ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသုံးပြုခဲ့၊ အဆိုပါကျောက်တုံးမှာ ဒေါ်လာ ၁ သန်းကျော်တန်ကြေးရှိသည့် ပယင်းတုံးဖြစ်နေသည်ကို တွေ့ရှိ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသုံးပြုခဲ့၊ အဆိုပါကျောက်တုံးမှာ ဒေါ်လာ ၁ သန်းကျော်တန်ကြေးရှိသည့် ပယင်းတုံးဖြစ်နေသည်ကို တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
7 Apr 2025 11:55 am တွင် တင်ခဲ့သည်
1157 ကြိမ် ကြည့်ရှု့ပြီး

လူတစ်ဦးအတွက်အမှိုက်မှာ အခြားတစ်ဦးအတွက် တန်ဖိုးရှိသည့်ရတနာဖြစ်နေနိုင်ကြောင်း လူတို့ပြောဆိုကြသည့် စကားရှိသည်။

သို့သော် တံခါးခုသည့် ကျောက်တုံးက တန်ဖိုးကြီးသည့် ရတနာကြီးဖြစ်နေခြင်းမှာ မည်သည့်စံနှုန်းဖြင့်မဆို တန်ဖိုးရှိသည့် ရတနာသာ မဟုတ်ပါလော။ ရိုမေးနီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ စမ်းချောင်းတစ်ထဲတွင် အလေးချိန် ၃ ဒသမ ၅ ကီလိုဂရမ် (၇ ဒသမ ၇ ပေါင်) ရှိ ကျောက်တုံးတစ်တုံးကို အဘွားအိုတစ်ဦးက အိမ်သို့ ယူလာခဲ့ပြီး တံခါးခုသည့် ကျောက်တုံးအနေဖြင့် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ El Pais သတင်းဌာန၏ ဖော်ပြချက်အရ အဘွားအိုတွေ့ရှိခဲ့သော ကျောက်တုံးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ပယင်းတုံးကြီးဖြစ်သည်ဟု ဆိုသည်။ တန်ကြေးမှာ ယူရို ၁ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း) ခန့် ရှိသည်ဟု ဆိုသည်။

 

(▲ သစ်ပင်တစ်ပင်၏ ဒဏ်ရာရထားသော သစ်ကိုင်းတွင် သစ်စေးများ ထွက်နေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ-Kevin Dyer / canva)

ပယင်းသည် သစ်ပင်မှထွက်သော သစ်စေးမှ အခြေတည်ပြီး နှစ်သန်းပေါင်းများစွာ ကြာသောအခါတွင် ကျောက်ဖြစ်သွားခြင်း ဖြစ်သည်။ စေးပျစ်သော သစ်စေးတို့မှာ နှစ်သန်းပေါင်းများစွာ ဖြတ်သန်းပြီးနောက် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် မာကြောတောက်ပသောကျောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မျက်မှောက်ခေတ်တွင် လူတို့က ကျောက်မျက်ရတနာတစ်ပါးအဖြစ် အသိအမှတ်ပြုလာကြခြင်း ဖြစ်သည်။ ရိုမေးနီးယားနိုင်ငံတွင် ပယင်းကျောက်များကို Buzau မြစ်ကမ်းတလျှောက်ရှိ သဲကျောက်များတွင် ပေါများစွာ တွေ့ရပြီး Colti ကျေးရွာအနီးဝန်းကျင်တွင် ဖြစ်သည်။ အဆိုပါ ဒေသတွင် ၁၉၂၀ ပြည့်လွန်ကာလများကတည်းက ပယင်းတူးဖော်မှုများ စတင်ခဲ့သည်။

