ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အိပ်မက်များ…။
အိပ်မက်တို့သည် အတွေးများဖြစ်လာပြီး အတွေးမှတဆင့် လက်တွေ့အကောင်အထည်ဖော်မှုသို့ ရောက်ရှိကြသည်။
ထိုသို့အဆင့်ဆင့် ဖြစ်တည်ပုံကို ကာရ်ဆန်း ဘာဟီး ပတေး၏ စိတ်ခွန်အားပေးနိုင်သော ဘဝဇာတ်လမ်းက အကောင်းဆုံး သက်သေပြနေသည်။
မိမိတို့၏ အိပ်မက်များအတိုင်း ကြီးကျယ်ခမ်းနား အောင်မြင်သော ဘဝများကို ရရှိခဲ့သူ များစွာရှိသည်။
ထိုသူတို့သည် သုညဘဝမှ စခဲ့ကြပြီး ပင်ပန်းဆင်းရဲမှုမျိုးစုံကို ခါးစီးကာ ကြံ့ကြံ့ခံရင်း စိတ်ရှည်ခြင်း၊ အပြင်းအထန်ကြိုးစားခြင်းတို့ဖြင့် မည်သူမှ မထင်မှတ်ခဲ့သော အောင်မြင်မှု မှတ်တိုင်များ စိုက်ထူခဲ့ကြသည်။
((ကာရ်ဆန်း ဘာဟီး ပတေး ဘယ်သူလဲ))
တချိန်က ဆပ်ပြာမှုန့်များကို တစ်အိမ်ဝင်တစ်အိမ်ထွက် စက်ဘီးဖြင့် လိုက်လံရောင်းချခဲ့သော ကာရ်ဆန် ဘာဟီး ပတေးသည် ယခုအခါ နာမည်ကြီး Nirma ဆပ်ပြာမှုန့်အမှတ်တံဆိပ်၏ တည်ထောင်သူ ဖြစ်လာသည်။
သူ၏ ဘဝဇာတ်ကြောင်းမှာ မိမိတို့၏ အိပ်မက်များကို ကြီးကျယ်ခမ်းနားသည့် အခြေသို့ရောက်အောင် ကြိုးစားနေသူများအတွက် ခွန်အားတစ်ခု ဖြစ်သည်။
Times Now သတင်းဌာန၏ ဖော်ပြချက်အရ ပတေး၏ လက်ရှိ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံရှိသည်ဟု ခန့်မှန်းထားသည်။
အိန္ဒိယငွေအားဖြင့် ရူပီး ကုဋေ ၂၃၀၀၀ ဖြစ်သည်။
Nirma ဆပ်ပြာမှုန့်အမှတ်တံဆိပ်၏ အောင်မြင်မှုမှာ ကြီးမားလှရာ ပြိုင်ဘက်များဖြစ်သော Unilever နှင့် Procter & Gamble တို့အနေဖြင့် ယှဉ်ပြိုင်နိုင်ရန် မလွယ်လှချေ။ ကာရ်ဆန်း ဘာဟီး ပတေးသည် အိန္ဒိယနိုင်ငံ ၊ ဂူဂျာရတ်ပြည်နယ်ရှိ လယ်သမား မိသားစုတစ်ခုတွင် မွေးဖွားသည်။
ဓာတုဗေဒဖြင့် BSc ဘွဲ့ရချိန်တွင် အသက် ၂၁ နှစ်အရွယ်ဖြစ်သည်။
ဘွဲ့ရပြီးနောက် ဓာတ်ခွဲခန်းအကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
လစာ မစို့မပို့သာရသောကြောင့် ပတေးက မိသားစုအတွက် ပိုမိုကောင်းမွန်သည့်ဘဝ ရရှိစေရန် ကိုယ်ပိုင်လုပ်ငန်းတစ်ခု အကောင်အထည်ဖော်နိုင်ရေး မျှော်လင့်အိပ်မက်ထားသည်။
((အိန္ဒိယထိပ်တန်း ဆပ်ပြာမှုန့်အမှတ်တံဆိပ် Nirma မွေးဖွားခြင်း))
ပတေးသည် ဈေးကွက်အလားအလာကို တွက်ဆမိပြီး လူတိုင်းတတ်နိုင်မည့် ဈေးသက်သာသော ဆပ်ပြာမှုန့် ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ပတေးသည် ၁၉၆၅ ခုနှစ်တွင် သူ၏ အိမ်နောက်ဘက် ခြံဝန်းအတွင်း ဆပ်ပြာမှုန့် ထုတ်လုပ် ထုပ်ပိုးကာ စတင်ရောင်းချခဲ့သည်။
