အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ - Property News in Myanmar from iMyanmarHouse.com
25 Apr 2025 11:04 am တွင် တင်ခဲ့သည်
1366 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ပြီးခဲ့သော ၁၅ နှစ်တာကာလအတွင်း ကွန်ဖူးလေ့ကျင့်ရင်း တာအိုဘာသာ လေ့လာခဲ့သော အမေရိကန် အမျိုးသားတစ်ဦးသည် တရုတ်ပြည်၌ အမြဲအခြေချနေထိုင်ခွင့် (PR) ရရှိသွားခဲ့သည်။

ထိုသို့ တရုတ်ပြည်တွင် အမြဲအခြေချနေထိုင်ခွင့် ရရှိသွားမှုအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများကြား နာမည်ကြီးနေကာ ဝိုင်းဝန်းချီးကျူးလျက်ရှိရာ၌ အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးလည်း အပါအဝင် ဖြစ်သည်။

“ဂုဏ်ယူပါတယ်။ အီလီနွိုက်စ်ပြည်နယ်၊ ကီဝါးနီး (Kewanee) မြို့က ဂျိတ်ခ် ပင်းနစ် (Jake Pinnick) ပါ။ သူဟာ ဝူတန်ဂိုဏ်းရဲ့ ၁၆ ဆက်မြောက်မျိုးဆက် တပည့်တစ်ဦး ဖြစ်ပါတယ်။ သူဟာ တရုတ်ပြည်မှာ အမြဲအခြေချနေထိုင်ခွင့်လက်မှတ် ရရှိသွားပါတယ်” ဟု သံအမတ်ကြီး ရှဲ့ ဖန်ကွန်း (Xie Fengon) က လူမှုကွန်ရက်တွင် ဧပြီလ ၆ ရက်က ရေးသားဖော်ပြခဲ့သည်။

“တရုတ်ပြည်ကို ကွန်ဖူးသင်ဖို့ ရည်ရွယ်ချက်နဲ့ အသက် ၂၀ အရွယ်မှာ ရောက်လာတဲ့ လူငယ်တစ်ဦးဟာ အခုချိန်မှာ တကယ့် သိုင်းသူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါပြီ။” သံအမတ်ကြီး ရှဲ့သည် ဂျိတ်ခ် ပင်းနစ်၏ ဇာတ်ကြောင်းကို ယခင်ကလည်း ရေးသားမျှဝေခဲ့ဖူးသည်။

ဂျိတ်ခ်ပင်းနစ်၏ ဇာတ်ကြောင်းမှာ တရုတ်ယဉ်ကျေးမှုကို စိတ်ဝင်စားသည့် နိုင်ငံခြားသားများအနက် အကောင်းဆုံး သာဓကတစ်ခုလည်း ဖြစ်သည်။

(▲ ဂျိတ်ခ် ပင်းနစ်က တရုတ်ပြည်တွင် အမြဲအခြေချနေထိုင်ခွင့်လက်မှတ် ရရှိမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောသည်။ ဓာတ်ပုံ-Douyin)

ဂျိတ်ခ် ပင်းနစ်သည် တရုတ်ပြည်သို့ ၂၀၁၀ ပြည့်နှစ်တွင် ရောက်ရှိလာခဲ့ပြီး ထိုစဉ်က အသက် ၂၀ အရွယ်သာ ရှိသေးသည်။

ပင်းနစ်သည် ထိုအချိန်ကတည်းက တရုတ်ပြည်အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ ဝူတန်တောင်တွင် ကွန်ဖူးပညာနှင့် တာအိုဘာသာတို့ လေ့လာဆည်းပူးခဲ့ကြောင်း Beijing Daily သတင်းဌာနက ဖော်ပြသည်။

ဝူတန်တောင်သည် တရုတ်ပြည်တွင် အထွတ်အမြတ်အထားခံရဆုံးနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ဝူတန်ဂိုဏ်းချုပ် ကျန်းစန်းဖုံး တီထွင်ခဲ့သော ထိုက်ကျိ ၁၃ ကွက်မှာ နာမည်ကြီးသည်။

