မြေဈေး မြင့်တက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်း မှုတို့ကြောင့် ငွေဖောင်း ပွမှု မြင့်တက်လာနိုင်

မြေဈေး မြင့်တက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်း မှုတို့ကြောင့် ငွေဖောင်း ပွမှု မြင့်တက်လာနိုင် - Property News in Myanmar from iMyanmarHouse.com
6 Nov 2013 1:35 pm တွင် တင်ခဲ့သည်
1433 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သောလများအတွင်း ဈေးကစားမှုများ နှင့် ကောလာဟလ သတင်းများ ကြောင့် သက်ဆိုင်ရာနေရာများ အ လိုက် မြေဈေးနှုန်းများ သုံးဆခန့် မြင့်တက်သွား ပြီး မြန်မာကျပ်ငွေတန်ဖိုး မှာလည်း ၁ဝ ရာခိုင်နှုန်းခန့် ကျဆင်း လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်များက သတိပေး ပြောဆိုလာ ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ကဏ္ဍအတော်များ များသည် သွင်းကုန်ကိုတည်မှီနေရ ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကျဆင်း လာသောအခါ စိုက်ပျိုးရေးသွင်းကုန်များ ဖြစ်သည့် ဓာတ်မြေသြဇာ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဒီဇယ်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများအပါ အဝင် စားသောက်ကုန်ပစ္စည်းဈေးနှုန်း များလည်း မြင့်တက်လာနိုင်ခြင်းကြောင့် နေထိုင်မှုစားရိတ်များပါ မြင့်တက်လာ နိုင်ကြောင်း ၄င်းတို့က ပြောသည်။

လွန်ခဲ့သောသုံးလခန့်က တံတားဆောက်ရန်၊ စက်မှုဇုန်အသစ်ဖော်ထုတ်ရန် စသည့်စီမံကိန်းအပါအဝင် ကောလာဟလများကြောင့် ဒလမြို့ နယ်တွင်းရှိမြေကွက်ဈေးများမှာ ကျပ်သိန်း ၁ဝဝ မှ ၃ဝဝ အထိ မြင့်တက်သွား ခဲ့ရာ အဆိုပါ အခြေအနေမှာ ရင်းနှီးမြှုပ်နှံသူများ၏ ဈေးကစားမှုအပေါ် တွင်သာ အခြေခံနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

အထူးသဖြင့် အမြတ်အစွန်း တင်ပြီး ပြန်လည်ရောင်းချရန် ရည်ရွယ်သော ဘဏ်လုပ်ငန်းများမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံသူများ၊ နယ်စပ်ဒေသတွင်နေထိုင်သော တရုတ်လူမျိုး များက နိုင်ငံသား သားကတ်ပြကာ သို့မဟုတ် ၄င်းတို့၏ အမည်ပေါက်များဖြင့် ဝယ်ယူလျက်ရှိသော ကြောင့် မြေဈေးများလျင်မြန်စွာမြ င့်တက်လာရခြင်း ဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

မြန်မာ့စီးပွားရေးကျွမ်းကျင်သူ သြစတြေးလျ ကွာရီတက္ကသိုလ်မှ တွဲဖက်ပါ မောက္ခ ဒေါက်တာရှောင်တာနဲလ် က ငွေကြေးဖောင်းပွမှု အခြေအနေထို့ ထက် မြင့်မားသွားပါက လက်ရှိ ဖြစ်ပေါ် နေသော တစ်နှစ်လျှင် ခြောက်ရာခိုင်နှုန်း မြင့်တက်လျက်ရှိသည့် လူသုံး ကုန်ပစ္စည်းတန်ဖိုး ပိုမိုမြင့်တက်သွား နိုင်ကြောင်း ပြောသည်။ ငွေလဲနှုန်းဈေးနှုန်း မြင့်တက်လာမှု မှာလည်း ကျပ်ငွေဖော င်းပွစေသည့်အကြောင်း တစ်ရပ်ဖြစ်ကြောင်း ၄င်းက ပြောသည်။

စီးပွားရေးပညာ လေ့လာလျက်ရှိသူ ဦးခိုင်ထွန်းကလည်း သွင်းကုန်ကိုမှီခိုအား ထားနေရသော မြန်မာနိုင်ငံအနေ နှင့် ငွေလဲနှုန်းမြင့်တက်မှုမှာ ငွေကြေး ဖောင်းပွမှုနှင့် များစွာ ဆက်စပ်နေကြောင်း ပြောသည်။ ၄င်းက မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို အိမ်ခြံမြေ နှင့် ရွှေဈေးများကိုပါ ထည့်သွင်း တွက်ချက်မည်ဆိုပါက အိမ်ခြံမြေဈေး က ငွေဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ရွှေဈေးမှာမူ ငွေကြေးကျုံ့ဝင်မှုကို ဖြစ်စေ ကြောင်း ပြောသည်။

