ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
23 Apr 2025 11:44 am တွင် တင်ခဲ့သည်
740 ကြိမ် ကြည့်ရှု့ပြီး

ကင်ညာနိုင်ငံ၊ နာကူရူခရိုင် (Nakuru) တွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးမှာ သဘာဝအရင်းအမြစ်များ တရားမဝင် သယ်ယူမှု သံသယဖြင့် ဖမ်းဆီးခြင်းခံထားရကြောင်း Euronews သတင်းဌာနက ဖော်ပြသည်။

ကင်ညာရဲတပ်ဖွဲ့ဝင်တို့သည် ထိုလူငယ် ၂ ဦး ပိုင်သောပစ္စည်းများကို ရှာဖွေစစ်ဆေးရာတွင် စမ်းသပ်ဖန်ပြွန်ငယ် လေးများအတွင်း ထည့်သွင်းသယ်ယူလာသော ပုရွက်ဆိတ် အကောင် ၅၀၀၀ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုလူငယ်တို့က ပြောသည်မှာ မိမိတို့မှာ ပုရွက်ဆိတ်များကို အပျော်သဘော စုဆောင်းထားခြင်းသာဖြစ်ပြီး တရားဥပဒေနှင့် ညိစွန်းသည်ကို မသိကြောင်း ပြောသည်။

၎င်းတို့ကို နိုင်ရိုဘီမြို့တော်ရှိ တရားရုံးသို့ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့သည်။

တချိန်တည်းတွင်ပင် ကင်ညာနှင့် ဗီယက်နမ်နိုင်ငံသား ၂ ဦးကိုလည်း အဆိုပါ တရားရုံးတွင်ပင် ပုရွက်ဆိတ် မှောင်ခိုကုန်ကူးမှုဖြင့် တရားစွဲထားသည်။

ကင်ညာသစ်တောဌာန (KWS) ၏ ထုတ်ပြန်ချက်အရ ထိုသူတို့သည် အင်းဆက်များကို အာရှနှင့် ဥရောပရှိ ဈေးကွက်များသို့ တရားမဝင်မှောင်ခိုကုန်ကူးသည့်အဖွဲ့ဝင်များဖြစ်ကြောင်း ဖော်ပြသည်။

“ပုရွက်ဆိတ်တွေကို တရားမဝင်တင်ပို့မှုဟာ ကင်ညာရဲ့ ဇီဝမျိုးကွဲတွေအပေါ် ထိခိုက်အားနည်းစေရုံမျှမက ဒေသတွင်း အသိုက်အဝန်းနဲ့ သုတေသနအင်စတီကျူးရှင်းတွေအတွက် စီးပွားရေးအကျိုးစီးပွားနဲ့ ဂေဟဗေဒ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေပါတယ်” ဟု KWS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကင်ညာနိုင်ငံတွင် ယခင်က ဆင်၊ ကြံ့နှင့် သင်းခွေချပ်တို့ကဲ့သို့ တောရိုင်းတိရ စ္ဆာန်အကောင်ကြီးများနှင့် ထွက်ကုန်များ တရားမဝင် ရောင်းဝယ်မှုကို နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရသည်။

မကြာသေးမီကာလများတွင် ပေါ်ပေါက်လာသော အမှုများတွင်မူ မှောင်ခိုကုန်ကူးမှု လမ်းကြောင်း ပြောင်းလဲသွားပြီး အလွယ်တကူ သတိမမူနိုင်မည့် သေးငယ်သော သတ္တဝါများဘက်သို့ ကူးပြောင်းသွားသည်။

ဘယ်လ်ဂျီယံနိုင်ငံသားများထံမှ သိမ်းဆည်းရရှိသော ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။

ပုရွက်ဆိတ်တို့၏ ဈေးနှုန်းမှာ မျိုးစိတ်နှင့် ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ကြောင်း ကင်ညာ အာဏာပိုင်တို့က ပြောသည်။

အာဖရိက တောရိုင်းဖောင်ဒေးရှင်း၏ သဘာဝတောရိုင်း ထိန်းသိမ်းရေးဆိုင်ရာ ဒုတိယ ဥက္ကဌ ဖိလစ် မူရူသီ (Philip Muruthi) က “ပုရွက်ဆိတ်တွေဟာ မြေသြဇာကို ပိုမိုကောင်းမွန်စေပြီး မျိုးစေ့တွေ အညှောက်ထွက်ဖို့ အတွက်လည်း အထောက်အကူဖြစ်စေတဲ့အပြင် ငှက်တွေရဲ့ အစားအစာလည်း ဖြစ်ပါတယ်။ ဒီလို မျိုးစိတ်တွေအတွက် ဈေးကွက်ရှိနေရင် တရားမဝင်ကုန်သွယ်မှုတွေကို အရေးယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သဘာဝအရင်းအမြစ်တွေကို ရယူဖို့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိပါဘူး” ဟု ပြောသည်။

ပုရွက်ဆိတ် တရားမဝင်ကုန်သွယ်မှုနှင့် စပ်လျဉ်းပြီး သံသယရှိသူအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့ (ဧပြီလ ၂၃ ရက်) တွင် အမှုစတင်ကြားနာစစ်ဆေးမည်ဟု သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Young men detained in Kenya with 5,000 ants (zamin)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service