တန်ဖိုးနည်းအိမ်ရာများ ဝင်ငွေ နည်းပြည်သူများနှင့် အလှမ်းဝေးကွာနေဦးမည်

တန်ဖိုးနည်းအိမ်ရာများ ဝင်ငွေ နည်းပြည်သူများနှင့် အလှမ်းဝေးကွာနေဦးမည် - Property News in Myanmar from iMyanmarHouse.com
7 Nov 2013 4:40 pm တွင် တင်ခဲ့သည်
805 ကြိမ် ကြည့်ရှု့ပြီး
ဈေးကွက်အနေအထားနှင့် အကျိုးအမြတ် ချိန်ဆနေရမှုများကြောင့် ၀င်ငွေနည်း ပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာများနှင့် လက်လှမ်းဝေးကွာနေဦးမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

တန်ဖိုးနည်း အိမ်ရာများသည် ၀င်ငွေနည်း ပြည်သူများ၏ အဓိက နေထိုင်ရာနေရာများထက် ၎င်းင်းတို့၏အလုပ်အကိုင်အခွင့်အလမ်းနှင့် နီးစပ်သည့်နေရာများသာ ဖြစ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ လှိုင်သာယာစက်မှုဇုန်မှ ဦးသောင်းဝင်းက သုံးသပ်သည်။

"တန်ဖိုးနည်း အိမ်ရာတွေကို အဓိကအားဖြင့်တော့ ၀င်ငွေနည်း မိသားစုတွေ၊ လုပ်သားတွေရဲ့အဓိက အသက်မွေးဝမ်းကျောင်းရာဒေသတွေဖြစ်တဲ့ စက်မှုဇုန်တွေနဲ့ နီးနီး ကပ်ကပ်၊ ဒါမှမဟုတ်ရင် ရန်ကုန်မြို့ လယ်ကို အချိန်တိုအတွင်း အလွယ်တကူသွားနိုင်တဲ့ နေရာတွေမှာ တည်ဆောက်သင့်ပါတယ်၊ ဒါပေမဲ့ ဒီနေရာ တွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုကတော့ ခေါင်ခိုက် နေတဲ့မြေဈေးပါပဲ" ဟု ဦးသောင်းဝင်း က ဆိုသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာအောင်နိုင်ဦးက ရင်းနှီးမြှုပ်နှံမှုမှ ရရှိလာနိုင်သော အကျိုးအမြတ်နှင့် ၀ယ်ယူနိုင်မည့် ၀ယ်လိုအားကို မှန်းဆရခက်ခဲမှု သည် တန်ဖိုးနည်းအိမ်ရာများအတွက် အရေးကြီးသော အဖြေတစ်ရပ်ဟု ဆိုသည်။

"၀င်ငွေနည်းပါးတယ်ဆိုတဲ့ မိသားစုတွေအတွက် အနိမ့်ဆုံးတိုက်ခန်းရဲ့ဈေးနှုန်းဟာ ဘယ်လောက် ဖြစ်သင့်သလဲ၊ ဘယ်လိုအဖွဲ့အစည်းတွေက သူတို့ကို ကူညီထောက်ပံ့ပြီးတော့ နှစ်ရှည် ချေးငွေတွေ ထုတ်ပေးမလဲ၊ နောက်တစ်ခုက ဆောက်လုပ်ရေးပစ္စည်းတွေရဲ့ စရိတ်ကြီးမြင့်နေမှုနဲ့ မြေဈေး ခေါင်ခိုက်မှုကြောင့် ဆောက်လုပ်မှုကုန်ကျစရိတ်ကို ဘယ်လိုနည်းနဲ့ လျော့ကျအောင် လုပ်မလဲ၊ အစိုးရရဲ့ အကူအညီတွေ လိုတယ်ဗျာ၊ မြေအလကားပေးရမယ်၊ ဆောက်လုပ်ရေး ပစ္စည်းတချို့ကို အလကားပေးမယ်ဆိုရင်တော့ တကယ်ကို တန်ဖိုးနည်းသွားမှာပဲ"ဟု ဒေါက်တာအောင်နိုင်ဦးက သုံး သပ်သည်။