နီစွေးစွေးအရောင်ရှိပြီး Rumanite ဟုခေါ်ကြသော ပယင်းကို လူတို့က များစွာ တန်ဖိုးထားကြသည်။ Corti ကျေးရွာတွင်နေထိုင်သော အဘွားအိုက ကြီးမားသော ပယင်းတုံးကြီးကို တွေ့ရှိခဲ့ပြီးနောက် လှသည်ဟုဆိုပြီး အိမ်သို့ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ အဘွားအို၏အိမ်သို့ ဝင်ရောက်ခိုးယူခဲ့သော သူခိုးများပင်လျှင် အဆိုပါကျောက်တုံးကို သတိမမူမိခဲ့ချေ။

 

(▲ အဘွားအို၏ ပယင်းတုံးကို တွေ့ရပုံ။ ဓာတ်ပုံ-Buzau County Museum) ၁၉၉၁ ခုနှစ်တွင် အဘွားအိုကွယ်လွန်သွားသောအခါ အဘွား၏အိမ်ကို ဆွေမျိုးတစ်ဦးက အမွေဆက်ခံရရှိခဲ့သည်။ ထိုသူက တံခါးခုသော ကျောက်တုံးကြီးမှာ တန်ဖိုးရှိသောအရာတစ်ခုခု ဖြစ်နိုင်သည်ဟု သံသယဖြစ်ကာ ကျောက်မျက်ကျွမ်းကျင်သူတို့ထံ ပြသခဲ့သည်။ ထိုအခါ တန်ဖိုးကြီးသော ပယင်းဖြစ်ကြောင်း သိလိုက်ရပြီးနောက် ရိုမေးနီးယား အစိုးရထံ ရောင်းချခဲ့သည်။ တန်ဖိုးဖြတ်ပေးသည်မှာ ပိုလန်နိုင်ငံ၊ ကရာကော့မြို့ရှိ သမိုင်းပြတိုက်မှ ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်။ ၎င်းတို့၏ ပြောကြားချက်အရ အဘွားအိုသိမ်းဆည်းထားခဲ့သော ပယင်းတုံးကြီးမှာ နှစ်သန်းပေါင်း ၃၈ သန်းမှ နှစ်သန်းပေါင်း ၇၀ ကြား သက်တမ်းရှိသည်ဟု ဆိုသည်။ “ဒီရှာဖွေ တွေ့ရှိမှုဟာ သိပ္ပံပညာအတွက်သာမက ပြတိုက်အတွက်ပါ အရေးပါတဲ့ တွေ့ရှိမှု ဖြစ်ပါတယ်” ဟု Buzau ပြည်နယ်ပြတိုက်၏ ညွှန်ကြားရေးမှူး Daniel Costache က El Pais သတင်းဌာနသို့ ပြောသည်။ အဘွားအို၏ ကျောက်တုံးကြီးကို ရိုမေးနီးယား၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်ထားပြီး Buzau ပြည်နယ်ပြတိုက်တွင် ၂၀၂၂ ခုနှစ်ကတည်းက ပြသထားသည်။

(▲ ဘောလ်တစ်ဒေသထွက် ပယင်းကျောက်အတွင်း ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေသော ပုရွက်ဆိတ်တစ်ကောင်ကို တွေ့ရပုံ။ ဓာတ်ပုံ-Anders L Damgaard/ CC/ By-SA4.0/ Wikimedia Commons)

အမေရိကန်ပြည် မီချီဂန်ပြည်နယ်တွင်လည်း အမျိုးသားတစ်ဦးက ကျောက်တုံးတစ်တုံးကို တံခါးခုသည့် ကျောက်တုံးအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ နှစ်ပေါင်းများစွာကြာသောအခါမှ ကျောက်တုံးကြီးမှာ ဒေါ်လာ ၁၀၀၀၀၀ တန်ကြေးရှိသော ဥက္ကာခဲကြီး ဖြစ်နေကြောင်း သိလိုက်ရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rock Used as a Doorstop For Decades Found to Be Worth Over $1 Million Photo Credit- Anders L Damgaard/ CC/ By-SA4.0/ Wikimedia Commons, Buzau County Museum, Kevin Dyer / canva

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service