((မှတ်ချက်။ အပိုင်း ၃၀ ရှိသော “ဝူတန်ရဲ့ ဂန္ထဝင်ရွှေဓား” ဇာတ်လမ်းတွဲတွင် ထိုက်ကျိ ၁၃ ကွက်အကြောင်း ထည့်သွင်းရိုက်ကူး ထားသည်))

(▲ ဝူတန်ရဲ့ ဂန္ထဝင်ရွှေဓား ဇာတ်လမ်းတွဲတွင် ကျန်းစန်းဖုံးအဖြစ် သရုပ်ဆောင်ထားသည့် ဇာတ်ကောင်ကို တွေ့ရပုံ)

(▲ ဝူတန်ရဲ့ ဂန္ထဝင်ရွှေဓား ဇာတ်လမ်းတွဲတွင် ဆရာဖြစ်သူ ကျန်းစန်းဖုံးအား ကျန်းဝူကျိက ထိုက်ကျိ ၁၃ ကွက် ကစားပြနေပုံ)

ဂျိတ်ခ် ပင်းနစ်က တရုတ်ပြည်တွင် အမြဲအခြေချနေထိုင်ခွင့်ရရှိခဲ့သည့် လက်မှတ်ကို ဧပြီလအစောပိုင်းက လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။

အဆိုပါ ကတ်ကို တရုတ်ပြည်တွင် ကြယ်ငါးပွင့်ကတ်ဟုလည်း လူသိများသည်။

“တရုတ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့ နိုင်ငံခြားတစ်ယောက်အတွက် အကောင်းဆုံးအသိအမှတ်ပြု ခံရမှုပါပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို နိုင်ငံခြားသားလို့ ထပ်ပြီး မခေါ်ကြပါနဲ့တော့…” ဟု ၎င်းက အရွှန်းဖောက် ပြောကြားသည်။

ဂျိတ်ခ် ပင်းနစ်၏ တရုတ်အမည်မှာ လီကျိဂန်ဖြစ်ပြီး ဝူတန်ဂိုဏ်းမှ ဆရာသခင်တစ်ဦးက ရွေးချယ်ပေးသော နာမည်ဖြစ်သည်။

လီဟူသော အမည်ကို ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ကျိဂန်မှာ ဆရာပေးသော နာမည်ဖြစ်သည်။

ပင်းနစ်က လီဟူသောအမည်ကို ရွေးချယ်ထားခြင်းတွင် ရည်ရွယ်ချက်များရှိသည်။

တာအိုဘာသာတည်ထောင်သူ လောင်ဇူးနှင့် ဟောင်ကောင်အက်ရှင်မင်းသား ဘရုစလီတို့ကို ရည်စူးသောအားဖြင့် လီကို ရွေးချယ်ထားခြင်း ဖြစ်သည်။

ဝူတန်တောင်သို့ ဂျိတ်ခ်ပင်းနစ် ပထမဆုံး စတင်ရောက်ရှိလာစဉ်က ၎င်း၏ ရည်ရွယ်ချက်မှာ ကွန်ဖူးပညာ လေ့လာကာ ကျန်းမာရေးကောင်းမွန်လာစေရန်သာ ဖြစ်သည်။

ယင်းနောက် ဆရာသခင်တို့နှင့်အတူ တာအိုအယူဝါဒများ လေ့လာခြင်း၊ ကွန်ဖူးလေ့ကျင့်ခြင်းတို့ ပြုလုပ်ခဲ့ရာ ကွန်ဖူးသည် စိတ်ဖိအားများမှုကို ကုစားပေးနိုင်ကြောင်း တွေ့ရှိလာပြီး ကိုယ်ကျင့်တရားနှင့် self-development တို့အတွက် အထောက်အကူဖြစ်စေသည်ကို တွေ့လာသည်။

ယခုအခါ ဂျိတ်ခ် ပင်းနစ်သည် ဝူတန်ဂိုဏ်းတွင် ဆရာတစ်ဆူဖြစ်လာပြီး တရုတ်နိုင်ငံသားများသာမက နိုင်ငံခြားသားများကိုပါ ကွန်ဖူးပညာ လက်ဆင့်ကမ်း သင်ကြားပေးလျက် ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: US man gains Chinese residency after 15 years in country, learns martial arts, Taoism Photo Credit-Douyin, 5 series

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service