ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန်းကလေးမှာ နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ် များစွာကို ကြော်ငြာပေးရသည့် မော်ဒယ်တစ်ဦး ဖြစ်လာပုံ - Property News in Myanmar from iMyanmarHouse.com
16 Apr 2025 12:21 pm တွင် တင်ခဲ့သည်
2987 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းနိုင်ငံတွင် ရုရှားဓာတ်ပုံဆရာတစ်ဦးနှင့် ဆုံစည်းခဲ့သော လမ်းတံမြက်စည်းလှည်းရသည့် မိန်းကလေးတစ်ဦးသည် ထိုင်းတွင် နေ့ချင်းညချင်း နာမည်ကြီးကာ နာမည်ကြီး ကုန်စည်အမှတ်တံဆိပ်များကို ကြော်ငြာပေးသည့် မော်ဒယ်တစ်ဦးဘဝသို့ ရောက်ရှိသွားသည်။

ထိုင်းမိန်းကလေးတစ်ဦးဖြစ်သူ နိုဗာဂျစ် မီး ဆွန်ဘွန်ဆာတီ (Noppajit Meen Somboonsate) ၏ ဘဝမှာ ဝတ္ထုဇာတ်လမ်း၊ ရုပ်ရှင်ဇာတ်လမ်းထက်ပင် ဆန်းကြယ်နေပြီး ဆင်းဆင်းရဲရဲဘဝမှ နေ့ချင်းညချင်း ချမ်းသာကြွယ်ဝသူ ဘဝသို့ ရောက်သွားသော ဇာတ်လမ်းမျိုး ဖြစ်သည်။

ဆွန်ဘွန်ဆာတီသည် အသက် ၂၈ နှစ်အရွယ်ရှိပြီး ကလေး ၂ ဦး၏ မိခင်ဖြစ်သည်။

၎င်းကို ဘန်ကောက်မြို့ရှိ လမ်းတစ်ခုပေါ်တွင် ရုရှားဓာတ်ပုံဆရာ Semyon Rezchikok က အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လမ်းပေါ်တွင် သန့်ရှင်းရေးလုပ်နေသော ဆွန်ဘွန်ဆာတီ၏ သဘာဝအတိုင်း ရိုးရိုးရှင်းရှင်းရှိနေသည့်အလှမှာ ရုရှားဓာတ်ပုံဆရာ Rezchikok အား ဖမ်းစားနိုင်ခဲ့သည်။

Rezchikok က ဆွန်ဘွန်ဆာတီအား အဝေးတစ်နေရာမှ ဓာတ်ပုံရိုက်ယူခဲ့သည်။

ထိုသို့ မိမိအား ဓာတ်ပုံရိုက်နေသည်ကို ဆွန်ဘွန်ဆာတီ သတိပင် မထားမိခဲ့။

ထိုဓာတ်ပုံကို ဆွန်ဘွန်ဆာတီထံ ချဉ်းကပ်သွားကာ ၎င်းရိုက်ကူးထားသည့် ဓာတ်ပုံကို ပြသခဲ့ပြီး ၎င်း၏ အလှကို ချီးကျူးခဲ့သည်။

ထိုသို့ ဆွန်ဘွန်ဆာတီနှင့် တွေ့ဆုံစကားပြောခဲ့ပုံကိုလည်း Rezchikok က ဖုန်းဖြင့် ဗွီဒီယိုဖိုင် ရိုက်ကူးထားခဲ့သည်။

ယင်းဗွီဒီယိုဖိုင်ကို Rezchikok က သူ၏ TikTok အကောင့်တွင် တင်ခဲ့ရာ ချက်ချင်းပင် ပျံ့နှံ့ဂယက်ရိုက်သွားခဲ့သည်။

လူမှုကွန်ရက်သုံးစွဲသူတို့မှာ လမ်းပေါ်တံမြက်စည်းလှည်းသည့် မိန်းကလေး၏အလှကို အံ့အားသင့်ခဲ့ကြပြီး ဆွန်ဘွန်ဆာတီအကြောင်း ပိုမိုသိလိုလာကြသည်။

