မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ကြီးမား၍ အသင်းကြီး၏ တစ်နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ်တွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်နှင့် အနာဂတ်အလား အ လာအကြောင်းကို နိုင်ငံတော် သမ္မတ အကြံပေးဖြစ်သူ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးမှုအလားအလာနှင့် အိမ်ခြံမြေ ဈေးနှုန်းများ အကြောင်းကို ဦးစွာ ဆွေးနွေးသွားခဲ့သည်။
''ကျွန်တော် မြင်မိသလောက်ကို ပြောပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ မြေဈေးတွေက အရမ်းကိုကြီးမြင့်နေတာကို တွေ့ရပြီး ဒါတွေက အကျိုး ဆောင်တွေကြောင့်လည်း မဟုတ်ဘူး လို့ ထင်ပါတယ်၊ ဒီလိုအတွေးအခေါ် မျိုးက ဈေးကွက်စီးပွားရေးကို နားမလည်တာကို ဖော်ပြနေတာဖြစ်ပြီး ဝယ်လိုအား၊ ရောင်းလိုအားကို စဉ်းစား ရမှာပါ။
''ဒီကနေ့အချိန်အခါမှာဆိုရင် အိမ်ခြံ မြေကြော်ငြာတွေဟာ နေရာကိုလိုက်ပြီး ဈေးနှုန်းတွေကြီးမြင့်မှုအလိုက် အပြိုင်အဆိုင် ကြော်ငြာလာ ကြတာကို တွေ့ရပြီး သိရသလောက် ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့် ပြင်ဆင်ပြီး ခေါင်မိုးအိမ်တစ်လုံးရဲ့တစ်လ အငှားဈေးက ကန်ဒေါ်လာ တစ်သောင်းခွဲရှိပြီး ဗဟန်း ရွှေတောင် ကြားမှာရှိတဲ့ အိပ်ခန်းရှစ်ခန်းပါ သုံးထပ်အိမ်တစ်လုံးရဲ့ အငှားဖွင့်ဈေး ကတော့ တစ်လဒေါ်လာ ၁ဝ,၅ဝဝ ရှိတာကို တွေ့ရပါတယ်၊ ဒါတွေကတော့ နေရာပေါ်မူတည်ပြီး ဖြစ်ပေါ် နေတဲ့ မြင့်မားနေတဲ့ အငှားဈေးနှုန်း တွေပါ''ဟုလည်း ၄င်းကပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ သည် အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့မှုများသိသိသာသာလျော့နည်း လာပြီဖြစ်ရာ နိုင်ငံပေါင်းစုံမှ ဟိုတယ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာခြင်း က အိမ်ခြံမြေဈေးကွက် ပိုမိုဖြစ်ထွန်း စေရန် အထောက်အကူပြုသည့် ကောင်းကျိုးလက္ခဏာများ ဖြစ်ကြောင်း လည်း ဒေါက်တာ အောင်ထွန်း သက်က သုံးသပ်ပြောဆိုခဲ့သည်။
''အခုဆိုရင် နိုင်ငံတကာက ဟိုတယ်လုပ်ငန်းကြီးတွေက ဒီနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အများအပြား ဝင်ရောက်လာတာတွေ့ရတယ်၊ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ လျော့နည်းလာတာနဲ့အမျှ ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းရှင်တွေ ဝင်ရောက်လာတာက အိမ်ခြံမြေဈေးကွက်ကို ပိုမို ကြီးမား ကျယ်ပြန့်လာစေတဲ့ အကြောင်း တစ်ရပ်ပါပဲ၊ ရန်ကုန်မှာဆိုရင်တော့ ကန်ဒေါ်လာ သန်း ၄၄ဝ ရင်းနှီးမြှုပ်နှံထား တဲ့ ဗီယက်နမ်က Hoang Anh Gia Lai စီမံကိန်းက အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စီမံကိန်းတစ်ခု ပါ''ဟု ၄င်းက ပြောသည်။
ရန်ကုန်မြို့တွင် မြေနေရာ ရှားပါး လာမှုနှင့်အတူ အကျိုးဆက်အနေဖြင့် ဈေးနှုန်းများလည်းတရိပ်ရိပ် မြင့်တက်လျက် ရှိပြီး ထိုအတွက်ကြောင့် နာမည်ရ ဟိုတယ်စီမံကိန်းကြီးများသည်လည်း ဆယ်စုနှစ်တစ်ခုစာ ပေါ်ထွက်မှုနှောင့်နှေး ခဲ့ရကြောင်း ၄င်းကပြောသည်။
''နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့လာပြီဆိုရင်ပထမဆုံး မေးတဲ့မေးခွန်းက ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့မြေနေရာ ကျယ်ကျယ်ရှိ ရဲ့လား ဆိုတာပါပဲ၊ဘာဖြစ်လို့လဲဆိုတော့  ဒီမှာက မြေနေရာရှားပါးတဲ့ကိ စ္စက ရှိနေတဲ့အတွက် မြေဈေးတွေက သူနေရာနဲ့သူ ဈေးမြင့်နေမှာ ဖြစ်တယ်၊ ဒါကြောင့်မို့လို့ မြေဈေးတွေမြင့်နေ တာက ရင်းနှီးမြှုပ်နှံသူတွေကို ဟန့်တားနိုင်တဲ့အဟန့် အတားတစ်ရပ် ဖြစ်နေမလားဆိုတာကလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေကြားမှာ မေးခွန်းထုတ်စရာ ဖြစ်လို့ နေပါတယ်'' ဟု ဒေါက်တာအောင်ထွန်းသက်က ထည့်သွင်းပြောကြားခဲ့သည်။
