[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း - Property News in Myanmar from iMyanmarHouse.com
14 Apr 2025 1:42 pm တွင် တင်ခဲ့သည်
567 ကြိမ် ကြည့်ရှု့ပြီး

အီရန်နိုင်ငံ အရှေ့မြောက်ပိုင်း မက်ရှားမြို့တွင် ‘အော်သံ တောအုပ်’ ရှိပြီး တောနက်နက်အတွင်း ခြောက်ခြားဖွယ် အသံကြီးများ ပဲ့တင်ထပ်နေမှုမှာ နာမည်ကြီးသည်။ ခြောက်ခြားဖွယ် ဝန်းကျင်မျိုးရှိကာ ဆန်းကြယ်သော အသံကြီးများကြောင့် စိတ်ဝင်တစား လာရောက်စူးစမ်းသည့် ခရီးသွားများ ရှိသည်။ မက်ရှား အော်သံတောအုပ်သည် အီရန်၏ ကျောချမ်းဖွယ် အကောင်းဆုံး တောအုပ်များတွင် တစ်ခုအပါအဝင်အဖြစ်လည်း လူသိများပြီး လျှို့ဝှက်နက်နဲမှုများ အတိပြီးနေကာ စိတ်ဝင်စားဖွယ်နေရာတစ်ခု ဖြစ်နေသည်။ ဒေသခံတို့ပြောသော ဒဏ္ဍာရီများအရ အဆိုပါတောအုပ်သည် ကျိန်စာသင့်နေပြီး အာရေးဗီးယား နတ်ဖြစ်သော ဂျင်းနှင့် အခြားမိစ္ဆာများ ရှိနေသည့်တောဖြစ်သည်ဟု ဆိုသည်။ အချို့ကဆိုသည်မှာမူ တောနက်ကြီးအတွင်း အကာလ ညအခါများတွင် ကြားရလေ့ရှိသည့် ခြောက်ခြားဖွယ် အသံကြီးများမှာ ဒေသတွင်းတွင် ချက် (သို့မဟုတ်) ဇန်ဂျီရာဟုခေါ်ကြသော ပုစဉ်းရင်ကွဲမျိုး၏ အော်မြည်သံဖြစ်သည်ဟု ဆိုကြသည်။ ကျောချမ်းခြောက်ခြားဖွယ်ရာများဖြင့် နာမည်ကြီးသော်လည်း အော်သံတောအုပ်သည် မြင့်မြင့်စွင့်စွင့်ရှိသော သစ်ကြီးဝါးကြီးများရှိကာ သစ်ပင်မျိုးစိတ်စုံလင်ပြီး သာယာသည့်ရှုခင်းများ ပေါများသည့်နေရာတစ်ခု ဖြစ်သည်။

 

((မက်ရှား အော်သံတောအုပ်၏ သမိုင်းကြောင်း)) မက်ရှား အော်သံတောအုပ် (သို့မဟုတ်) ဂျန်းဂဲ အီဂျေးတွင် တမူထူးသော ခြောက်ခြားဖွယ် သမိုင်းကြောင်း ရှိနေပြီး ဒေသဒဏ္ဍာရီနှင့် သဘာဝတရား၏ လျှို့ဝှက်ဆန်းကြယ်မှုတို့အပေါ် အခြေတည်နေသည်။ ဆရ်ဗား (Sarbarj) အမည်ရှိ ကျေးရွာတစ်ခုအနီးတွင် တည်ရှိသော မက်ရှားတောအုပ်သည် ကျေးရွာနှင့် အမည်တူ ဆရ်ဗားမြစ်နှင့်လည်း ဆက်နွှယ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆရ်ဗားမြစ်သည် ရေဖောင်ဖောင်စီးခဲ့ပြီး နောက်ပိုင်းတွင်ကား ရေမရှိတော့ သည့် မြစ်ကောတစ်ခု ဖြစ်သွားသည်။ ၂၀၁၁ ခုနှစ်အထိမူ ရံဖန်ရံခါ ရေစီးရှိခဲ့သေးသည်။

