ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည်ကြီးနေ

ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
26 Mar 2025 11:02 am တွင် တင်ခဲ့သည်
2047 ကြိမ် ကြည့်ရှု့ပြီး

ဒူဘိုင်းတွင် Porta Potty ဟုခေါ်သော ပါတီပွဲများမှာ နာမည်ကြီးနေသည်။

အဆိုပါ ပါတီပွဲတစ်ခုသို့ သွားခဲ့သော ယူကရိန်းအမျိုးသမီးတစ်ဦးမှာ ကျောရိုးကွဲကာ သေလုမြောပါး လမ်းဘေးတွင် စွန့်ပစ်ထားခံခဲ့ရသည်။

သို့သော် ပါတီပွဲတက်သော မိန်းကလေးတို့မှာ ဒူဘိုင်း၏ ဥပဒေ အမျိုးမျိုးဖြင့် တရားစွဲခံရနိုင်ချေလည်း ရှိသည်။

ယူကရိန်းမှ အပြာမယ်တစ်ဦးဖြစ်သူ မာရီယာ ကိုဗာချုခ် (Maria Kovalchuk) သည် အဆိုပါ ပါတီပွဲတစ်ခုသို့ သွားခဲ့ရာ လိင်ကိစ္စများ လုပ်ဆောင်ခဲ့ရသည့်အပြင် လူမစင်များဖြင့် ထိတွေ့မှုများလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

မာရီယာမှ အဆိုပါ ပါတီပွဲသို့ တက်ခဲ့ပြီးနောက် ကျောရိုးကြေ၊ နံရိုးကျိုးကာ လမ်းဘေးတွင် သေလုမြောပါး အနေအထားဖြင့် စွန့်ပစ်ခံခဲ့ရသည်။

အသက် ၂၀ အရွယ်ရှိ ယူကရိန်းအပြာမယ်ကို အမျိုးသား ၂ ဦးက ချဉ်းကပ်ကာ ၎င်းတို့မှာ မော်ဒယ်အေဂျင်စီတစ်ခုမှဖြစ်ကြောင်း မိတ်ဆက်ပြောဆိုပြီး ပါတီပွဲဖိတ်သောကြောင့် ဒူဘိုင်းရှိ ဟိုတယ်တစ်ခုတွင် ကျင်းပသော Porta potty ပါတီပွဲသို့ တက်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းနိုင်ငံသားတစ်ဦးဖြစ်သူ Telegraf က ပြောပြသည်မှာ မာရီယာက အဆိုပါအမျိုးသားများနှင့်အတူ တစ်ညလုံးနေထိုင်မည်ဖြစ်ကြောင့် မိခင်ဖြစ်သူကို ပြောခဲ့ကြောင်း၊ ယင်းနောက် မာရီယာမှာ ပျောက်ဆုံးသွားပြီး ထိုင်းသို့သွားမည့် လေယာဉ်ခရီးစဉ် လွဲချော်ခဲ့ကြောင်း၊ ထို့ကြောင့် Telegraf က မာရီယာ၏ မိဘများကို ရဲစခန်းတွင် လူပျောက်တိုင်ကြားရန် အကြံပေးခဲ့ကြောင်း ပြောသည်။

 

 

(▲ အသက် ၂၀ အရွယ်ရှိ မာရီယာမှာ ဒူဘိုင်းတွင် ပါတီပွဲတစ်ခုတက်ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။ ဓာတ်ပုံ-E2W news)

 

ဆယ်ရက်အကြာ မတ်လ ၁၉ ရက်တွင် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခံထားရသော မာရီယာကို လမ်းဘေးတွင် လဲလျက်တွေ့ရသည်။

ရုရှားသတင်းမီဒီယာတို့၏ ဖော်ပြချက်အရ မာရီယာသည် ကျောရိုးကွဲသွားသည့်အပြင် နံရိုးများလည်း ကျိုးနေသည်ဟု ဆိုသည်။

မာရီယာမှာ စိုးရိမ်ရသည့် အခြေအနေရှိပြီး လက်ရှိအားဖြင့် စကားမပြောနိုင်သေး။

ဒူဘိုင်းအာဏာပိုင်တို့ပြောသည်မှာမူ မာရီယာသည် အများပြည်သူသွားလာခွင့် ကန့်သတ်ထားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၏ အမြင့်တစ်နေရာမှ ပြုတ်ကျခြင်းဖြစ်သည်ဟု ဆိုသည်။

ဒူဘိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် “ယခင်က ပျောက်ဆုံးနေသည်ဟု သိထားသော ယူကရိန်းနိုင်ငံသူသည် လက်ရှိအားဖြင့် ဆေးရုံတက်ကာ ဆေးကုသမှု ခံယူနေပြီး ၎င်း၏ မိသားစုလည်း ရှိနေပါသည်။ အကျယ်တဝင့် စုံစမ်းစစ်ဆေးချက်များအရ ၎င်းသည် ကန့်သတ်ထားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်းသို့ တစ်ဦးတည်း ဝင်ရောက်သွားခဲ့ကာ အမြင့်တစ်နေရာမှ ပြုတ်ကျပြီး အပြင်းအထန် ဒဏ်ရာရရှိထားကြောင်း တွေ့ရှိရသည်” ဟု ဖော်ပြသည်။

Porta Potty ပါတီပွဲများသည် ဒူဘိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်။ ပါတီပွဲသို့ တက်သည့် အမျိုးသမီးများကို ဒေါ်လာ ၃၀၀၀၀ အထိ ပေးသည်ဟု ဆိုသည်။

ထိုပါတီပွဲများတွင် အမျိုးသမီးများမှာ လိင်မှုကိစ္စများ လုပ်ဆောင်ရခြင်း၊ အမျိုးသမီးများကို အိမ်သာသဖွယ် သဘောထားကာ မစင်နှင့် အညစ်အကြေးစွန့်ခြင်းများ ပါဝင်သည်။ ထိုသို့ လုပ်ဆောင်ရန်လည်း ငွေဖြင့် မက်လုံးပေးထားပြီး သက်ဆိုင်ရာ အမျိုးသမီးတို့ ခွင့်ပြုသောကြောင့် လုပ်ဆောင်ကြခြင်း ဖြစ်သည်။

American Online (AOL) သတင်းဌာန၏ ဖော်ပြချက်အရ ဒေါ်လာ ၅၀၀၀၀ ပေးလျှင် အချို့အမျိုးသမီးများမှာ သွားကျိုးသည်အထိ အထိုးခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ ကတုံးတုံးခံရခြင်း၊ သံချိတ်များတွင် တွဲလောင်းဆွဲခံရခြင်းတို့ ပြုလုပ်ခံရသည်ဟု ဆိုသည်။

ထိုသို့ ပြုလုပ်ခံမည့် အမျိုးသမီးမှာ ရုပ်ရည်ချောမောလှပကာ နာမည်ကြီးတစ်ဦးဖြစ်သည်ဆိုပါက ဈေးပိုပေးလေ့ရှိပြီး အချို့မှာ ဒေါ်လာ ၁၀၀၀၀၀ ခန့်အထိ ရကြသည်ဟု ဆိုသည်။

 

 

(▲ Porta Potty ပါတီပွဲများမှာ ဒူဘိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသည်။ ဓာတ်ပုံ-E2W news)

 

သို့သော် ပါတီပွဲတက်မည့် အမျိုးသမီးတို့မှာ ပါတီပွဲတွင် အိမ်ထောင်ရှိသည့် အမျိုးသားတစ်ဦးဦး ပါဝင်သည်ဆိုပါက အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် တရားစွဲခံရမည့် အန္တရာယ်ရှိနေသည်။

ထို့ကြောင့် မိမိတို့ကို ကြမ်းတမ်းရက်စက်စွာ ညှင်းပန်းခြင်းခံရသည့်တိုင် တရားရုံးတွင် တိုင်တန်းခံရမည်ကို ကြောက်ရွံ့ကာ ထုတ်ဖော်ပြောဝံ့သူ မရှိချေ။

Detained in Dubai အဖွဲ့၏ စီအီးအိုဖြစ်သူ Radha Stirling က ပြောသည်မှာ လူမှုကွန်ရက် influencer များစွာမှာ အဆိုပါ ပါတီပွဲများသို့ ရောက်သွားခဲ့ကာ ထိုသို့လုပ်ဆောင်ခြင်းခံကြရကြောင်း ပြောသည်။

 

 

(▲ ပါတီပွဲသွားသော အမျိုးသမီးတို့မှာ တရားရုံးတွင် အမှုဖွင့်ခံရမည့် အန္တရာယ်ကို ကြောက်ရွံ့ကာ မိမိတို့အား ညှင်းပန်းမှုများကို ထုတ်မပြောဝံ့ကြချေ။ ဓာတ်ပုံ-E2W news)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside sick world of Dubai 'porta potty parties' with bodily fluids and marriage ban Photo Credit-E2W news

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service