အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်ဂျလီနာ ဂျိုလီ၏ ဖခင်၊ အော်စကာဆုရှင် ရုပ်ရှင်မင်းသားကြီး ဂျွန်ဗွိုက်စ် ကြီးပြင်းခဲ့သော နေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4 Apr 2025 10:10 am တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး

((ဂျွန်ဗွိုက် ဘယ်သူလဲ))

ယောနသန် ဗင်းဆင့် ဗွိုက် (မွေး ၁၉၃၈) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး အနုပညာအမည် ဂျွန်ဗွိုက်ဟုသာ လူသိများသည်။

ရုပ်ရှင်လောကဖြတ်သန်းခဲ့သည့် ကာလတလျှောက် ဆုပေါင်းများစွာ ရရှိခဲ့ရာ အော်စကာဆု၊ British Academy Film ဆု၊ ရွှေကမ္ဘာလုံး ၄ ဆုတို့အပြင် ၂၀၁၉ ခုနှစ်တွင် National Medal of Arts လည်း ရရှိခဲ့သည်။

ဂျွန်ဗွိုက်ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်များ၏ ကမ္ဘာတဝန်း စုစုပေါင်းဝင်ငွေမှာ ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံအထိ ရှိခဲ့သည်။

ဂျွန်ဗွိုက်သည် ၁၉၇၈ ခုနှစ်က ရုံတင်ခဲ့သော Coming Home ရုပ်ရှင်ကားတွင် ဗီယက်နမ် စစ်ပြန်ကြီးအဖြစ် ခေါင်းဆောင်မင်းသားနေရာမှ ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသားအဖြစ် အော်စကာဆု ရခဲ့သည်။

ဂျွန်ဗွိုက်သည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် Mission Impossible (1996) တွင် လျှို့ဝှက်သူလျှိုအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်က ရုံတင်ခဲ့သည့် Pearl Harbor ရုပ်ရှင်တွင် အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့အဖြစ်လည်းကောင်း သရုပ်ဆောင်ခဲ့မှုများ အပါအဝင် ဖြစ်သည်။

ဂျွန်ဗွိုက်သည် အိမ်ထောင် ၂ ကြိမ်ပြုခဲ့ဖူးပြီး သူ၏အိမ်ထောင် ၂ ဆက်လုံးမှာ ရုပ်ရှင်မင်းသမီးများ ဖြစ်သည်။

အဆိုပါအိမ်ထောင် ၂ ဆက်နောက်ပိုင်း အဆိုတော်/ရုပ်ရှင်မင်းသမီး Diana Ross အပါအဝင် နာမည်ကြီးအမျိုးသမီး ၇ ဦးနှင့် တွဲခဲ့သော်လည်း လက်မထပ်ဖြစ်ခဲ့ချေ။

ဂျွန်ဗွိုက်တွင် သားသမီး ၂ ဦးထွန်းကားရာ James Haven (ရုပ်ရှင်မင်းသား) နှင့် အင်ဂျလီနာ ဂျိုလီ (ရုပ်ရှင်မင်းသမီး) တို့ ဖြစ်သည်။ ထိုနှစ်ဦးလုံးမှာ ဒုတိယအိမ်ထောင်ဖက်ဖြစ်သော ရုပ်ရှင်မင်းသမီး Marcheline Bertrand နှင့် ရသည့် သားသမီးများ ဖြစ်သည်။

((ဂျွန်ဗွိုက် ကြီးပြင်းခဲ့သောနေအိမ်))

ဂျွန်ဗွိုက်ကြီးပြင်းခဲ့သော အိပ်ခန်း ၅ ခန်းပါနေအိမ် ကန်ဒေါ်လာ ၁ ဒသမ ၀၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဂျွန်ဗွိုက်၏ မိခင်ကြီး ကွယ်လွန်ပြီးနောက် နေအိမ်ကို ဈေးကွက်တင်ရောင်းချခဲ့ပြီး နှစ်ပေါင်း ၃၀ အကြာ ယခုအခါ အရောင်းဈေးကွက်သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်သော ဂျွန်ဗွိုက်သည် ယခုအခါ ကြီးပြင်းခဲ့ရာ နေအိမ်မှ မိုင်ပေါင်း ၃၀၀၀ နီးပါး ဝေးကွာသော နေရာတွင် နေထိုင်လျက်ရှိသည်။

