အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
11 Apr 2025 9:17 am တွင် တင်ခဲ့သည်
627 ကြိမ် ကြည့်ရှု့ပြီး

မိဘတို့သည် မိမိတို့၏ သားသမီးများကို လူတကာထက် ထင်ပေါ်စေလိုသောကြောင့် ထူးထူးခြားခြား နာမည်မျိုး ရွေးချယ်နာမည်ပေးကြခြင်းမှာ မဆန်းလှ။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆိုလျှင် သူ၏သားဖြစ်သူကို X Æ A-12 Musk ဟု အမည်ပေးထားသည်။

ထို စကားလုံးကို မည်သူမှ အသံမထွက်တတ်သောကြောင့် Elon Musk ကိုယ်တိုင် မည်သို့ အသံထွက်ရကြောင်း ရှင်းပြခဲ့ရသည်။

X Æ A-12 Musk အသံထွက်မှာ အိက်စ် အက်စ် အေတွဲ မတ်စ် ဟု ဖြစ်သည်။

အင်ဒိုနီးရှားတွင်လည်း ကလေးငယ်တစ်ဦးမှာ ထူးဆန်းသော နာမည်ကြောင့် လူမှုကွန်ရက်တွင် နာမည်ကြီးခဲ့သည်။

အမျိုးသားတစ်ဦးက သူ၏သားငယ်ကို မည်သူနှင့်မှ မတူစေရန် အင်္ဂလိပ်အက္ခရာ၏ ရှေ့ အက္ခရာ ၁၁ လုံးဖြစ်သော “အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ” (ABCDEF GHIJK) ဟု အမည်ပေးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၊ Muara Enin ခရိုင်ရဲတပ်ဖွဲ့က ကြီးမှူးကာ ကာကွယ်ဆေးထိုးပေးခဲ့ရာတွင် ၁၂ အရွယ် ယောက်ျားလေးတစ်ဦး၏ ထူးဆန်းသောနာမည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးမည့်သူများစာရင်းတွင် အဆိုပါကောင်လေး၏ အမည်ကို တွေ့ရှိချိန်တွင် ဆရာဝန်၊ သူနာပြုတို့က နောက်ပြောင်ရေးသားထားခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။

သို့သော် ၎င်း၏ မှတ်ပုံတင်တွင် ဖော်ပြထားသော တရားဝင်အမည်မှာလည်း ABCDEF GHIJK ဟု ဖြစ်နေသည်ကို ထူးဆန်းစွာ တွေ့လိုက်ရရာ ဆရာဝန်၊ သူနာပြုတို့ မယုံနိုင်အောင် အံ့အားသင့်သွားကြသည်။

ရဲအရာရှိတစ်ဦးက ကလေးငယ်၏ မှတ်ပုံတင်စာရွက်စာတမ်းများနှင့် သူ၏အမည် ABCDEF GHIJK ကို ပန်းစာလုံးရေးထိုးထားသော အဝတ်အစားတို့အား ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်တွင် မျှဝေခဲ့ရာ များစွာဂယက်ရိုက် ပျံ့နှံ့သွားသည်။

Liputan6 ၏ ဖော်ပြချက်အရ အလယ်တန်းကျောင်းသားလေးဖြစ်သော ABCDEF GHIJK က ပြောသည်မှာ ကျောင်းနေစဉ်ကာလများအတွင်း ကနဦးတွင် မိမိ၏ ထူးဆန်းသော နာမည်အပေါ် လှောင်ပြောင်ခြင်း၊ bully လုပ်ခြင်းများ ခံခဲ့ရကြောင်း၊ သို့သော် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ထိုနာမည်အပေါ် ဂုဏ်ယူမိကြောင်း ပြောသည်။

သို့သော် ထိုကလေးငယ်မှာ ခေါ်ရလွယ်သည့် နာမည်အဖြစ် အဒက်ဖ် (Adef) ဟုသာ လူအများက ခေါ်ကြသည်။

ကလေးငယ်၏ ဖခင်ဖြစ်သူ Zulfahmi က သတင်းထောက်များကို ပြောသည်မှာ အဒက်ဖ် မမွေးမီ ၆ နှစ်ခန့်ကတည်းက ထိုနာမည်ကို ရွေးချယ်ထားခြင်းဖြစ်ကြောင်း ပြောသည်။ မိမိမှာ crossword ဉာဏ်စမ်းပဟေဠိများ အလွန်ဝါသနာပါသူဖြစ်ပြီး စာရေးဆရာတစ်ဦးဖြစ်လာရန် အိပ်မက်များရှိခဲ့ကြောင်း Zulfahmi က ပြောသည်။

မိမိသည် အက္ခရာများကို နှစ်သက်မြတ်နိုးသူဖြစ်ပြီး ဒုတိယမွေးလာမည့်ရင်သွေးကို NOPURSTUV ဟု လည်းကောင်း၊ တတိယကလေးကို XYZ ဟုလည်းကောင်း ဆက်လက်နာမည်ပေးရန် ရည်မှန်းခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် Zulfahmi ၏ ဇနီးက နောက်ကလေးများတွင် ထိုအမည်များပေးခြင်းကို လက်မခံခဲ့ပုံ ရသည်။

နောက်မွေးလာသည့် သား ၂ ဦးကို ammar နှင့် Attur ဟု အမည်ပေးထားသည်။ ၁၂ နှစ်အရွယ် ကလေးငယ်၏အမည် အပြည့်အစုံမှာ ABCDEF GHIJK Zuzu ဟု ဖြစ်သည်။

နောက်ဆုံးအမည် Zuzu မှာ မိဘနှစ်ပါး၏ နာမည်များဖြစ်သော Zuhro နှင့် Zulfahmi တို့၏ အစစာလုံးများကို ယူထားခြင်းဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Indonesian boy goes viral for his unique name, ‘ABCDEF GHIJK Zuzu’

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service