မြန်မာပြည်သို့ လာရောက်ကာ ဖြူဖြူကျော်သိန်းနှင့် တွဲဖက်သီဆိုဖျော်ဖြေခဲ့ဖူးသော ဂရမ်မီဆုရှင် Jason Mraz ၏ အမေရိကန်မှ စံအိမ်အကြောင်း

မြန်မာပြည်သို့ လာရောက်ကာ ဖြူဖြူကျော်သိန်းနှင့် တွဲဖက်သီဆိုဖျော်ဖြေခဲ့ဖူးသော ဂရမ်မီဆုရှင် Jason Mraz ၏ အမေရိကန်မှ စံအိမ်အကြောင်း - Property News in Myanmar from iMyanmarHouse.com
25 Mar 2025 1:15 pm တွင် တင်ခဲ့သည်
409 ကြိမ် ကြည့်ရှု့ပြီး

ဂျေဆင် သောမတ်စ် မရတ် (မွေး ၁၉၇၇) သည် အမေရိကန်အဆိုတော်ဖြစ်ပြီး ပွဲဦးထွက် တေးအယ်လ်ဘမ် ဖြစ်သော Waiting for My Rocket to Come (၂၀၀၂ ခုနှစ်) ကတည်းက စတင်အောင်မြင်မှု ရခဲ့သည်။

မရတ်သည် အမေရိကန်ပြည်၊ ဗာဂျီးနီးယားပြည်နယ်၊ Mechanicsville မြို့တွင် မွေးဖွားပြီး ဆလိုဗက်ကီးယား လူမျိုးဖြစ်သည်။

သူ၏ နာမည်မှ မျိုးရိုးအမည် မရတ်မှာ ဆလိုဗက် ဘာသာစကားအရ နှင်းခါးဟု အဓိပ္ပာယ်ရသည်။

မရတ် ၅ နှစ်သားအရွယ်တွင် မိဘနှစ်ပါး လမ်းခွဲခဲ့ကြရာ မရတ်မှာ ဖခင်နှင့်လိုက်သွားရပြီး ညီမဖြစ်သူမှာ မိခင်နှင့် ပါသွားသည်။

ဖခင်မှာ စာတိုက်ဝန်ထမ်းဖြစ်ပြီး မိခင်မှာ အမေရိကန်ဗဟိုဘဏ်၏ ဘဏ်ခွဲတစ်ခုမှ ဒုတိယဥက္ကဌတစ်ဦး ဖြစ်သည်။

မရတ်သည် အထက်တန်းအောင်ပြီးသောအခါ နယူးယောက်ရှိ ဂီတအကယ်ဒမီ (American Musical and Dramatic Academy) တွင် တစ်နှစ်ခွဲခန့် ကျောင်းတက်ခဲ့သည်။

ဂျေဆင် မရတ်၏ သီချင်းများအနက် အကျော်ကြားဆုံးမှာ I’m Yours ဖြစ်သည်။ I’m Yours သည် Billboard မဂ္ဂဇင်း၏ Hot 100 စာရင်းတွင် ရက်သတ္တ ၇၆ ပတ်ကြာ ပါဝင်ခဲ့ရာ Billboard ၏ ၅၁ နှစ်တာ သမိုင်းတလျှောက် အချိန်အကြာဆုံး ထိပ်တန်းစာရင်းဝင်ခဲ့သော သီချင်းအဖြစ် သမိုင်းတင်ခဲ့သည်။

၂၀၁၂ ခုနှစ် မေလတွင် I’m Yours ကို YouTube ၌ ကြည့်ရှုမှုအကြိမ်ရေ ၁၂၅၀၀၀၀၀၀ အထိ ရှိခဲ့သည်။

သူ၏ Lucky အမည်ရှိ သီချင်းမှာလည်း Billboard Hot 100 စာရင်းတွင် ရပ်တည်ခဲ့ဖူးသည်။

၂၀၁၀ ပြည့်နှစ်တွင် မရတ်သည် ဂီတ၏ အော်စကာဆုဟု ဆိုကြသော ဂရမ်မီဆု ၂ ဆုရရှိခဲ့သည်။

((မရတ်ရဲ့ မြန်မာပြည်ဖျော်ဖြေပွဲ))

ဂျေဆင် မရတ်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဖျော်ဖြေပွဲအနေဖြင့် ဂီတလာရောက်ဖျော်ဖြေခဲ့ရာ မြန်မာပြည်မှ နာမည်ကြီးအဆိုတော်များဖြစ်သော ဖြူဖြူကျော်သိန်း၊ R ဇာနည်၊ ဖြိုးကြီး၊ လင်းလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ချစ်သုဝေတို့လည်း ပါဝင်သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့အပြင် ထိုင်းနိုင်ငံမှ နာမည်ကြီး ဂီတအဖွဲ့ဖြစ်သော Slot Machine လည်း ပူးပေါင်းပါဝင်ခဲ့သည်။

အဆိုပါပွဲတွင် ဂျေဆင် မရတ်၏ Lucky ဟူသောသီချင်းကို မရတ်နှင့် ဖြူဖြူကျော်သိန်းတို့ ပူးတွဲသီဆိုခဲ့ကြသည်။

((ဂျေဆင်မရတ်၏ စံအိမ်))

ဂျေဆင်မရတ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။ မရတ်သည် အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုခရိုင်၊ Oceanside မြို့တွင် နေထိုင်သည်။

Oceanside တွင် နေထိုင်သူအများစုမှာ အိမ်ပိုင်ရှင်များဖြစ်ကြသည်။ အိမ်ငှားနည်းသည်။

Oceanside တွင် ပန်းခြံများလည်း ပေါသည်။

မရတ်၏ စံအိမ်မှာ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ပြီး အကျယ်အဝန်း စတုရန်းပေ ၅၀၀၀ ကျော်ရှိသည်။

စံအိမ်ကို တပ်စ်ကန် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး mid-century vibes မျိုး ပေးစွမ်းသည်။

ခြံနောက်ဘက်တွင် ရေကူးကန်နှင့် spa တို့ရှိပြီး အပန်းဖြေစရာ နေရာများစွာ ပါဝင်သည်။

သစ်ကြမ်းခင်းများ ခင်းကျင်းထားသော နေအိမ်အတွင်းပိုင်းမှာ နွေးထွေးသော ခံစားချက် ပေးသည်။

((နေအိမ်၏ အချက်အလက်များ))

● အိပ်ခန်း - ၅ ခန်း

● ရေချိုးခန်း- ၄ ခန်း

● အကျယ်အဝန်း- ၅၁၅၃ စတုရန်းပေ

● တန်ကြေး- ကန်ဒေါ်လာ ၂ ဒသမ ၁ သန်း

● လိပ်စာ- Morro Heights Rd, Oceanside, CA 92057

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jason Mraz House: The Oceanside Pad  (urbansplatter)

Photos: Jason Mraz House

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service