ယခုအရောင်းဈေးကွက်ဝင်လာသည့် ဂျွန်ဗွိုက်ကြီးပြင်းခဲ့ရာအိမ်မှာ နယူးယောက်ပြည်နယ်၊ စကားစ်ဒေးလ်မြို့တွင် တည်ရှိပြီး အမေရိကန်ပြည်၏ အရှေ့ဖျားတွင်ဖြစ်သည်။

ဂျွန်ဗွိုက် လက်ရှိနေထိုင်သော ဒေါ်လာ ၂၁ သန်းတန် နေအိမ်မှာ လော့စ်အိန်ဂျလိတွင်ဖြစ်ပြီး အမေရိကန်ပြည်၏ အနောက်ဖျားတွင်ဖြစ်ကာ စကားစ်ဒေးလ်နှင့် လော့စ်အိန်ဂျလိအကြား မိုင်ပေါင်း ၂၈၁၅ မိုင်ခန့် ဝေးကွာသည်။

ယခုအိမ်ကို အရောင်းဈေးကွက်တင်ပေးသည်မှာ နယူးယောက်အခြေစိုက် Westchester Realty အိမ်ခြံမြေကုမ္ပဏီမှ Mark Turken ဖြစ်သည်။

ဂျွန်ဗွိုက်၏ မိဘများဖြစ်သော Barbara နှင့် Elmer တို့ ဦးစွာပိုင်ဆိုင်ခဲ့သောအိမ် ဖြစ်သည်။

ဈေးကွက်တင် ကြော်ငြာတွင် ဖော်ပြချက်အရ အကျယ်အဝန်း စတုရန်းပေ ၂၂၃၉ ရှိပြီး တချိန်က ဟောလိဝုဒ်ကြယ်ပွင့်တစ်ဦး၏ နေအိမ်ဖြစ်ခဲ့ဖူးကြောင်း ဖော်ပြသည်။

 

 

(▲ ဂျွန်ဗွိုက်ကြီးပြင်းခဲ့သောအိမ်ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းအောက် ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Screen Archive/ Getty Images)

 

 

(▲ အိပ်ခန်း ၅ ခန်းပါသော နေအိမ်တွင် ဂျွန်ဗွိုက်တို့ မိသားစု နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ အိမ်ခြံမြေ မှတ်တမ်းများအရ ဂျွန်ဗွိုက်၏ မိခင်ကြီး ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း အရောင်းဈေးကွက်တင်ခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ-Realtor)

 

 

(▲ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Realtor)

 

 

(▲ အော်စကာဆုရှင် ဂျွန်ဗွိုက် ကြီးပြင်းခဲ့သည့် နေအိမ်ဖြစ်သည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေမှတ်တမ်းများအရ ယခုအိမ်ကို ၁၉၃၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဂျွန်ဗွိုက်တို့မိသားစု နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်ဟု ယုံကြည်ရသည်။

ဂျွန်ဗွိုက်၏ မိခင်ကြီး ကွယ်လွန်ပြီး ၈ လအကြာ ၁၉၉၆ ခုနှစ်၊ သြဂုတ်လတွင် ဂျွန်ဗွိုက်၏ အစ်ကိုဖြစ်သူ James Wesley Voight က နေအိမ်ကို ရောင်းချခဲ့သည်။

ထိုစဉ်က ကန်ဒေါ်လာ ၂၈၀,၀၀၀ သာ ရခဲ့သည်။

ယင်းနောက် ၂ နှစ်အကြာတွင် ကန်ဒေါ်လာ ၃၇၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြန်သည်။

နောက်ဆုံးလက်လွှဲလက်ပြောင်းဖြစ်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လကဖြစ်ပြီး ကန်ဒေါ်လာ ၅၄၅၁၆၅ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

 

 

(▲ ဂျွန်ဗွိုက် လက်ရှိနေထိုင်နေသည့်အိမ်နှင့် ကြီးပြင်းခဲ့သောအိမ်မှာ မိုင်ထောင်ချီဝေးကွာသည်။ ဓာတ်ပုံ-Realtor)

 

 

(▲ ဂျွန်ဗွိုက်သည် လက်ရှိနေထိုင်နေသောအိမ်ကို ရောင်းထုတ်ရန် အကြိမ်ကြိမ် ကြိုးစားနေ သော်လည်း ရောင်းမထွက်ချေ။ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၁ သန်းအထိ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Realtor)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: Scarsdale Home Where Jon Voight Was Raised Is Listed for $1.1 Million—and It’s a World Away From His $21 Million L.A. Mansion Photo Credit-Realtor, Screen Archive/ Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service