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာရှိ အိမ်၊ ခြံ၊ မြေဈေးမှာ တစ်ဟုန်ထိုး တက်လာရခြင်းဖြစ်ပြီး မျောက်ခင်ရန်း၊ မွေ့လည်စသည့် ကျေးရွာအုပ် စုကြီးများပါ ဈေးအနည်းငယ်တက် လာသည်။

"ဟံသာဝတီကျေးရွာမှာ ကလေး -ဂန့်ဂေါ ကားလမ်းဘေးကို အလျားပေ ၉၀၊ အနံ တစ်ပေခွဲရှိမယ်ဆိုရင် တစ်ပေခွဲကို တစ်သိန်း ဈေးပေါက်တယ်၊ ကျွန်တော်တို့ရွာမှာ ရပ်ကွက်ရှစ်ခုရှိတဲ့ထဲမှာ အမှတ်၂ ရယ်၊ အမှတ် ၄ ရယ်၊ အမှတ်၅ရယက ကားလမ်းဘေးကျတော့ မြေဈေးလည်းကောင်းတယ၊် အမှတ် ၈ ရပ်ကွက်ဘက်ကတော့ ရွာရဲ့အစွန်ဆိုတော့ ပေခြောက်ဆယ် ပတ်လည်ရှိတဲ့ မြေကွက်ဆိုရင် ၁၀ သိန်းလောက် ဈေးပေါက်တယ်"ဟု ဟံသာဝတီကျေး ရွာမှ ဦးကျော်ဝင်းက ပြောကြားသည်။

ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာတွင် ၀ပ်ရှော့များ၊ ကားရေဆေး လုပ်ငန်းများ၊ ထမင်းဆိုင်များဖြင့် စည်ကားလျက်ရှိပြီး အိမ်ခြေပေါင်း ၁,၂၉၁ အိမ်ရှိကြောင်း သိရသည်။

Credit: Myanmar Property Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...

မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်

မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service