သို့သော် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ဆရ်ဗားမြစ်မှာ ဆန်းကြယ်စွာ ရေအပြည့်ပြန်ဖြစ်လာသည်။ ထိုသို့ ဆရ်ဗားမြစ်ကြီး ရေအတိပြီးသည့် အခြေအနေသို့ ပြန်ရောက်လာချိန်တွင် မက်ရှားတောအုပ်ကြီးအတွင်း အကာလ ညအခါများတွင် ထူးဆန်းသောအသံကြီးများ ကြားလာရသည်။ ဒေသခံတို့က ပြောသည်မှာ အဆိုပါအသံကြီးများမှာ စိတ်နယ်လွန်ဖြစ်ရပ်ဆန်းများဖြစ်ပြီး တောအုပ်မှာ ကျိန်စာသင့်နေကြောင်း၊ ဂျင်နတ်က ခြောက်လှန့်နေခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ဆန်းကြယ်သည့် အသံနက်ကြီးများကြားရသည့်သတင်းမှာ တောမီးပမာ ပျံ့နှံ့သွားသည်။ ဒေသခံများစွာ၏ ပြောကြားချက်အရ ညအခါတွင် မက်ရှားတောသို့ မိစ္ဆာများ ရောက်လာကြပြီး စူးစူးရွားရွား အော်ဟစ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ဒဏ္ဍာရီများကြောင့် မက်ရှားအော်သံတောအုပ်ကြီးမှာ အီရန်၏ ကျောချမ်းဖွယ်အကောင်းဆုံး တောအုပ်ဟု အမည်တွင်လာတော့သည်။

 

((ဒေသခံတို့ ပြောသော ဒဏ္ဍာရီများ)) မက်ရှား အော်သံတောကြီး၏ ခြောက်ခြားဖွယ်အသံကြီးများနှင့် ပတ်သက်ပြီး ယုံတမ်းစကားများ၊ အယူအဆများ များစွာရှိနေသည်။ အယူအဆတစ်ခုမှာ ထိုအသံကြီးများမှာ လေတိုးသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ လေက သစ်ပင်များ၊ သစ်ရွက်များကို ဖြတ်သန်းတိုက်ခတ်ချိန်တွင် သမားရိုးကျမဟုတ်သော လေချွန်သံ၊ အော်သံများ ထွက်လာခြင်းဖြစ်နိုင်သည်ဟု အချို့က ယူဆသည်။ သို့သော် လေမတိုက်သောအခါများတွင်လည်း ညအချိန်များ၌ တောနက်ကြီးအတွင်း ထူးဆန်းသော အသံကြီးများ ကြားနေရခြင်းကြောင့် ထိုအယူအဆမှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လာသည်။ ထို့အပြင် ဆရ်ဗားမြစ်ကြီး ပြန်လည်ပေါ်ပေါက်မလာမီ ၂၀၁၁ ခုနှစ်မတိုင်မီက အဘယ်ကြောင့် ဆန်းကြယ်သော အသံကြီးများ မကြားခဲ့သနည်း။ အခြားအယူအဆတစ်ခုမှာ မက်ရှားတောအုပ်သို့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ကျိုင်းကောင်များ အုပ်စုဖွဲ့ရောက်ရှိလာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထိုကာလမှာ ဆရ်ဗားမြစ်ကြီး ပြန်လည်ပေါ်ပေါက်လာချိန်လည်း ဖြစ်သည်။ ဆန်းကြယ်သော အသံကြီးများမှာ ကျိုင်းကောင်များကြောင့် ဖြစ်ကြောင်း အချို့က ယူဆကြသည်။ သို့သော် အဆိုပါအယူအဆကို မခိုင်လုံစေသည့်အချက်လည်းရှိနေသည်။ အကယ်၍ ကျိုင်းကောင်များရောက်လာသည်ဆိုပါက သီးနှံများ ပျက်စီးသည့် လက္ခဏာ ဧကန်တွေ့ရမည်ဖြစ်သော်လည်း မက်ရှားတောအုပ်အတွင်း ထိုသို့သော အရိပ်လက္ခဏာမျိုး မတွေ့ရချေ။ ဒေသခံတို့၏ ယုံကြည်ထားသည်မှာ သဘာဝလွန်စွမ်းအားတို့ကြောင့် တောခြောက်ခြင်းဖြစ်ကြောင်း ပြောကြသည်။ ညအခါများတွင် မက်ရှားတောအုပ်ကြီးအတွင်း မိစ္ဆာများ လှည့်လည်သွားလာနေကြကာ ဆန်းကြယ်သည့်အသံကြီးများ ပေးကြခြင်းဖြစ်ကြောင်း ယူဆကြသည်။ အခြားဒဏ္ဍာရီတစ်ခုတွင်မူ ရှေးနှစ်ပေါင်းများစွာက ဤတောအုပ်ကြီးအတွင်း အမျိုးသမီးတစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း၊ ၎င်း၏ ဝိဉာဉ်မှာ မကျွတ်မလွတ်ဘဲ တောအုပ်အတွင်း လှည့်လည်သွားလာနေပြီး မိမိအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရန် အော်ဟစ်တောင်းဆိုနေခြင်း ဖြစ်ကြောင်း ဒဏ္ဍာရီဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com Ref: Mashhad Screaming Forest | Iran's Scariest Natural Wonder

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service