ဗဟုသုတ | Posted by စည်သူအောင်
ပစ္စည်းလွှဲပြောင်းသည်ဆိုသည်မှာ ပစ္စည်းအား ပိုင်ဆိုင်သူမှ တစ်နည်းနည်းဖြင့် လွှဲပြောင်းသည်များဆိုလို ပြီး စီမံခန့်ခွဲနိုင်ခွင့်ရှိသူတစ်ဦးဦးမှ လွှဲပြောင်းပေးနိုင်ခြင်းများလဲပါဝင်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ရွှေ့ပြောင်းနိုင်သောပစ္စည်းအား လက်ရှိပိုင်ဆိုင်သူမှာ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေနှင့်အညီ ပစ္စည်းအား လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း ပြုနိုင်ပါသည်။
ထို့သို့ လွှဲပြောင်းရာတွင် ပုဂ္ဂိုလ်တစ်ဦးဦး၊တစ်ဦးထက်ပိုသူများ၊ကုမ္ပဏီ၊အဖွဲ့အစည်းတစ်ရပ်ရပ်အား စာချုပ်ပါအတိုင်း တစ်ချိန်ထဲလွှဲပြောင်း နိုင်သလို နောက်တစ်ချိန်ပစ္စည်းအား ပေးအပ်ရန် ကတိပြုခြင်းများလဲ ရှိပါသည်။
ပစ္စည်းတစ်ရပ်ရပ်အား အလုံးစုံပိုင်ဆိုင်ခွင့်ရှိမှ ပစ္စည်းအားလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ ပစ္စည်းလွှဲ ပြောင်းခြင်းဥပဒေနှင့်အညီ လွှဲပြောင်းနိုင်မည်ဖြစ်ပါသည်။ကန့်သတ်ချက်များဖြင့်သာ ပိုင်ဆိုင်သောပစ္စည်းဆိုပါက လွှဲပြောင်းပေးအပ်ခြင်း မပြုနိုင်ပါ။ မိမိလက်ဝယ်တွင် လက်ရှိမရှိဘဲ အနာဂတ်တွင် ရရှိမည့် ပစ္စည်းပိုင်ဆိုင်ခွင့်အား ကြိုတင်ကာ လွှဲပြောင်းပေးအပ်ခြင်းလဲ မပြုနိုင်ပါ။
ပစ္စည်းတစ်ရပ်အား ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဥပဒေအရပိတ်ပင်ထားခြင်း၊လိမ်လည်ခြင်း၊ တစ်ဦးဦးအား ထိခိုက်နစ်နာခြင်းများရှိပါက ပစ္စည်းလွှဲပြောင်းခြင်းမှာ ပျက်ပြယ်ပါသည်။
မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် မြေငှားစာချုပ်ဂရန်မြေများအား လွှဲပြောင်းခြင်း ပြုသည့်အခါတွင်အရောင်းမြေပုံထုတ်ယူကာ စာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်းဆောင်ရွက်မှ တရားဝင်မည်ဖြစ်ပါသည်။ ပစ္စည်းလွှဲပြောင်းမှုတစ်ရပ်မှာ ပိုင်ဆိုင်ခွင့်(Title) အား သော့ပါလွှဲပြောင်းပေးအပ်ပြီး အခွန်ဆောင်၊ မှတ်ပုံတင်ကြေးထမ်းဆောင်၊ အမည်ပြောင်း ဆောင်ရွက်နိုင်မှ ဆုံးခန်းတိုင်မည်ဖြစ်ပါသည်။
မှတ်ပုံတင်စာချုပ်တွင် ပစ္စည်း၏အသေးစိတ်အချက်အလက်များ၊ လွှဲပြောင်းမှုပစ္စည်းစာရင်း(မြေကွက်အ မှတ်၊ အကွက်အမှတ်၊ ဦးပိုင်အမှတ်၊အကျယ်အဝန်း၊ တည်နေရာအရပ်ဒေသ)၊ အရောင်းအဝယ်တန်ဖိုးငွေများ အသိ သက်သေများပါ ပါဝင်၍ ထည့်သွင်းစာချုပ်ချုပ်ဆိုရပါမည်။ စာချုပ်တွင် ငွေပေးချေမှုနည်းလမ်းနဲ့ ပစ္စည်းလက် ရောက်ပေးအပ်မည့်အချိန်အသေးစိတ်လဲ အတိအကျထည့်သွင်းဖော်ပြရန် လိုပါသည်။
လွှဲပြောင်းသည့်ပစ္စည်းမှာ အိမ်၊ ခြံ၊ မြေ ဖြစ်ပါက မြေနှင့်သက်ဆိုင်သည့် နေအိမ်အပါအဝင် မြေ၌စွဲကပ်နေသော အကျိုးခံစားခွင့်အရပ်ရပ်အား သုံးစွဲပိုင်ခွင့်များအားလုံးပါဝင်ပါသည်။ငွေကြေးတစ်ရပ်ရပ်ဖြစ်ပါကလဲထိုအတွက် အတိုးနှင့် ဝင်ငွေအသီးသီးပါ ခံစားခွင့်ရှိသည်။
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၆ အရ ပစ္စည်းလွှဲပြောင်းခြင်း မပြုနိုင်သော ကိစ္စရပ်များလဲရှိပြီး ၎င်းတို့မှာ သေတမ်းစာဖြင့် ပေးကမ်းသော ဆွေမျိုးတစ်ဦး၏ ရရှိမည့်အမွေပစ္စည်းအခွင့်အရေးအား ပေးကမ်းခြင်းမပြုရ၊ ပစ္စည်းပိုင်ရှင်မှတစ်ပါး အခြားသူတစ်ဦးဦးမှ ပစ္စည်းအား တစ်ဦးတစ်ယောက်ထံ လွှဲပြောင်းပေးအပ်ခြင်း မပြုရ၊ တရားစွဲဆိုပိုင်ခွင့်အားလဲ လွှဲပြောင်းပေးအပ်ခြင်း မပြုနိုင်ပါ။ လစာ၊ ပင်စင်အကျိုးခံစားခွင့်များ၊ ထောက်ပံ့ကြေးများ အားလဲ လွှဲပြောင်းပေးအပ်ခြင်း မပြုနိုင်ပါ။
ဥပဒေနှင့် မကိုက်ညီသော၊ ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂၃ အရ ဥပဒေနှင့်မညီသော ရည်ရွယ်ချက်နှင့် အဖိုး စားနား၊ဥပဒေနှင့်အရည်အချင်း မပြည့်မီသူအား လွှဲပြောင်းပေးအပ်ခြင်း မပြုနိုင်ပါ။ အခွန်ပေးဆောင်ရန် ပျက်ကွက်လျက်ရှိသော လယ်မြေအား လွှဲပြောင်းပေးအပ်ခြင်း မပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com