တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စက်ရုပ်တစ်ရုပ်ကို ယွမ် ၁၀၀၀၀ ဖြင့် ငှားရမ်းထားမှု လူမှုကွန်ရက်သုံးစွဲသူတို့ အကြား နာမည်ကြီးနေ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စက်ရုပ်တစ်ရုပ်ကို ယွမ် ၁၀၀၀၀ ဖြင့် ငှားရမ်းထားမှု လူမှုကွန်ရက်သုံးစွဲသူတို့ အကြား နာမည်ကြီးနေ - Property News in Myanmar from iMyanmarHouse.com
26 Mar 2025 10:50 am တွင် တင်ခဲ့သည်
555 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် အိမ်အလုပ်များ လုပ်ကိုင်ရန်နှင့် အပြင်သို့ သွားလာရာတွင် အဖော်အဖြစ် လိုက်ပါပေးစေရန် အတွက် နာမည်ကြီး influencer တစ်ဦးက ယွမ် ၁၀၀၀၀ ဖြင့် ငှားရမ်းခဲ့မှုမှာ နာမည်ကြီးနေသည်။

နယူးယောက်တက္ကသိုလ်မှ စီးပွားရေးဖြင့် ကျောင်းပြီးခဲ့သော အသက် ၂၅ နှစ်အရွယ် ကျန်းကန်းယွမ် (Zhang Genyuan) အမည်ရှိ လူရွယ်တစ်ဦးသည် တရုတ်ပြည်မကြီးရှိ dating reality show တစ်ခုတွင် ၂၀၂၂ ခုနှစ်အတွင်း ပါဝင်ခဲ့ပြီးနောက် နာမည်ကြီးလာခဲ့သည်။

တရုတ်ပြည်တွင်း လူမှုကွန်ရက်တွင် ကျန်းကန်းယွမ်သည် follower ၁ ဒသမ ၄ သန်းရှိသည်။

လက်ရှိအားဖြင့် ကျန်းသည် ခရီးသွားအကြောင်းအရာများကို လူမှုကွန်ရက်တွင် မျှဝေလျက်ရှိသည်။

မတ်လ ၁၃ ရက်က ကျန်းသည် G1 စက်ရုပ်နှင့်အတူ တစ်နေ့တာဖြတ်သန်းခဲ့ပုံကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တစ်ခု မျှဝေခဲ့ရာ Like ပေးသူပေါင်း ၄၀၀၀၀ ကျော် ရှိခဲ့သည်။

G1 စက်ရုပ်ကို ဟန်ကျိုးမြို့အခြေစိုက် Unitree Robotics ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ပြီး ယွမ် ၉၉၀၀၀ (ကန်ဒေါ်လာ ၁၃၆၅၇) ဖြင့် ပြီးခဲ့သောနှစ် မေလက စတင်ရောင်းချပေးခဲ့သည်။

စက်ရုပ်၏ အရပ်အမြင့်မှာ ၁၂၇ စင်တီမီတာ (၅၀ လက်မ) ဖြစ်ပြီး အလေးချိန်မှာ ၃၅ ကီလိုဂရမ် ရှိသည်။

G1 သည် ပေါ့ပါးဖျတ်လတ်ပြီး ကိုယ်ခံပညာ သိုင်းကွက်များပါ လျင်မြန်စွာ ကစားပြနိုင်ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြသည်။

တရုတ်ပြည်တွင် G1 ဝယ်ယူထားသော စက်ရုပ်ပိုင်ရှင်များက အွန်လိုင်းမှတဆင့် စက်ရုပ်ကို ပြန်လည်အငှားချထားခြင်းများပြုလုပ်ကာ ဝင်ငွေရှာကြသည်။

ငှားရမ်းခ ဈေးတန်းမှာ တစ်ရက်လျှင် ယွမ် ၈၀၀၀ မှ ၁၆၀၀၀ ကြား (ကန်ဒေါ်လာ ၁၁၀၃ မှ ၂၂၀၇ ကြား) ရှိသည်။

သိပ္ပံဆန်းကြယ်ရုပ်ရှင်များတွင် စက်ရုပ်များနှင့်အတူနေထိုင်ပုံကို ကြည့်ရှုရပြီးနောက် ကျန်းက ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဗွီဒီယိုထဲတွင် ကျန်းက စက်ရုပ်ကို ခလုပ်ဖွင့် (activate) လိုက်ရာ ချက်ချင်းပင် မတ်တပ်ထကာ မိမိကိုယ်ကို မိတ်ဆက်လာသည်။

“ဟဲလို…မစ္စတာကျန်း…တွေ့ရတာ ဝမ်းသာပါတယ်” ဟု G1 က နှုတ်ဆက်လိုက်ပြီးနောက် ၎င်းလုပ်ဆောင်နိုင်သည်များကို ပြောပြရာ ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် အပြင်သို့ သွားလာချိန်များတွင် အဖော်လိုက်ပေးခြင်းများ ပါဝင်လေသည်။

ကျန်းက မိမိမည်သူဆိုသည်ကို သိပါသလားဟု မေးရာတွင် G1 စက်ရုပ်က ကျန်း၏ အလုပ်အကိုင်နှင့် လူမှုကွန်ရက်တွင် follower မည်မျှရှိသည်ကို ပြောပြရုံမျှမက follower အင်အားများသည့်အပေါ် ချီးကျူးစကားပင် ပြောလိုက်သေးသည်။