"ကျွန်တော့် အမြင်ကတော့ အစိုးရရဲ့အထောက်အပံ့အကူအညီတွေ မပါဘဲနဲ့တော့ ပြည်သူ့အိမ်ရာတွေ ဖြစ်မလာနိုင်ဘူး၊ ကျွန်တော်တို့ ရန်ကုန်မှာ မြေလွတ်တွေ အများကြီး ရှိသေးတယ်၊ မင်္ဂလာဒုံလို တောင်ဒဂုံ မြောက်ဒဂုံ၊ သန်လျင်၊ ဒလ စသဖြင့်ပေါ့လေ၊ အစိုးရက ငွေကုန်ကြေးကျ ခံ ရင်းနှီးမြှုပ်နှံတည်ဆောက်ထားပေး မှ အဆင်ပြေလိမ့်မယ်၊ ပြီးတော့မှ နှစ်ရှည်ငွေဖြတ်စနစ်နဲ့ နေနိုင်မယ့် ၀င်ငွေနည်း မိသားစုတွေကို ရွေးထုတ် နေရာပေးရမယ်၊ နိုင်ငံ့ဝန်ထမ်းတွေ ကို ဦးစားပေးထားမလား ကုမ္ပဏီကြီးတွေက ထောက်ခံပေးနိုင်တဲ့ ကုမ္ပဏီ ၀န်ထမ်းတွေကို ဦးစားပေးထားမလား၊ သာမန်ပျံကျဈေးသည်တွေရော၊ အဲဒီလူတွေမှာလည်း ထောက်ခံပေးနိုင်မယ့် အလုပ်သမားအဖွဲ့အစည်းလိုဟာမျိုး ရှိရမယ်၊ လူမှုဖူလုံရေးလိုဟာမျိုးမှာ ပါဝင်နေတဲ့သူ တွေလည်း ဖြစ်မယ်ဆိုရင် သူတို့ကို ထောက်ခံပေးနိုင်တဲ့ အဖွဲ့အစည်း ရှိရင် နေထိုင်နိုင်အောင် စီစဉ်ပေးတာမျိုး လုပ်တန် လုပ်ရလိမ့်မယ်" ဟု တရားလွှတ်တော် ရှေ့နေကြီး ဦး အောင်ခိုင်က ပြောသည်။

"လက်ရှိ တန်ဖိုးနည်းဆိုတာ တွေကအနိမ့်ဆုံးကျပ်သိန်း တစ်ရာနဲ့ သိန်း ၁၅၀ ရှိတယ်ဗျာ၊ ပထမအရစ် ကျပ်သိန်းသုံးဆယ်ဆိုတော့ မဆိုးဘူးပေါ့၊ ဒါပေမဲ့ ၂ နှစ်အတွင်း အပြီးသွင်းဆိုတော့ မစွံပါဘူးဗျာ၊ နှစ် သုံး ဆယ်အရစ်ကျစနစ်နဲ့ သွားမယ်ဆိုတဲ့ဟာလည်း ကြားတယ်၊ ဒါပေမဲ့ ကျပ်သိန်းတစ်ရာအောက်မှာ စိတ် ကူးယဉ်လို့ ကောင်းနေတဲ့ ဒီနေ့ ကား ဈေးကွက်လောက် ရင်မခုန်ကြဘူး"ဟု လှိုင်သာယာမြို့နယ်နေ ကိုခင် မောင် ဦးက ဆိုသည်။

လက်ရှိတွင် ပြည်သူ့အိမ်ရာကဲ့သို့ ၀င်ငွေနည်းပြည်သူများ မျှော်လင့်ချက်ထားနိုင်မည့် တန်ဖိုးနည်း အိမ်ရာများ ဖြစ်မလာနိုင်သေးသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တန်ဖိုးမျှတ အိမ်ရာများကို အကောင်အထည် ဖော်လျက်ရှိရာ ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ်တွင် လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် တွင် လည်းကောင်း၊ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် Father Land ဆောက်လုပ်ရေးက သာကေတနှင့် သန်လျင်မြို့နယ်တို့တွင် လည်းကောင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Credit: Myanmar Property Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service