အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းသော ဧကပေါင်း ၁၁၀,၀၀၀ ကျော်ရှိသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် ရာစုနှစ်တစ်ဝက်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
3 Apr 2025 1:17 pm တွင် တင်ခဲ့သည်
436 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ နယူးမက္ကဆီကို ပြည်နယ်တွင် ဧကပေါင်း ၁၁၀,၀၀၀ ကျယ်ဝန်းကာ ဒင်ဗာမြို့ကြီးထက် ပိုမိုကြီးမားသည့် မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဈေးခေါ်ကာ အရောင်းဈေးကွက် ဝင်လာသည်။

လက်ရှိပိုင်ဆိုင်ထားသော မိသားစုက ၄၅ နှစ်ကျော် ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

နယူးမက္ကဆီကိုပြည်နယ်ရှိ လူသူအလှမ်းကွာသော Fence Lake အရပ်တွင် တည်ရှိပြီး Atarque Ranch မွေးမြူရေးခြံဟု လူသိများသော မွေးမြူရေးခြံကြီးကို Yates မိသားစုက ၁၉၇၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ မိသားစုသည် Yates Petroleum Corp., ကို တည်ထောင်ထားကြသူများဖြစ်သည်။

အဆိုပါ ကုမ္ပဏီကို ၎င်းတို့က EOG Resources ထံသို့ ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖြင့် ရောင်းချခဲ့သည်။

ယခုရောင်းထုတ်ရသည့် အကြောင်းရင်းမှာ John Yates Sr ကွယ်လွန်သွားသောကြောင့် ဖြစ်သည်။

John Yates သည် ယခုခြံကြီးကို သူ၏ညီအစ်ကို ၃ ဦးနှင့်အတူ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Mansion Global က ဖော်ပြသည်။

 

 

(▲ နယူးမက္ကဆီကိုပြည်နယ်တွင် ဒင်ဗာမြို့ကြီးထက် ပိုမိုကျယ်ဝန်းကာ ဧကပေါင်း ၁၁၀,၀၀၀ ရှိသော မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၆၈ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ Atarque Ranch ဟု လူသိများသော မွေးမြူရေးခြံကြီးကို Yates မိသားစုက ၁၉၇၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ ယခု မွေးမြူရေးခြံကြီးကို Yates Petroleum Corp., ၏ အမွေခံသူများက ပိုင်ဆိုင်ကြသည်။ အဆိုပါ Corp., ကို ၎င်းတို့က ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံဖြင့် ရောင်းထုတ်ခဲ့သည်။ ဓာတ်ပုံ-Hall and Hall)

John Yates သည် လွန်ခဲ့သော ၃ နှစ်ခန့်က ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်အရွယ်ရှိပြီး ၎င်းကွယ်လွန်ပြီးနောက်ပိုင်း ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မည့် ပ်ိုင်ရှင်သစ်ကို Yates မိသားစုက ရှာဖွေနေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီမွေးမြူရေးခြံကြီးကို လွမ်းဆွတ်နေမှာပါ” ဟု Yates မိသားစု၏ ကုမ္ပဏီတစ်ခုဖြစ်သော Abo Empire ၏ ဒုတိယ ဥက္ကဌဖြစ်သူ Trey Yates က ပြောသည်။

 

 

(▲ မွေးမြူရေးခြံကြီးအတွင်း စတုရန်းပေ ၂၇၆၆ ကျယ်ဝန်းသော ပင်မစံအိမ်ပါဝင်ပြီး ၎င်းတို့ မိသားစုက အမဲလိုက်ခြင်း၊ အပန်းဖြေခြင်းတို့အတွက် အသုံးပြုခဲ့ကြသည်။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ မွေးမြူရေးခြံကြီးတွင် သမင်၊ တောဝက်နှင့် ခြံမွေးတိရ စ္ဆာန်များဖြစ်သော နွား၊ ဝက်အစရှိသည်တို့ မွေးမြူထားသည်။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ မွေးမြူရေးခြံကြီး၏ အကျယ်အဝန်းမှာ ဧကပေါင်း ၁၁၀,၀၀၀ ရှိသည်။ ဓာတ်ပုံ-Hall and Hall)

 

 

 

(▲ မြောက်အမေရိက အစောဆုံးအခြေချခဲ့သူတို့၏ လက်ရာအကြွင်းအကျန်များ။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ မွေးမြူရေးခြံကြီးအတွင်း ဌာနအမေရိကန်တိုင်းရင်းသားတို့၏ ကျောက်တုံးကောက်ကြောင်းလက်ရာ များကိုလည်း တွေ့နိုင်သည်။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ ကုန်းပြင်မြင့်များ၊ ချောက်ကမ်းပါးကြီးများ၊ စိမ်းလန်းသော မြက်ခင်းပြင်ကျယ်များ အစရှိသော ကွဲပြားခြားနားသည့် မြေမျက်နှာသွင်ပြင်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည်။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ မွေးမြူရေးခြံကြီးတလွှားတွင် ဌာနေအမေရိကန် တိုင်းရင်းသားတို့၏ ကျောက်ခြစ် ကောက်ကြောင်းလက်ရာ များကို ယနေ့တိုင် တွေ့ရနိုင်သေးသည်။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ John Yates Sr ကွယ်လွန်ပြီးနောက်ပိုင်း ယခုခြံကြီးကို ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Hall and Hall)

 

 

(▲ ယခုခြံကြီး၏ သဘာဝအလှနှင့် သမိုင်းအမွေအနှစ်တို့ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မည့် ပိုင်ရှင်သစ်ကို Yates မိသားစုက ရှာဖွေနေသည်။ ဓာတ်ပုံ-Hall and Hall)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Massive high desert ranch larger than the city of Denver up for sale — for the first time in more than 45 years Photo Credit-Hall and Hall

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service