မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည့် ဗွီဒီယိုဖိုင် မလေးရှားလူမှုကွန်ရက်သုံးစွဲသူတို့ကြား ဂယက်ရိုက်နေ - Property News in Myanmar from iMyanmarHouse.com
4 Apr 2025 11:55 am တွင် တင်ခဲ့သည်
2138 ကြိမ် ကြည့်ရှု့ပြီး

မလေးရှားတွင် လူမှုကွန်ရက် နာမည်ကြီး မိန်းကလေးတစ်ဦးက ရွှေဆိုင်တစ်ဆိုင်သို့သွားကာ ရွှေဝယ်ပုံကို ဗွီဒီယိုဖိုင်ရိုက်ကူးထားပြီး TikTok လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့မှုမှာ လူမှုကွန်ရက်သုံးစွဲသူတို့ကြား နာမည်ကြီးနေသည်။

၎င်းဝယ်ယူသည်မှာ ငါးကျပ်သား၊ တစ်ဆယ်သားမျှမဟုတ်။

၁၅ ကီလိုဂရမ် ( ၉ ပိဿာကျော်) အထိ ဝယ်ယူကာ မိမိမည်မျှချမ်းသာကြောင်း ကြွားလုံးထုတ်ခဲ့ခြင်း ဖြစ်ရာ လူမှုကွန်ရက်သုံးစွဲသူတို့ စိတ်မသက်မသာ ခံစားခဲ့ကြရသည်။

TikTok လူမှုကွန်ရက်တွင် @ayunieso24 အမည်ရှိအကောင့်က ထိုဗွီဒီယိုဖိုင်ကို တင်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၃၁ ရက်အထိ ကြည့်ရှုမှုအကြိမ်ရေ ၂ ဒသမ ၇ သန်း၊ Like ပေးသူ 44300 ကျော်နှင့် မှတ်ချက်ပြုမှုပေါင်း ၂၈၀၀ ကျော်ရှိသည်။

လူမှုကွန်ရက်သုံးစွဲသူအများစု မှတ်ချက်ပြုသည်မှာ အဆိုပါမိန်းကလေး၏ ကြွယ်ဝမှုရင်းမြစ်ကို သံသယရှိကြောင်း မှတ်ချက်ပြုကြသည်။

၉၂ စက္ကန့်ကြာ ဗွီဒီယိုဖိုင်တွင် တွေ့ရှိရမှုအရ Ayunie အမည်ရှိ မိန်းကလေးနှင့် သူ၏ခင်ပွန်းတို့သည် ငွေစက္ကူ အပြည့်ပါသော ကြီးမားသည့် luggage ကြီးတစ်ခုကို တွန်းလာကြပုံ တွေ့ရသည်။

Ayunie က ရွှေဆိုင်ဝန်ထမ်းကို ပြောသည်မှာ ရွှေမည်မျှ များပြားစွာ ဝယ်ယူလိုကြောင်း ပြောသည်။

၎င်းက ဆက်လက်ရှင်းပြသည်မှာ ရွှေဈေး တက်ရိပ်ပြနေသောကြောင့် အလုံးအရင်း ဝယ်ယူထားရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ရွှေဈေး ယခုထက်ခေါင်ခိုက်မလာမီ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်ကြောင်းလည်း Ayunie က ပြောသည်။

သို့သော် ရွှေဆိုင်ဝန်ထမ်းက ၆ ကီလိုဂရမ် ( ၃ ပိဿာခွဲကျော်) သာ ဝယ်ယူခွင့်ပေးခဲ့သည်။

ထို့ကြောင့် Ayunie က အခြားဆိုင်များတွင် ၉ ကီလိုဂရမ် (၅ ပိဿာခွဲခန့်) ဆက်လက်ဝယ်ယူရန် စီစဉ်ခဲ့သည်။

လူမှုကွန်ရက် သုံးစွဲသူအချို့၏ မှတ်ချက်ပြုမှုများအရ Ayunie ကနဦး ဝယ်ယူခဲ့သော ၆ ကီလိုဂရမ်မှာ ရင်းဂစ် ၂ ဒသမ ၅ သန်းဖိုးခန့်ရှိသည်ဟု ဆိုသည်။

Zam Zam Allakazam အမည်ဖြင့် TikTok သုံးစွဲသူက မှတ်ချက်ပြုသည်မှာ “LHDN ကတော့ ဒီဗွီဒီယိုကို ကြည့်ချင်မှာပါ” ဟု ဆိုသည်။

(မှတ်ချက်။ LHDN မှာ )

Influencer တို့သည် ဝင်ငွေကြီးမားစွာ ရရှိနေသော်လည်း အခွန်ဆောင်ရန် ပျက်ကွက်နေသည့် သတင်းများအား ၎င်းက ရည်ညွှန်းခြင်း ဖြစ်သည်။

Cupapi Munyanyo အမည်ဖြင့် TikTok သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ အာဏာပိုင်များ အနေဖြင့် influencer များကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မျှော်လင့်ကြောင်း၊ ၎င်းတို့သည် ငွေကို ရေလိုသုံးနေကြကြောင်း၊ ၎င်းတို့၏ ဝင်ငွေမှာ သုံးဖြုန်းနေသလောက် မရှိနိုင်သဖြင့် မသင်္ကာဖွယ်ရာ ဖြစ်ကြောင်း မှတ်ချက်ပြုသည်။

အဆိုပါ မှတ်ချက်များကို Ayunie က တုံ့ပြန်သည်မှာ စိတ်မပှူရန်နှင့် မိမိမှာ ငွေကြေးခဝါချမှုများတွင် မပါဝင်ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Local influencer spends millions of ringgit to purchase 15kg of gold, get slammed by netizens

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service