အနီးဝန်းကျင်ရပ်ကွက်များသို့ စက်ဘီးတစ်စီးဖြင့်လှည့်လည်ကာ သူ၏ လက်ဖြစ် ဆပ်ပြာမှုန့်ထုပ်များကို တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့သည်။
ပတေးက ဈေးကွက်တွင် အောင်မြင်နေသော ဆပ်ပြာမှုန့်များ၏ ဈေးအောက် ၃ ဆခန့် နည်းပါးသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး ချက်ချင်းဆိုသလိုပင် အောင်မြင်မှုရလာသည်။
ပတေးက ဆပ်ပြာမှုန့်၏ နာမည်ကို ကွယ်လွန်သွားပြီဖြစ်သော သမီးငယ် နိရုပါမာကို ရည်စူးသောအားဖြင့် အမည်ပေးခဲ့ခြင်း ဖြစ်သည်။
((Nirma ကျော်ကြားလာခြင်း))
ပတေး၏ ဆပ်ပြာမှုန့်မှာ အရည်အသွေးမြင့်မားပြီး ဈေးချိုသောကြောင့် လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့သည်။
ဆယ်စုနှစ်တစ်ခု ဖြတ်သန်းပြီးသောအခါ Nirma သည် အိန္ဒိယတစ်နိုင်ငံလုံးတွင် အရောင်းရဆုံး ဆပ်ပြာမှုန့် ဖြစ်လာခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် Nirma သည် Emami Cement ဘိလပ်မြေကုမ္ပဏီကို ရူပီး ကုဋေ ၅၅၀၀ (ကန်ဒေါ်လာ သန်း ၆၉၀) ဖြင့် ဝယ်ယူခဲ့သည်။
အဆိုပါကုန်ထုတ်လုပ်မှုများမှာ လုပ်သားအင်အားများစွာလိုအပ်ရာ Nirma သည် အိန္ဒိယ၏ ထိပ်တန်းအလုပ်ရှင် ဖြစ်လာသည်။
ပတေး၏ လက်တွေ့ကျသည့် ချဉ်းကပ်မှု၊ မယိမ်းယိုင်သော ဇွဲ၊ မဆုတ်မနစ်သော လုံ့လတို့ကြောင့် သူ၏ ထုတ်ကုန်မှာ စားသုံးသူတို့အကြား ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာခဲ့ကြသည်။
ဝယ်လိုအား ကြောက်ခမန်းလိလိမြင့်တက်လာသောကြောင့် ပတေးမှာ ထုတ်လုပ်မှုများ တိုးမြှင့်လာရသည်။
Nirma ၏ အောင်မြင်မှုမှာ လျင်မြန်စွာကြီးထွားလာခဲ့ပြီး ပတေး၏လုပ်ငန်းမှာ အိန္ဒိယတစ်နိုင်ငံလုံး ကျော်ကြားသွားခဲ့သည်။
ယနေ့အခါ ပတေးမှာ ကမ္ဘာ့အဆင့် စက်မှုလုပ်ငန်းရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသည်။
Nirma သည် အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အမီဒါဘက်မြို့တွင် အခြေစိုက်သည်။ Nirma သည် ကမ္ဘာ့အကြီးမားဆုံး ဆပ်ပြာမှုန့် အမှတ်တံဆိပ်များတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်နေသည်။
ထို့အပြင် ကမ္ဘာ့အကြီးမားဆုံး ဆိုဒါပြာထုတ်လုပ်သူလည်း ဖြစ်လာသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Inspiring Journey of Karsanbhai Patel: From Door-to-Door Sales to the owner of a $3.3 Billion