ထိုအခါ ကျန်းက ရယ်လျက် “ငါ့အတွက် အလုပ်တောင် လုပ်မပေးရသေးဘူး။ မြှောက်ပင့်နေပြီ” ဟု မှတ်ချက်ပေးသည်။

သို့သော် G1 ၏ အိမ်အလုပ်လုပ်ပုံမှာမူ စိတ်ကျေနပ်ဖွယ် များစွာမကောင်းလှ။

ကြက်ဥခွဲရာတွင် ပရမ်းပတာနိုင်ခြင်း၊ ချက်ပြုတ်ချိန်တွင် နို့များ စင်ထွက်ခြင်း၊ တံမြက်စည်းလှည်းခြင်းနှင့် ကြမ်းတိုက်ခြင်းတို့တွင် ခက်ခက်ခဲခဲ လုပ်နေရခြင်း၊ ကျန်းကို မကြာခဏ ဝင်တိုက်မိခြင်းများ ဖြစ်နေသည်ကို တွေ့ရသည်။

ထိုသို့ အားနည်းချက်များရှိစေကာမူ စက်ရုပ်တစ်ရုပ်နှင့် ဖြတ်သန်းရမှု အတွေ့အကြုံမှာ ပျော်ရွှင်ဖွယ်ရာပင်။

ယင်းနောက် ကျန်းက G1 ကိုခေါ်ကာ လက်ချင်းချိတ်ပြီး အပြင်သို့ လမ်းလျှောက်ထွက်ခဲ့ရာ လမ်းမှ အတားအဆီးများကို ညွှန်ပြပေးနိုင်ရုံမျှမက ကျန်း၏ဘေးမှ အတူလိုက်၍ ပြေးပေးနိုင်သည်။

G1 ကို ကပြခိုင်းသောအခါ မကြာခဏ ဟန်ချက်ထိန်းမရ ဖြစ်တတ်သည်ကို တွေ့ရသည်။

သို့သော် G1 က ထိုသို့ဖြစ်တိုင်း ကျန်းကို တောင်းပန်စကားဆိုလေ့ရှိသည်။

“ခင်ဗျား…ကျွန်တော့်ကို စိတ်မပျက်ဘူးဆိုတာ သိပါတယ်။ ကျွန်တော် ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ဘူး” ဟု G1 က ဆိုသည်။

G1 ၏ ရိုးသားမှုကို သဘောကျသွားသောကြောင့် ကျန်းက “ငါတော့ စိတ်လှုပ်ရှားစေဖို့အတွက်ဆိုရင် ချစ်သူကောင်မလေးတောင် မလိုတော့ဘူး” ဟု ပြော၏။

ယင်းနောက် ၎င်းတို့နှစ်ဦး၏ တစ်နေ့တာ ဖြတ်သန်းမှုမှာ အဆုံးသတ်တော့မည့် အချိန်သို့ နီးကပ်လာသည်။

ကျန်းက G1 နှင့်အတူ မြစ်ကမ်းဘေးတွင်ထိုင်ရင်း အအေးသောက်ကာ တစ်နေ့တာအတွေ့အကြုံကို ပြန်လည်တွေးတောနေမိသည်။

“ဒီစက်ရုပ်က ကျွန်တော့်ကို လုံးဝ အထီးမကျန်စေဘူး” ဟု ကျန်းက ပြောသည်။

ယင်းနောက် G1 က ကျန်းကို ဖက်ထားချိန်တွင် ကျန်းက ပြောဆိုလိုက်သော စကားတစ်ခွန်းဖြင့် ဗွီဒီယိုကို အဆုံးသတ်ထားသည်။

ကျန်းက ပြောသည်မှာ “ငါ..မနက်ဖြန် မင်းကို ပြန်အပ်ရတော့မယ်။ ငါတော့ မင်းကို လွမ်းနေရတော့မှာပဲ” ဟု ဆိုသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်မှာ “G1 က အိမ်အလုပ်တွေလုပ်တာ မတော်ဘူး။ ဒါပေမယ့် နားထောင်ပေးတတ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ” ဟု ဆိုသည်။

အခြားတစ်ဦးက အရွှန်းဖောက် မှတ်ချက်ပြုသည်မှာ “တစ်ရက်ကို ယွမ် ၁၀၀၀၀ တောင် ပေးရတာလား။ မစ္စတာကျန်းရေ…ကျွန်မကိုသာ ငှားလိုက်ပါ။ တစ်ရက်ကို ယွမ် ၈၀၀ ပဲပေး။ ချက်ပြုတ်၊ သန့်ရှင်းရေးလုပ်ပေးမယ့်အပြင် ကလေးတွေရဲ့ အိမ်စာတွေပါ ကူလုပ်ပေးနိုင်ပါတယ်” ဟု ဆိုသည်။

တရုတ်ပြည်တွင် စက်ရုပ်ငှားသည့်အလုပ်မှာ အလွန်ခေတ်စားလာနေသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းက တရုတ်ပြည်တောင်ပိုင်းတွင် စက်ရုပ်များနှင့်အတူ ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ခဲ့ရဖူးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China influencer splurges over RM6k to rent a robot for house chores and a “date”

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service