လူဦးရေနည်းသည့် မြို့နယ်များတွင် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်မည်

လူဦးရေနည်းသည့် မြို့နယ်များတွင် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
7 Nov 2013 4:36 pm တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း ထပ်မံတည်ဆောက်သွားမည့် အိမ်ရာစီမံကိန်းများကို လူဦးရေ နည်းပါးသော မြို့နယ်များတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း 'ရန်ကုန်မြို့ပြ မဟာဗျူဟာစီမံကိန်းရေး ဆွဲရေးအဖွဲ့'မှ သတင်းရရှိသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်အတွင်း မြို့ ပြဧရိယာ သိပ်သည်းမှု များသောကြောင့် မြို့ပြချဲ့ထွင်သည့် အနေဖြင့် ဒုတိယ စီးပွားရေးဗဟိုချက်မ နေရာများအား အကောင်အထည်ဖော်လျက်ရှိနေပြီး အလားတူ လူဦးရေနှင့် အိမ်ခြေနည်းသော မြို့နယ်များ၌ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများနှင့် သီးခြား အိမ်ရာစီမံကိန်းများအား တည်ဆောက်သွားရန် စီစဉ်ရေးဆွဲနေကြောင်း သိရသည်။

"စီမံကိန်း ရေးဆွဲတဲ့အခါမှာ မြို့ပြ ဖွံ့ဖြိုးမှု ဖြန့်ထုတ်လို့ရတဲ့ နေရာကို သေချာရွေးရတယ်၊ အိမ်ရာစီမံကိန်းတွေက မြို့တွင်း အချက်အချာနေရာတွေထက် လူနည်းပြီး ဖွံ့ဖြိုးမှု အားနည်းတဲ့ နေရာတွေမှာ ဆောက်တာက ပိုကောင်းတယ်၊ ရန်ကုန်မြို့တော် အတွင်းမှာရှိတဲ့ မြို့နယ်အားလုံး တစ်ပြိုင်နက် ဖွံ့ဖြိုးသွားတာပေါ့"ဟု မြို့ပြ ကျွမ်းကျင်မှုပညာရှင် ဒေါက်တာ ကျော်လတ်က ပြောသည်။

ယင်းသို့ စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် ဂျပန်နိုင်ငံ JICA အဖွဲ့မှလည်း ရန်ကုန်မြို့တော် အတွင်းရှိ မြို့နယ်များ၌ အိမ်ထောင် စုစာရင်းများ၊ အိမ်ခြေအရေအတွက်များအား လိုက်လံစစ်တမ်းကောက်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ရန်ကုန်မြို့တော်အတွင်း နှစ်စဉ် အိမ်ရာ လိုအပ်ချက် မြင့်တက်လျက်ရှိသောကြောင့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများ လိုအပ်လျက်ရှိကြောင်း မြို့ပြကျွမ်းကျင်မှုပညာရှင်များက သုံးသပ် ပြောကြားသည်။

Credit: Myanmar Property Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...

မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်

မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service