မန္တလေးမြို့၊ မြရည်နန္ဒာမြို့သစ်တွင် တည်ဆောက်မည့် မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာကို ယခုနှစ် သြဂုတ်မှစတင်ကာ ရှစ်လနှင့်အပြီး တည်ဆောက်မည်ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက မဇ္ဈိမကို ပြောသည်။
စီမံကိန်းနှင့် ပတ်သက်၍ ''ဒီလ (ဇူလိုင်)အကုန်မှာ အုတ်မြစ်ချပြီး တည် ဆောက်သွားမယ်။ အချိန်ကိုလည်း ရှစ်လ အပြီးလို့ သတ်မှတ်ထားတယ်''ဟု မြို့ တော်စည်ပင်သာယာရေးကော်မတီ တွဲ ဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက မဇ္ဈိမကို ပြောသည်။
ယခုဆောက်လုပ်မည့် အိမ်ရာစီမံကိန်း တွင် အဆောက်အအုံလေးဆယ့် ရှစ်လုံး၊ အခန်းရှစ်ရာမှ တစ်ထောင်အကြား ပါဝင် မည်ဖြစ်ပြီး စီမံကိန်းအတွက် ဆောက်လုပ် ရေးကုမ္ပဏီပေါင်း ၅ဝ ကျော် တင်ဒါ သွင်း ခဲ့ရာတွင် ကုမ္ပဏီ နှစ်ဆယ့်နှစ်ခုကို ရွေး ချယ်ခဲ့သည်။
ထို့ပြင် စီမံကိန်းဆောက်လုပ်ရန်အ တွက် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက ငွေကျပ်တစ်ဘီလျံ (သိန်း တစ်သောင်းကျော်)ကို ကော်မတီက အ သုံးပြုတည်ဆောက်သွားမည်ဖြစ်သည်။ ''အရင်က ဇူလိုင်မှာ ဆောက်မယ်လို့ ညီလေးတို့ကိုပြောထားခဲ့ပေမယ့် ခဏခ ဏ ပြင်ဆွဲနေရတာနဲ့ မစဖြစ်ခဲ့တာပါ''ဟု အိမ်ရာစီမံကိန်း မဆောက်လုပ်ဖြစ်ရခြင်း ကို ဦးသက်နိုင်ထွန်းက ရှင်းပြသည်။
ယခုဆောက်လုပ်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို အ နိမ့်ဆုံး ငွေကျပ် ၇၅ သိန်းမှ ၉၅ သိန်းထိ သတ်မှတ်ထားပြီး မြေညီထပ်များကို အ ငှားချကာ ထိုမှရရှိသော ဝင်ငွေဖြင့် တိုက် ခန်းများကို ပြင်ဆင်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းကော်မတီက စီစဉ်ထားသည်။
အဆိုပါ တိုက်ခန်းများကို အရစ်ကျ ရောင်းချပေးမည်ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ဇွန်လတွင် သတင်း မီဒီယာများကို ပြောကြားထားခဲ့သော်လည်း ယခု အချိန်ထိ အရစ်ကျဖြင့် ရောင်းနိုင်၊ မ ရောင်း နိုင်ကို စည်ပင်သာယာရေးကော် မတီ အနေဖြင့် မဆုံးဖြတ်ရသေးကြောင်း ကော်မတီက ဆိုသည်။