ဈေးမြင့်ခေါ်ဆိုမှုများဖြင့် ဖြစ်တည် လျက်ရှိသည့် အိမ်ခြံမြေဈေး ကွက်သည် ရွှေဈေး၊ ဒေါ်လာဈေး အတက်အကျ၊ ကျောက်မျက်ကုန်သည်များ၏ ဈေးကစားမှုများနှင့် များစွာ ဆက်စပ်လျက်ရှိရာ အဆိုပါ ကဏ္ဍများတွင်ဈေးနှုန်းအတက်အကျ ဖြစ်ပေါ် ပြောင်းလဲမှုများက အိမ်ခြံမြေ တွင် ဈေးကွက်ပေါက်ဈေး ထက်ပိုမြ င့်သော နှုန်းထားများ ဖြစ်လာစေ သည်ဟုလည်း ၄င်းကပြောသည်။
တစ်နည်းအားဖြင့်ဆိုလျှင် အဆိုပါ အချက်များက ရန်ကုန်မြို့တွင်လူနေတို က်ခန်း၊ ရုံးခန်းနေရာ၊ စက်မှုဇုန် မြေ၊ ဟိုတယ်ခန်းများနှင့် ရှော့ပင်း မောလ်နေရာများ လုံလောက်မှုမရှိ ဘဲ အရေအတွက်ကိုပြည့်မီအောင် ဖြည့်စွမ်းပေးနိုင်ခြင်း မရှိသည့် အခြေအနေများ ဖြစ်ပေါ်လာကြောင်း လည်း ၄င်းက သုံးသပ်ခဲ့သည်။
အဆိုပါ အခြေအနေများကြောင့် မြန်မာ့ အိမ်ခြံမြေဈေးကွက်၏ အနာဂတ်အလား အလာမှာ ''property flipping'' ဟုခေါ်တွင်သော နေ့တစ်နေ့တည်းတွင် ပင် နာရီပိုင်းအတွင်းဈေးမြင့်လက်လွှဲရောင်းချမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ဖြစ်လာနိုင်ခြေ ရှိ သည်ဟု ခန့်မှန်းရသည်ဟုလည်း ၄င်းကဆွေးနွေးခဲ့သည်။
''ဒါကြောင့် လက်ရှိကာလ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးတွေက အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါးလောက်မြင့်တယ်လို့ ပြောနိုင် သလို လှိုင်သာယာစက်မှုဇုန်မှာ ရှိတဲ့တစ် ဧကပေါက်ဈေးက ဒေါ်လာ ၅၃ဝ,ဝဝဝ ရှိနေပြီး ဒီဈေးက အမေရိကန် နိုင်ငံ၊ အော်လန်ဒို၊ ဖလော်ရီဒါ မှာရှိတဲ့ စက်မှုဇုန်တစ်ဧက ပေါက်ဈေးထက် ၁၂ ဆလောက်ပိုများတာကို တွေ့ရပါ တယ်''ဟုလည်း ၄င်းကပြောသည်။
ရန်ကုန်မြို့တော်ရှိ ရုံးခန်းငှားရမ်း မှုနှုန်းထားများသည် ၂ဝ၁၁ ခုနှစ်က ထက်စာလျှင် ၂ဝ၁၂ တွင်သုံးဆခန့် မြင့်တက်လာသည်ဟုလည်း သိရပြီး ယခုနှစ်အတွင်း တစ်စတုရန်းမီတာ လျှင် ငှားရမ်းခ ၆၅ ဒေါ်လာရှိ သည်။ ထိုမှတစ်ဆင့် နောင်လာမည့် နှစ်များတွင် တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၁၅ဝ အထိ မြင့်တက်လာ နိုင်ခြေရှိသည်ဟုလည်း ၄င်းက ပြောသည်။
အစိုးရသစ်လက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီးစီး၍ စီးပွားရေးဈေးကွက် ပိုမိုတိုးတက်ဖွံ့ဖြိုး လာချိန်တွင် အိမ်ခြံမြေဈေးကွက်မှာလည်း ပိုမိုပီပြင်စွာ လှုပ်ရှားအသက် ဝင်လာခဲ့ပြီး အိမ်ခြံမြေကဏ္ဍသို့ နိုင်ငံခြားရ င်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ခဲ့ ကြောင်းလည်း ၄င်းကပြောသည်။
''မြန်မာနိုင်ငံက လက်ရှိအခြေအနေမှာ အနောက်က စီးပွားရေး ပိတ်ဆို့မှုတွေလည်း လျော့နည်းနေပြီဆို တော့ ဒီအချက်က အိမ်ခြံမြေကဏ္ဍ ထဲကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်နိုင်အောင် အဓိက ဆွဲဆောင်တဲ့ အချက်ဖြစ်တယ်။ အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည့်ပြည့်စုံစုံကျယ်ကျယ် ပြန့်ပြန့်ရေး ဆွဲပြဋ္ဌာန်းထားတဲ့အပြင် အိမ်နီး နားချင်းနိုင်ငံတွေနဲ့ ကိုက်ညီအောင် လည်း အတတ်နိုင်ဆုံး ကြိုးစား အတည်ပြု ပြဋ္ဌာန်းပေးထားတာကိုတွေ့ရ ပါတယ်''ဟုလည်း ၄င်းက ပြောသည်။
မြန်မာ့အိမ်ခြံမြေဈေးကွက်အလား အလာသည် ၂ဝ၁၅ ခုနှစ်တွင် ပိုမိုတွ င်ကျယ်ခိုင်မာလာမည် ဖြစ်သည်ဟု ခန့်မှန်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ၏ စိတ်ဝင်စားမှုများပြား၍ ရင်းနှီး မြှုပ်နှံမှု မြင့်မားလာသော ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်လာမည်ဖြစ်သည်ဟု လည်း ၄င်းကသုံးသပ်ခဲ့သည်။
Credit: MM Times