ယင်းနောက် မကြာမီတွင် ဆွန်ဘွန်ဆာတီထံသို့ သတင်းမီဒီယာများနှင့် မော်ဒယ်အေဂျင်စီများ တဖွဲဖွဲရောက်လာကြသည်။

ဆွန်ဘွန်ဆာတီက ထိုင်းသတင်းမီဒီယာများစွာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်မှာ မိမိသည် လမ်းတံမြက်စည်းလှည်းသူအဖြစ် လုပ်ကိုင်နေသည်မှာ တစ်နှစ်ခန့်ရှိခဲ့ပြီဖြစ်ကြောင်း၊ မိမိအလုပ်အပေါ် ပျော်ရွှင်နှစ်သက်ကျေနပ်ကြောင်း ပြောကြားသည်။

မိမိအပေါ် လူအများက ရုတ်ချည်းအာရုံစိုက်လာကြခြင်းအပေါ် အလွန်အံ့သြမိကြောင်းလည်း ဆွန်ဘွန်ဆာတီက ပြောသည်။

ရုရှားဓာတ်ပုံဆရာ Rezchikov နှင့် အချိန်တိုလေး တွေ့ဆုံခဲ့မှုမှာ ဤမျှဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ကြောင်း လည်း ၎င်းက ပြောသည်။

သို့သော် ထိုအခြေအနေမှာ အစသာ ရှိသေးသည်။

ဆွန်ဘွန်ဆာတီ လျှမ်းလျှမ်းတောက် ကျော်ကြားလာပြီးနောက် နာမည်ကြီး ထိုင်းမိတ်ကပ်ဆရာ ချက်ချိုင်း ပီအန်ဖော်ပီချာ့(Chatchai Peanfapichart) က ဆွန်ဘွန်ဆာတီအား ရုပ်ရှင်ဇာတ်ကားတစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းလာခဲ့သည်။

Nong Chat ဟု လူသိများသော ချက်ချိုင်းက ဆွန်ဘွန်ဆာတီနှင့် တွေ့ဆုံရာတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများမှာ ထပ်မံ၍ ဟိုးလေးတကြော် ဖြစ်ခဲ့ပြန်သည်။

လက်ရှိအချိန်တွင် ဆွန်ဘွန်ဆာတီမှာ ထိုင်း၏ လူပြောအများဆုံးအကြောင်းရပ်များတွင် တစ်ခုအပါအဝင် ဖြစ်နေသည်။

ဆွန်ဘွန်ဆာတီမှာ လက်ရှိအားဖြင့် ချက်ချိုင်း၏ Browit အမှတ်တံဆိပ် အလှကုန်များကို ကြော်ငြာရိုက်ကူးပေးနေသည်။

အခြားကုန်စည်အမှတ်တံဆိပ်များ၊ Marketing Agency များကလည်း ၎င်းတို့နှင့် လက်တွဲရန် ကမ်းလှမ်းမှုများ ပြုလုပ်လျက်ရှိသည်။

ဆွန်ဘွန်ဆာတီက မကြာသေးမီတွင် ပြောလာသည်မှာ မိမိလုပ်ကိုင်နေသည့် နေ့ဘက်အလုပ်ဖြစ်သော တံမြက်စည်းလှည်းသည့်အလုပ်ကို ရပ်နားလိုက်ပြီဖြစ်ပြီး အသစ်တွေ့ရှိလာသည့် နယ်ပယ်သစ်ကို အာရုံစိုက်သွားမည်ဖြစ်ကြောင်း ပြောသည်။

(ဆက်စပ်သတင်း)

လမ်းဘေး သူတောင်းစားမလေးဘဝမှ နာမည်ကြီး မော်ဒယ်ဘဝရောက်ရှိခဲ့သူ https://www.imyanmarhouse.com/news/read/942744

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Sweeping success: Bangkok road cleaner gets devilish makeover (Thaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service