ရွှေဂုံအိမ်ရာစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှစ်ခုကို ရွေးချယ်

ရွှေဂုံအိမ်ရာစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှစ်ခုကို ရွေးချယ် - Property News in Myanmar from iMyanmarHouse.com
6 Nov 2013 10:32 am တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် ဒုတိယမြောက် အဆင့်မြှင့်တင်မည့် ရွှေဂုံအိမ်ရာ စီမံကိန်း တည်ဆောက်မှုအတွက် ကုမ္ပဏီနှစ်ခုကို အပြီးသတ် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

"လင့်လမ်းနဲ့ ဓမ္မစေတီလမ်းထောင့်က ရွှေဂုံအိမ်ရာစခန်း အဆင့်မြှင့်ဖို့အတွက် လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီနှစ်ခုကို အပြီးသတ် ရွေးချယ်ပြီးပါပြီ။ ဇူလိုင် ၂၃ ရက်ကလည်း ရွှေဂုံအိမ်ရာမှာ လက်ရှိနေထိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မကြာခင်မှာ လုပ်ငန်းတွေ စတင်တော့မှာ ဖြစ်ပါတယ်" ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေဂုံအိမ်ရာစခန်းအား အထပ်မြင့်အဖြစ် အဆင့်မြှင့် တည်ဆောက်မည် ဖြစ်သော်လည်း ရွှေတိဂုံစေတီတော် အနီးဝန်းကျင် ဖြစ်သောကြောင့် အမြင့် ၆၂ ပေ၊ ၆ ထပ်ထက်ပို၍ တည်ဆောက်ခွင့် မပြုကြောင်းနှင့် အဆိုပါ အိမ်ရာစခန်း အဆင့်မြှင့်တင်မှုအတွက် မြန်မာစေတနာ ဆောက်လုပ်ရေးနှင့် ထိုက်စင်ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ လုပ်ကိုင်ခွင့် ရရှိသွားပြီ ဖြစ်ကြောင်းလည်း သိရသည်။

"ရွှေဂုံအိမ်ရာ စခန်းနေရာက ရွှေတိဂုံဘုရားနဲ့လည်း နီးတယ်။ အများအားဖြင့် ယာဉ်ကြောရှုပ်တယ်။ ဒါကြောင့် အိမ်ရာစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရမယ့် ကုမ္ပဏီကို ရွေးချယ်ရာမှာ အဓိကက မြို့ပြ guide lines တွေ ကိုက်ညီမှုရှိတာ၊ ဗိသုကာဒီဇိုင်းနဲ့ ယာဉ်ကြောရှုပ်တဲ့ နေရာမှာ ယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေမယ့် အချက်တွေကို ဦးစားပေးရေးဆွဲထားတဲ့ ကုမ္ပဏီတွေကို ရွေးချယ်ခဲ့တာပါ" ဟုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ဗိုလ်တထောင်မြို့နယ်ရှိ ပြည်တော်သာခေတ် အိမ်ရာစီမံကိန်း တစ်ခုဖြစ်သည့် ၅၁ လမ်း အိမ်ရာစီမံကိန်းကိုလည်း ၁၂ ထပ်ရှိ အထပ်မြင့် အဆောက်အအုံအဖြစ် အဆင့်မြှင့်တင်မှုများကို ပြုလုပ်ရန်အတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများဖြစ်သည့် မဟာန၀ရတ်မြေ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်နှင့် AM (အောင်မြင်ပြည့်စုံ)ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့မှ အိမ်ရာအတွင်း နေထိုင်သူများကို ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိပြီး မကြာမီ စတင်တည်ဆောက်တော့မည် ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ လမ်း (၅၀)နှင့် (၅၁)လမ်းကြား၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ (၅၁) လမ်း ပြည်သူ့အိမ်ရာသည် ၁၉၅၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြောင်း၊ မြေ ၂ ဒသမ ၄၈၆ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ်တိုက် ခုနစ်လုံး၊ အိမ်ခန်းစုစုပေါင်း ၂၂၄ ခန်း ပါဝင်ကြောင်း၊ အဆိုပါ အိမ်ခန်းများမှာ ယခင်က ၄၁၆ စတုရန်းပေ အကျယ်အ၀န်းသာရှိပြီး ယခုအသစ် ပြန်လည်တည်ဆောက်ရာ၌ စတုရန်းပေ ၆၀၀ အထိ တိုးချဲ့ထားကြောင်းလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...

မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်

မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service