ဇန်နဝါရီလအတွင်းက ကမ္ဘာ့ရွှေ ဈေး တစ်ဒေါ်လာလျှင် ၁,၂၄ဝ အထိ ၂၇ ရာခိုင်နှုန်းကျော် ကျဆင်းလာခဲ့သော်လည်း မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သား လျှင် ကျပ် ၆၈ဝ,ဝဝဝ အထိ ၁၁ ရာခိုင်နှုန်းခန့်သာ ကျဆင်းခဲ့သည်။ ထို သို့ဖြစ်ရခြင်းမှာ ယခုနှစ်ဆန်းပိုင်းမှစတင်၍ ဒေါ်လာဈေးတရိပ်ရိပ်မြင့်တက် လာမှုကြောင့် ထင်သလောက်ဈေး မကျခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက သုံးသပ်သည်။

''ငွေကြေးဖောင်းပွမှုကို ကုန်စည်အမျိုးး မျိုးရဲ့ဈေးနှုန်းတွေယူပြီး တွက်ချ က်ရတဲ့အတွက် အဲဒီကုန်စည်တွေ ရဲ့ဈေးအတက်အကျပေါ် မူတည်ပြီး ပြောင်းလဲမှာပါ။ကုန်စည်တချို့က ဈေးတက်ပြီး တချို့ကဈေးကျခဲ့ရင် ငွေကြေးဖောင်းပွမှုနှုန်းကလည်း သိသိသာ သာပြောင်းလဲစရာမရှိပါဘူး။ အဲဒီအခြေ အနေမှာတော့ ငွေဖောင်းပွမှုနိမ့်ပေမယ့် ဈေးနှုန်းတည်ငြိမ် တယ်လို့ ပြောလို့ မရပါဘူး။ အစိုးရရဲ့တရားဝင်စာရ င်းအရကတော့ ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ အထွေထွေဈေးနှုန်း တွေ အနည်းငယ်ကျခဲ့ပြီး မတ်လမှာ ပြန်တက်လာပါတယ်။ အရင်ကထက် ဝ ဒသမ ၁၄ ရာခိုင်နှုန်းတက်ခဲ့တယ်လို့ ဖော်ပြပါတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်းကို စားသုံးသူဈေးဆနှုန်းကိန်းနှင့်တိုင်း တာသည့်အနက် အိမ်ငှားစရိတ်နှင့် လောင်စာဆီစရိတ်များမှာ ဈေးအတက် ဆုံးဖြစ်နိုင်ကြောင်း ၄င်းက ပြောသည်။

ရန်ကုန်မြို့လယ်ကောင် တိုက်ခန်း အငှားစရိတ်မှာ ခြောက်လတစ်ကြိမ် ၁ဝ ရာခိုင်နှုန်း မြင့်တက်လျက်ရှိပြီး တင် သွင်းဒီဇယ်နှင့် အောက်တိန်းဆီများမှာ မူ ဒေါ်လာဈေးဆက်လက် မြင့်တက်လာ လျှင် ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ခန့်မှန်းသည်။

သို့သော် ယခုအခြေအနေသည် လွန်ခဲ့သောနှစ်၂ဝ ကျော်အတွင်းအစိုးရ၏ အသုံးစရိတ် အများစုကို ငွေစက္ကူအသစ် ရိုက်ထုတ်ပြီး ဘဏ္ဍာငွေရှာဖွေခဲ့ စဉ်က ဖြစ်ပေါ်ခဲ့သော ၂ဝ ရာခိုင်နှုန်း နှင့် အထက် ငွေကြေးဖောင်းပွမှု လောက် အခြေအနေ မဆိုးသေးပေ။

''အစိုးရသစ်ပြောင်းလဲခါနီးအချိန်မှာ ငွေစက္ကူတွေ ရိုက်ထုတ်မယ့်အစား နိုင်ငံ ပိုင်လုပ်ငန်းတွေနဲ့ မြေယာအဆောက်အအုံတွေကို ရောင်းထုတ်ပြီး ငွေရှာသွား လို့ ၂ဝဝ၉ ခုနှစ်နောက်ပိုင်းမှာ ငွေဖောင်းပွမှုနှုန်းက ၁ဝ ရာခိုင်နှုန်း အောက်ကျသွားတာ တွေ့ရပါတယ်''ဟု ဦးခိုင်ထွန်းက ပြောသည်။

၎င်းက ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် ငွေကြေးဖောင်းပွမှုထိန်းချုပ်ရေး များတွင် ဗဟိုဘဏ်တစ်ခုတည်းကသာ တာဝန်ရှိသည်မဟုတ်ဘဲ အစိုးရ၏ အခြေခံအဆောက်အအုံနှင့် အခွန်ကော က်ခံရေးဆိုင်ရာ မူဝါဒများဖြင့် လည်း ထိန်းကျောင်းပေးရန် လိုအပ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာ ဝန်ရှိသူတစ်ဦးကမူ လက်ရှိအနေအ ထားတွင် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လျက်ရှိသော်လည်း ဘဏ်များ က အပ်ငွေအပေါ်ပေးသော အတိုးနှုန်း တစ်နှစ် ရှစ်ရာခိုင်နှုန်းအောက်နိမ့်နေသေးကြောင်းပြောသည်။
Ref : MM Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service