တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း - Property News in Myanmar from iMyanmarHouse.com
11 Apr 2025 9:34 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး

စွဲလမ်းမှုဟူသည် မည်သည့်စွဲလမ်းမှုမျိုးဖြစ်စေ လူကို ဘဝပျက်စေနိုင်သည့်အရာမျိုး ဖြစ်လာနိုင်သည်။

လူတို့၏ စွဲလမ်းမှုများစွာအနက် ဆေးလိပ်မှာ ဖြတ်ရခက်သော စွဲလမ်းမှုများထဲတွင် တစ်ခုပါသည်။

ဆေးလိပ်ဖြတ်ရန်အတွက် ခိုင်မာသောစိတ်ဇွဲနှင့် ကြီးမားသော စိတ်တန်ခိုးတို့ လိုအပ်သည်။

ဆေးလိပ်ဖြတ်ရန် ကြိုးစားကြသူ အနမတဂ္ဂရှိသည့်အနက် အနည်းငယ်မျှသော ပမာဏသာ အောင်အောင်မြင်မြင် ဆေးလိပ်ပြတ်သွားကြသည်။

(၂၆ နှစ်တာ ဆေးလိပ်စွဲခဲ့သော တူရကီအမျိုးသားက ဆေးလိပ်ဖြတ်ရန်အလို့ငှာ ဦးခေါင်းကို လှောင်အိမ်စွပ်ထားသည့်ဖြစ်ရပ်မှာ ကျော်ကြားပျံ့နှံ့ခဲ့သည်။ ဓာတ်ပုံ-X/ @PicturesFolder)

((အီဘရာဟင် ယူဂျဲလ်၏ ထူးဆန်းသော ဆေးလိပ်ဖြတ်နည်း))

တူရကီနိုင်ငံတွင် အီဘရာဟင် ယူဂျဲလ် (Ibrahim Yucel ) အမည်ရှိ အမျိုးသားတစ်ဦး၏ ထူးဆန်းသော ဆေးလိပ်ဖြတ်နည်းမှာ အွန်လိုင်းတခွင် ကျော်ကြားပျံ့နှံ့ခဲ့သည်။

ယူဂျဲလ်က ၂၆ နှစ်တာစွဲလမ်းခဲ့သော ဆေးလိပ်ကို ကျောခိုင်းရန် သူတကာထက်ထူးသော နည်းလမ်းကို အသုံးပြုခဲ့သည်။

NDTV သတင်းဌာန၏ ဖော်ပြချက်အရ ယူဂျဲလ်သည် သူ၏ဦးခေါင်းတွင် ဆိုင်ကယ်ဦးထုပ်သဖွယ် သံလှောင်အိမ်တစ်ခု စွပ်ထားပြီး ထိုနည်းဖြင့် ဆေးလိပ်ဖြတ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

လှောင်အိမ်ကို သော့ခတ်ထားကာ ဇနီးထံ သော့အပ်ထားသည်။

ယူဂျဲလ်သည် ဆေးလိပ်အလွန်စွဲနေသူဖြစ်ပြီး တစ်ရက်လျှင် စီးကရက် ၂ ဘူးနှုန်းဖြင့် နှစ်ပေါင်း ၂၀ ကျော် ဆေးလိပ်သောက်ခဲ့သည်။

ဆေးလိပ်ဖြတ်ရန် အကြိမ်ကြိမ် အားထုတ်ခဲ့ဖူးသည်။

အထူးသဖြင့် သားသမီးများ၏ မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့ အစရှိသော အမှတ်တရ နေ့ရက်မျိုးတွင် ဆေးလိပ်ဖြတ်မည်ဟု ကြိုးစားလေ့ရှိသည်။ သို့သော် မအောင်မြင်ခဲ့။ ရက်အနည်းငယ်ကြာလျှင် ဆေးလိပ်ပြန်သောက်သည်။

ဆေးလိပ်ဖြတ်ရန်အတွက် ထိုမျှ ကြံကြံစည်စည် ကြိုးစားခဲ့သော ယူဂျဲလ်တစ်ယောက် ဆေးလိပ်ပြတ်သွားခြင်း ရှိ၊ မရှိကိုမူ မသိရချေ။

((ဆေးလိပ်သောက်ခြင်း၏ အကျိုးဆက်များ))

ဆေးလိပ်၏ ဆိုးကျိုးများ များပြားလှသည်။

သောက်သုံးသူသာမက ၎င်း၏ ပတ်ဝန်းကျင်ရှိ တဆင့်ခံ ရှုရှိုက်ရသူတို့ပါ ဆိုးကျိုးများ ခံစားရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ထုတ်ပြန်သော အချက်အလက်များအရ နှစ်စဉ် ဆေးလိပ်ကြောင့် သေဆုံးရသူ ၈ သန်းကျော် ရှိသည်ဟု ဆိုသည်။

သေဆုံးမှု အများစုမှာ ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် ဝင်ငွေအလတ်တန်း နိုင်ငံများတွင် ဖြစ်သည်။

ဆေးလိပ်ကုမ္ပဏီများ အင်တိုက်အားတိုက် ကြော်ငြာ ရောင်းချကြသည်မှာလည်း အဆိုပါနိုင်ငံများတွင် ဖြစ်နေသည်။

တဆင့်ခံ ဆေးလိပ်ငွေ့ရှူရသူများသည်လည်း ဆိုးကျိုးများ ကြီးမားစွာခံစားရသည်။

နှစ်စဉ် တဆင့်ခံ ဆေးလိပ်ငွေ့ရှူရသူပေါင်း ၁ ဒသမ ၂ သန်းခန့် သေဆုံးရလျက်ရှိသည်ဟု ဆိုသည်။

ကမ္ဘာတဝန်း သေဆုံးနေသော ကလေးငယ်များ အားလုံး၏ ထက်ဝက်ခန့်မှာ ဆေးလိပ်ငွေ့များကြောင့် သေဆုံးရခြင်းဖြစ်ပြီး နှစ်စဉ် တဆင့်ခံ ဆေးလိပ်ငွေ့ရှူရခြင်းကြောင့် သေဆုံးခဲ့သည့် ကလေးငယ်ပေါင်း ၆၅၀၀၀ ခန့် ရှိသည်။

ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်ခြင်းကြောင့်လည်း မွေးဖွားလာမည့်ကလေးတွင် ဘဝတာ တစ်လျှောက်လုံး ကျန်းမာရေးပြဿနာများ ရင်ဆိုင်ရနိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Turkish man attempts to quit smoking by locking his head in a metal cage, wife holds the keys Photo Credit- X/ @PicturesFolder

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service