တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
24 Apr 2025 10:56 am တွင် တင်ခဲ့သည်
676 ကြိမ် ကြည့်ရှု့ပြီး

လူတို့သည် အမှတ်တရ အချိန်ကာလ အခိုက်အတန့်များကို high-end ဟိုတယ်ကြီးများတွင် တည်းခိုကာ luxury ဆန်စွာ ဖြတ်သန်းလေ့ရှိကြသည်။

သို့သော် တရုတ်ပြည်တလွှား နေရာအနှံ့အပြားတွင် အံ့အားသင့်ဖွယ် လမ်းကြောင်းတစ်ခု ခေတ်စားလာလျက် ရှိရာ လူအများစုမှာ အိမ်ငှားနေခြင်းထက် luxury ဟိုတယ်ကြီးများတွင် အချိန်ပြည့် နေထိုင်လာကြခြင်း ဖြစ်သည်။

တရုတ်ပြည်တလွှားရှိ ပြည်နယ်များစွာတွင် သမားရိုးကျ နေအိမ်ငှားရမ်း နေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်သူများ အလွန်များပြားလာလျက် ရှိသည်။

ဟိုတယ်တွင် နေထိုင်ရခြင်းမှာ အိမ်ခန်းရှာဖွေရခြင်း၊ အိမ်ရှင်များနှင့် စကားပြောရခြင်း အစရှိသည့် ဒုက္ခများ မရှိတော့ကြောင်း များစွာသောသူတို့က ပြောကြသည်။

ဟိုတယ်တွင် နေထိုင်ရခြင်း၏ အဆင်ပြေချောမွေ့မှုနှင့် သက်သောင့်သက်သာရှိမှုတို့ကို ၎င်းတို့က နှစ်သက်ကြပြီး ဟိုတယ်တွင် နေထိုင်ရခြင်းမှာ နေအိမ်တစ်လုံး ဝယ်ယူရခြင်းအောက်ပင် ကုန်ကျစရိတ် သက်သာကြောင်း အချို့က ပြောကြသည်။

Audit Central ၏ အချက်အလက်များတွင်လည်း တရုတ်ပြည်တွင် နေအိမ်များထက် ဟိုတယ်များတွင် နေထိုင်သူ များပြားလာနေကြောင်း ဖော်ပြသည်။

၎င်းတို့သည် ဟိုတယ်များတွင် လပေါင်းများစွာ တည်းခိုနေထိုင်နေကြခြင်း ဖြစ်သည်။ အထူးသဖြင့် တရုတ်လူငယ်များအကြားတွင် ဖြစ်သည်။

ဟိုတယ်တွင် တည်းခိုနေထိုင်ရခြင်းမှာ စပေါ်ငွေ ပေးစရာမလိုသည့်အပြင် အကျိုးဆောင်ခလည်း ကုန်စရာ မရှိချေ။

အသက် ၂၄ နှစ်အရွယ်ရှိ gamer တစ်ဦးဖြစ်သူ ဟူက ပြောကြားသည်မှာ တိုက်ခန်းငှားရမ်းနေထိုင်မည်ဆိုလျှင် အိမ်လခ ယွမ် ၂၀၀၀ မှ ၃၀၀၀ ကြားရှိသည်ဟု ဆိုသည်။

ဟိုတယ်တွင် တည်းခိုခမှာ တစ်လလျှင် ယွမ် ၂၅၀၀ ဝန်းကျင်ဖြစ်ကာ ရေဖိုး၊ မီးဖိုးအစရှိသည့် ထပ်ဆောင်းကုန်ကျစရိတ်များ မရှိသောကြောင့် အိမ်ငှားနေရခြင်းအောက် ပိုမိုသက်သာကြောင်း ၎င်းက ပြောသည်။

((ဟိုတယ်၏ amenities များနှင့် အဆင်ပြေလွယ်ကူမှုများ))

ဟိုတယ်ကို အိမ်ထက် သဘောကျကျသည့် အဓိကအချက်မှာ အဆင်ပြေလွယ်ကူမှုများကြောင့် ဖြစ်သည်။

ဟိုတယ်အများစုတွင် WiFi ၊ ပုံမှန် housekeeping ၊ သက်သောင့်သက်သာရှိသောအိပ်ယာ၊ အခန်းဝန်ဆောင်မှု၊ ၂၄ နာရီ ဝန်ဆောင်မှုနှင့် လုံခြုံရေး အစရှိသည်တို့ကို သီးသန့်ကုန်ကျစရာမလိုချေ။

အိမ်ရှင်နှင့် အချေအတင် စကားပြောရခြင်းမျိုးလည်း မရှိ။

နေအိမ် မွမ်းမံထိန်းသိမ်းမှုအတွက်လည်း စိတ်ပူရန် မရှိ။

ထို့အပြင် ဟိုတယ်များသည် အများအားဖြင့် အချက်အခြာကျသော နေရာများတွင် တည်ရှိသောကြောင့် မြေအောက် ဘူတာရုံများ၊ ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များနှင့် ဈေးများသို့ အလွယ်တကူ သွားရောက်နိုင်သည်။

ထိုသို့သော နေရာမျိုးတွင် အိမ်ငှားနေထိုင်မည်ဆိုပါက အိမ်လခ အဆမတန် ပေးရမည် ဖြစ်သည်။

ဟိုတယ်တွင်နေထိုင်ကြသည့် တရုတ်လူငယ်တို့က အဆိုပါ အကျိုးကျေးဇူးများကို ထောက်ပြကြသည်။

၎င်းတို့အနေဖြင့် အိမ်သန့်ရှင်းရေးအတွက် အချိန်ကုန်စရာမလို၊ ရေဖိုးမီးဖိုးလည်း ကုန်စရာမရှိ။

ဟိုတယ်တွင် တည်းခိုနေထိုင်လျှင် စိတ်ကျေနပ်ဖွယ် မနက်စာလည်း ရသေးသည်။ Budget ဟိုတယ်များတွင် တည်းခိုမည်ဆိုလျှင် ကုန်ကျစရိတ် ပိုမို၍ပင် သက်သာသေးသည်။

Budget ဟိုတယ်များတွင် တည်းခိုလျှင်ပင် အိမ်ငှားနေရခြင်းထက် quality of life ပိုမိုမြင့်မားနေသေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Cheaper Than Renting: Why Young People Are Ditching Homes For Hotels

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service