အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး - Property News in Myanmar from iMyanmarHouse.com
24 Apr 2025 11:21 am တွင် တင်ခဲ့သည်
759 ကြိမ် ကြည့်ရှု့ပြီး

အိန္ဒိယနိုင်ငံတွင် ကြွယ်ဝချမ်းသာသော ကျောင်းဆရာတစ်ဦးက ဇနီးဖြစ်သူအတွက် ကမ္ဘာကျော် တပ်ဂျ်မဟာ ဗိမာန်ကြီးအတိုင်း ပုံတူစံအိမ်ကြီးတစ်လုံး ဆောက်လုပ်ခဲ့သည်။

ထိုစံအိမ်ကြီးမှာ ဇနီးအပေါ်ထားရှိသည့် မိမိ၏ချစ်ခြင်းမေတ္တာ ပြယုဂ်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံ၊ မဒရာ ပရာဒက်ရှ်ပြည်နယ်၊ ဘူရ်ဟမ်းပူမြို့တွင် အာနန္ဒ ပရကာ့ ရှော့ခ်စီ အမည်ရှိ ကျောင်းဆရာတစ်ဦးက စတုရန်းပေ ၁၀၀၀၀ ခန့် ကျယ်ဝန်းကာ စကျင်ကျောက်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးကို ဇနီးဖြစ်သူ မန်ဂျူးရှား ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ဇနီးဖြစ်သူမှာလည်း ကျောင်းဆရာမတစ်ဦး ဖြစ်သည်။

အာနန္ဒ ဆောက်လုပ်ခဲ့သော စံအိမ်ကြီးသည် ကမ္ဘာ့အံ့ဖွယ် ၇ ပါးတွင် အပါအဝင်ဖြစ်သည့် ၁၇ ရာစု ဂူဗိမာန်ကြီးဖြစ်သော တာ့ဂျ်မဟာကဲ့သို့ပင် အပြင်ဘက်၌ မျှော်စင်များ ပါဝင်ကာ အမိုးခုံးတစ်ခုလည်း ရှိသည်။

ကြမ်းပြင်များနှင့် မျက်နှာစာတို့ကို ရာဂျက်စ်သန်ပြည်နယ် ၊ မာကရာနာမြို့ထွက် စကျင်ကျောက်များဖြင့် ဆောက်လုပ်ထားသည်။

တာ့ဂျ်မဟာတွင်လည်း မာကရာနာထွက် စကျင်ကျောက်များကို သုံးထားခြင်း ဖြစ်သည်။ အာနန္ဒ၏ စံအိမ်မှာ တာ့ဂျ်မဟာ၏ ၃ ပုံ ၁ ပုံ အရွယ်အစားရှိပြီး အိပ်ခန်း ၄ ခန်း၊ ခန်းမကျယ်တစ်ခု၊ စာကြည့်တိုက်နှင့် တရားထိုင်ခန်းတို့ ပါဝင်ကာ ၃ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ရသည်။

စံအိမ်ကြီးဆောက်လုပ်မှုအတွက် မည်မျှကုန်ကျခဲ့ကြောင်းကိုမူ အာနန္ဒက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

“ဒီလို မြို့ငယ်လေးမှာ ဘယ်သူနဲ့မှ မတူတဲ့ နေအိမ်တစ်လုံး ကျွန်တော် ဆောက်လုပ်ချင်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း အိမ်တွေ ဆောက်နေကြတယ်။ ဒါပေမယ့် ကျွန်တော်က ဒီမြို့လေးမှာ အမြဲတမ်း ထာဝရ တဖွဖွ ပြောနေစေမယ့်အိမ်မျိုး ဆောက်ချင်တာပါ” ဟု ၎င်းက ပြောသည်။

တာ့ဂျ်မဟာ ဗိမာန်ကြီးကို မဂိုဧကရာဇ်ဖြစ်သော ရှားဂျဟန်က ၁၆၃၂ ခုနှစ်မှ ၁၆၅၃ ခုနှစ်အထိ အချိန်ယူ ဆောက်လုပ်ခဲ့ရပြီး ၎င်း၏ မိဖုရားကြီးဖြစ်သော Muntaz Mahal အတွက် ဂူဗိမာန်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဥတာ ပရာဒက်ရှ်ပြည်နယ်၊ အဂ္ဂရာမြို့ရှိ ယမုံနာမြစ်ကမ်းဘေးတွင် တည်ရှိသည်။

(▲ ကြွယ်ဝချမ်းသာသော အိန္ဒိယကျောင်းဆရာတစ်ဦးက တာ့ဂျ်မဟာပုံတူ စံအိမ်ကြီး ဆောက်လုပ်ခဲ့ပြီး ဇနီးဖြစ်သူအား လက်ဆောင်ပေးခဲ့သည်။ ဇနီးအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာသင်္ကေတတစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။)

 

(▲ တာ့ဂျ်မဟာဗိမာန်ကြီးကို မဂိုဧကရာဇ် ရှားဂျဟန်က ၁၆၃၂ ခုနှစ်မှ ၁၆၅၃ ခုနှစ်အထိ အချိန်ယူ ဆောက်လုပ်ခဲ့ရပြီး ၎င်း၏ မိဖုရားကြီးဖြစ်သော Muntaz Mahal အတွက် ဂူဗိမာန်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဥတာ ပရာဒက်ရှ်ပြည်နယ်၊ အဂ္ဂရာမြို့ရှိ ယမုံနာမြစ်ကမ်းဘေးတွင် တည်ရှိသည်။)

 

(▲ အာနန္ဒနှင့် မန်ဂျူးရှားတို့ ဇနီးမောင်နှံကို တွေ့ရပုံ။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတစ်ခု တည်ထောင်ထားပြီး နှစ်ဦးလုံးမှာ ကျောင်းဆရာများ ဖြစ်ကြသည်။)

 

(▲ အိန္ဒိယ ကျောင်းဆရာတစ်ဦးက တပ်ဂျ်မဟာပုံတူ စံအိမ်ကြီးဆောက်လုပ်ကာ ဇနီးအား လက်ဆောင်ပေးခဲ့သည်)

(▲ ပုံတူဆောက်လုပ်ထားသော စံအိမ်မှာ ဘူရ်ဟန်းပူမြို့တွင် တည်ရှိသည်။)

(▲ လွန်ခဲ့သော ၁၀ နှစ်မှ အနှစ် ၂၀ ကာလအတွင်း လေထုညစ်ညမ်းမှုနှင့် အမှိုက်မီးရှို့မှုတို့ကြောင့် တပ်ဂျ်မဟာ ဂူဗိမာန်ကြီး၏ ဆင်စွယ်ရောင်အပြင်ဘက်မှာ ညိုဖန့်ဖန့် ဖြစ်နေသည်ကို တွေ့ရပုံ)

(▲ ဝေလမင်းသမီး ဒိုင်ယာနာကို တပ်ဂျ်မဟာ ဗိမာန်ကြီးရှေ့တွင် ၁၉၉၂ ခုနှစ်အတွင်း တွေ့မြင်ခဲ့ရပုံ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Teacher builds a home for his wife and it is a Taj Mahal replica! (dailymail) 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service