သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2025 2:06 pm တွင် တင်ခဲ့သည်
684 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အပေါ့အလေး အရေးအခင်းဆိုတာ အပြင်သွားတဲ့အချိန်မှာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ဒီလိုအချိန်မျိုးဆိုရင် စူပါမားကတ် တစ်ခုခုထဲ အမြန်ဝင်ပြီး အများသုံးသန့်စင်ခန်းတွေ ရှာရတော့တာပဲမလား။ ဒါကတော့ သိပ်ပြဿနာမရှိပါဘူး။ ပြဿနာက လက်ဆေးပြီးနောက်ပိုင်းမှ စတာပါ။ တချို့အိမ်သာတွေမှာ တစ်သျှူးထားပေးထားတယ်၊ တချို့မှာက လက်အခြောက်ခံဖို့ အပူပေးစက်တွေ ထားပေးထားတယ်၊ ဒါမှမဟုတ်လည်း ၂မျိုးလုံးပေါ့။ လေ့လာချက်တွေအရ ဒီလက်အခြောက်ခံစက်တွေဟာ ဘက်တီးရီးယားပိုးပေါင်း မြောက်များစွာကို စိုနေတဲ့လက်ပေါ် ပြန်ကပ်သွားစေပြီး လူကိုဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ကဲ …. သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ အကြောင်း လေ့လာလိုက်ရအောင်နော်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

လက်အခြောက်ခံစက်သည် အပူ၊ အအေး ၂မျိုးလုံးဖြင့် လေမှုတ်ထုတ်ကာ လက်ကိုအခြောက်ခံဖို့ပဲ ဖြစ်ပါတယ်။ အဓိကပြဿနာက စက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေအပြင် အသုံးပြုသမျှ လူတိုင်းရဲ့ ရောဂါပိုးပေါင်းများစွာ၊ အပေါ့အလေးသွားပြီးလို့ ထွက်လာတဲ့ အနံ့အသက်နဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးပေါင်းများစွာ အထဲမှာ ခိုအောင်းနေပါတယ်။ လက်အခြောက်ခံစက်ကို အသုံးပြုတဲ့အခါ နဂို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးထားပြီးသားလက်ပေါ်ကို ရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ လေပြင်းတွေက အရှိန်ပြင်းပြင်းနဲ့ ဝင်လာပြီး လက်ပေါ်ကို ရေတွေကို ခြောက်စေကာ ရောဂါပိုးတွေကို လက်ပေါ်မှာ ဒီအတိုင်း ထားပစ်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တုန်းကတော့ အများသုံးသန့်စင်ခန်းတွေမှာ လက်အခြောက်ခံစက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်း မရှိသေးဘဲ တစ်သျှူးလိပ်တွေကိုသာ ရေသုတ်ဖို့အတွက် ထားပေးထားတာပါ။ အဲ့နောက်ပိုင်းမှာတော့ တစ်သျှူးတွေဟာ ဝန်ထုပ်ဝန်ပိုးအမှိုက်ပွစေတယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ် အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ တစ်သျှူးတွေအစား လက်အခြောက်ခံစက်ကို နေရာတော်တော်များများက အိမ်သာတွေမှာ တပ်ဆင်လာကြတာပဲဖြစ်ပါတယ်။

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

ရောဂါပိုးမွှားအများစုက ပူနွေးစိုစွတ်တဲ့ နေရာကို သဘောကျပြီး သူတို့အတွက် အသက်ရှင်ရတာလည်း လွယ်ကူသလို အကောင်ရေ ပွားများရတာလည်း ပိုလွယ်ပါတယ်။ လက်အခြောက်ခံစက်ဆိုတဲ့အတိုင်း လက်ဆေးပြီးသားရေတွေနဲ့ စိုစွတ်နေတဲ့အပြင် လျှပ်စစ်မီးနဲ့ ဆက်သွယ်ထားတာဖြစ်တဲ့အတွက် အထဲမှာ ပူနွေးစိုစွတ်နေမှာ အသေအချာပါပဲ။ ဒီလို လက်အခြောက်ခံစက်ထဲမှာ

• ဖျားနာခြင်း

• ချောင်းဆိုးခြင်း

• နှာစေးခြင်း

• အအေးမိတုပ်ကွေး

• ဗိုက်အောင့်ဗိုက်နာ

• ဓာတ်မတည့်ခြင်း

• အသားယားယံစေခြင်း

• ဝမ်းပျက်ဝမ်းလျှောအပြင် တခြားရောဂါပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေအပြင် မစင်ထဲမှာသာ တွေ့ရတတ်တဲ့ ပိုးမွှားတွေလည်း ပါနိုင်ပါတယ်။

 

ဒါဆိုရင် တစ်သျှူးသုံးရင်တော့ ဘာရောဂါပိုးမှ မကူးစက်နိုင်တော့ဘူးလား

ဒီနေရာမှာ တစ်ခုပြောချင်တာက ရောဂါပိုးမွှားတွေသည် လေထဲမှာ အမြဲရှိနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူပေါင်းများစွာ ဝင်ထွက်သွားလာတဲ့အခါ သူတို့ ရှူသွင်းရှူထုတ်လိုက်တဲ့လေထဲမှာရော၊ အပြင်မသန့်ရှင်းတဲ့ လေထု၊ ဖုန်မှုန့်တွေဟာ ကိုယ့်အသားမှာ ကပ်ငြိနေနိုင်ပါတယ်။ ကွာသွားတာတစ်ခုက လက်အခြောက်ခံစက်တွေက ကိုယ့်လက်အရေပြားပေါ်ကို တိုက်ရိုက်ကျလာတဲ့အတွက် ပိုးကောင်ရေပေါင်းများစွာက တစ်ပါတည်း ကပ်ငြိလာတာဖြစ်ပြီး ကျန်တဲ့ အခြေအနေတွေကတော့ ကပ်ငြိခဲ့ရင်တောင်မှ ပိုးကောင် တစ်ကောင်၊ နှစ်ကောင်လောက်ပဲ ကပ်နိုင်ပါတယ်။

ဒါကြောင့် အများသုံးသန့်စင်ခန်းတွေ ဝင်ပြီး ပြန်ထွက်လာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပါ။ ရေစိုနေတဲ့ လက်ကို လက်အခြောက်ခံစက်အစား တစ်သျှူးနဲ့ပဲ သေချာသုတ်ပေးပါ။ ဒါက ပိုစိတ်ချရပြီး ဘေးကင်းပါတယ်။ အကယ်လို့ တစ်သျှူးမထားပေးထားဘူးဆိုရင်တော့ ဒီအတိုင်း ထွက်လာပါ။ ၂ မိနစ်လောက်နေရင် လက်ပေါ်က ရေတွေက သူ့ဘာသာခြောက်သွားပါလိမ့်မယ်။ ဒီကိစ္စကို သေချာလေး ဂရုစိုက်ဖို့ တိုက်တွန်းပေးလိုက်တယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service