[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ

[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
24 Apr 2025 11:01 am တွင် တင်ခဲ့သည်
570 ကြိမ် ကြည့်ရှု့ပြီး

အင်ဒိုနီးရှားနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ အကျယ်အဝန်းခန့်ရှိသော သစ်တောမြေများကို ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေသည်။

(မှတ်ချက်။ ဘယ်လ်ဂျီယံနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၃၀၆၈၉ (စတုရန်းမိုင် ၁၁၈၄၉) ရှိသည်။ မြန်မာနိုင်ငံတွင်ဆိုလျှင် ဧရာဝတီတိုင်း၏ အကျယ်အဝန်းနှင့် အနီးစပ်ဆုံး တူညီသည်။ ဧရာဝတီတိုင်း၏ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၃၅၁၄၀ (၁၃၅၆၆ စတုရန်းမိုင်) ဖြစ်သည်။)

ဘိုင်အိုအီသနော ထုတ်လုပ်ရန်အတွက် ကြံ၊ စပါးနှင့် သီးနှံများ စိုက်ပျိုးရေးအတွက် သစ်တောမြေ ဧရိယာ ၃၀၆၈၉ စတုရန်းကီလိုမီတာ အကျယ်အဝန်းကို (ဘယ်လ်ဂျီယံနိုင်ငံ၏ အကျယ်အဝန်းမှာလည်း စတုရန်းကီလိုမီတာ ၃၀၆၈၉ ဖြစ်) ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေကြောင်း အေပီသတင်းတစ်ရပ် တွင် ဖော်ပြသည်။

သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြသည်မှာ အင်ဒိုနီးရှား၏ ယခုအစီအစဉ်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော သစ်တောခုတ်ထွင် ရှင်းလင်းမှုကြီး ဖြစ်လာမည်ဖြစ်သည်ဟု ဆိုသည်။

“ဒီနေရာကြီးတစ်ခုလုံးမှာ ရှိသမျှ သစ်ပင်တွေအကုန်လုံးနဲ့ သားရဲတိရ စ္ဆာန်တွေ ဖယ်ရှားခံရတော့မှာကို စဉ်းစားကြည့်ပါ။ ကမ္ဘာပေါ်က အစိမ်းလန်းဆုံးနေရာတွေထဲမှာ ပါဝင်တဲ့နေရာတစ်ခု ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်” ဟု အမေရိကန်မှ NGO အဖွဲ့တစ်ခုဖြစ်သော Mighty Earth ၏ အမှုဆောင်အရာရှိချုပ် Glenn Horowitz က ပြောသည်။

ဇီဝမျိုးကွဲတို့အပေါ် ယခုစီမံကိန်းက ဆိုးရွားပြင်းထန်သည့်အကျိုးသက်ရောက်မှုများ ဖြစ်လာစေမည်ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။

((ကမ္ဘာ့အကြီးမားဆုံးသော သစ်တောပြုန်းတီးမှုကြီး))

အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံးသော မိုးသစ်တောများတည်ရှိရာ နေရာဖြစ်ပြီး ယခုစီစဉ်ထားသည့် သစ်တောခုတ်ထွင်ရှင်းလင်းမှုမှာလည်း ကမ္ဘာပေါ်တွင် အကြီးမားဆုံး သစ်တောခုတ်ထွင်မှုကြီး ဖြစ်လာမည် ဖြစ်သည်။

အင်ဒိုနီးရှားတွင် သားရဲတိရ စ္ဆာန်များမှသည် ရှားပါးသစ်ပင်မျိုးစိတ်များအထိ ကမ္ဘာပေါ်တွင် မျိုးတုန်းပျောက်ကွယ်တော့မည့် ရှားပါးမျိုးစိတ်များ တည်ရှိနေပြီး လူဝံများ၊ ဆင်များနှင့် ကြီးမားသော တောပန်းကြီးများ အပါအဝင် ဖြစ်သည်။

အင်ဒိုနီးရှားတွင် အစားအသောက်ထုတ်လုပ်မှုကဏ္ဍအပေါ် အလေးထားအာရုံစိုက်နေသည်မှာ ဆယ်စုနှစ် တစ်ခုကျော် ရှိခဲ့ပြီ ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ယခင်သမ္မတဟောင်း ဂျိုကို ဝီဒိုဒိုလက်ထက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဂျိုကို ဝီဒိုဒိုက စိုက်ခင်းများ အလုံးအရင်း ဖော်ဆောင်ခြင်းဖြင့် တိုင်းပြည်တွင် စားနပ်ရိက္ခာဖူလုံစေရန် ရည်မှန်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ကလည်း ထိုစီမံကိန်းများကို ဆက်လက်ချဲ့ထွင်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ကြံ (သို့မဟုတ်) ပြောင်းကဲ့သို့သော သီးနှံများမှ ထုတ်လုပ်သည့် ပြန်လည်ပြည့်ဖြိုးမြဲ လောင်စာဖြစ်သော ဘိုင်အို အီသနော ထုတ်လုပ်ရန် အဓိက ဦးတည်ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: World's largest deforestation: Indonesia to clear forests size of Belgium

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service