DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင်ဂျင်နီယာများကို ပြည်ပသို့ ခရီးသွားလာခွင့် ပိတ်ပင်ကာ ပတ်စ်ပို့များ သိမ်းဆည်း

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင်ဂျင်နီယာများကို ပြည်ပသို့ ခရီးသွားလာခွင့် ပိတ်ပင်ကာ ပတ်စ်ပို့များ သိမ်းဆည်း - Property News in Myanmar from iMyanmarHouse.com
25 Mar 2025 10:47 am တွင် တင်ခဲ့သည်
778 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်အခြေစိုက် ထွန်းသစ်စ AI ကုမ္ပဏီဖြစ်သော DeepSeek ၏ Powerful ဖြစ်သည့်အပြင် ကုန်ကျစရိတ်နည်းပါးသော AI model R1 သည် ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့သည်အထိ ကြီးမားသည့်အောင်မြင်မှုကြီး ရရှိထားသည်။

ယခုအခါ DeepSeek က အရေးပါသည့် အချက်အလက်များ မပေါက်ကြားစေရေးအတွက် ကုမ္ပဏီမှ အဓိက ဝန်ထမ်းများ၏ ပတ်စ်ပို့များကို သိမ်းယူထားသည်ဟု ဆိုသည်။

The Verge သတင်းဌာနမှ AI သတင်းထောက် Kylie Robison ၏ ပြောပြချက်အရ လျှို့ဝှက်သတင်း အချက်အလက်များ လုံခြုံစေရေးအတွက် ရည်ရွယ်ကာ DeepSeek မှ အင်ဂျင်နီယာများမှာ ခရီးသွားလာမှု ကန့်သတ်ခံရခြင်းများ ရင်ဆိုင်နေရသည်ဟု ဆိုသည်။

အရေးကြီးသော လျှို့ဝှက်အချက်အလက်များတွင် ကုန်သွယ်ရေးနှင့် နိုင်ငံတော်လျှို့ဝှက်ချက်များ ပါဝင်နိုင် သည်ဟုလည်း Kylie က ပြောသည်။

တစ်ကမ္ဘာလုံးတွင် AI နည်းပညာနှင့် စပ်လျဉ်းပြီး အပြိုင်အဆိုင်အလွန်တရာ ပြင်းထန်နေသော လက်ရှိကာလမျိုးတွင် AI နှင့် ပတ်သက်သည့် intellectual property ကာကွယ်နိုင်ရေးအပေါ် ရတက်မအေးဖြစ်မှုများ မြင့်တက်လာနေသည်။

DeepSeek က အခြားကမ္ဘာကျော် AI ကုမ္ပဏီများဖြစ်သော OpenAI , Google DeepMind တို့နှင့် ပြိုင်ဖက်ဖြစ်နေသည်။

AI ဖြင့် လုပ်ဆောင်မှုများတွင် Chatbot များ၊ content ထုတ်လုပ်မှုများနှင့် အခြားသော AI ဖြင့် လုပ်ဆောင်သည့် Tool များ ပါဝင်သည်။

DeepSeek သည် app store များတွင် ကမ္ဘာ့ပြိုင်ဖက်များကို ဖြတ်ကျော်ကာ လျင်မြန်စွာပင် အထင်ကရ နံပါတ် ၁ app တစ်ခု ဖြစ်လာသည်။

The Information ၏ ဖော်ပြချက်အရ DeepSeek သည် ကမ္ဘာ့အဆင့်အထိ ရုတ်ချည်းလျင်မြန်စွာ အောင်မြင်မှုကြီးကြောင့် တရုတ်ပြည်တွင် အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်ခံရသည်ဟု ဆိုသည်။

DeepSeek မှ အင်ဂျင်နီယာများသည် ၎င်းတို့၏ ပတ်စ်ပို့များ အပ်နှံထားကြရကြောင်း၊ တရုတ်အခြေစိုက် AI ကုမ္ပဏီသည် စွမ်းဆောင်ရည်မြင့်မားသော AI model ကို ယခုနှစ်အစောပိုင်းတွင် ချပြခဲ့မှုမှာ ကမ္ဘာတဝန်း ထိပ်တန်းသတင်းကြီးဖြစ်ကာ စတော့ဈေးကွက်များကို ကိုင်လှုပ်ခဲ့သည်အထိ ဂယက်ရိုက်ခဲ့သည်။

အထက်ပါဖြစ်ရပ်များ ဖြစ်ပေါ်ပြီးနောက်ပိုင်း ယခုအခါ အရေးပါသော ဝန်ထမ်းအချို့ကို ပတ်စ်ပို့များ သိမ်းယူလာခြင်းဖြစ်ကြောင်း The Information က ဖော်ပြသည်။

ခရီးသွားလာမှု တားမြစ်ရခြင်းမှာ ကုန်သွယ်ရေးလျှို့ဝှက်ချက်များ၊ နိုင်ငံတော်လျှို့ဝှက်ချက်များကဲ့သို့ လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားမှု ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Kylie Robison က ပြောသည်။

တဘက်တွင်လည်း DeepSeek ကို အသုံးပြုခြင်းနှင့်စပ်လျဉ်းပြီး ရတက်မအေးဖြစ်နေမှုများရှိသည်။

အထူးသဖြင့် အသုံးပြုသူတို့၏ အချက်အလက်လုံခြုံမှုနှင့် တရုတ်အစိုးရ၏ သြဇာလွှမ်းနိုင်မှုအပေါ် စိုးရိမ်ကြခြင်း ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်တို့နှင့် policymaker တို့က user တို့၏ data များကို တရုတ်အာဏာပိုင်တို့ ရယူနိုင်မည့်အလားအလာအပေါ် မေးခွန်းထုတ်ကြသည်။

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အိန္ဒိယတို့က DeepSeek နှင့် တရုတ်အစိုးရဆက်နွှယ်နိုင်မှုကို ရတက်မအေး ဖြစ်နေကြသည်။

အိန္ဒိယအစိုးရကလည်း တရုတ်ပြည်ရှိ ကုမ္ပဏီများမှ ထုတ်လုပ်သည့် AI tool များသည် အိန္ဒိယမှ အသုံးပြုသူတို့၏ အချက်အလက်များ ရယူသွားမည့်အလားအလာကို စိုးရိမ်ကြသည်။

အမေရိကန်ပြည်တွင် အမျိုးသားလုံခြုံရေးအတွက် တရုတ်ပြည်မှ AI ကုမ္ပဏီများကို ကန့်သတ်ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: DeepSeek gets 'National Treasure in China' status: Travel ban, passport taken away and more that it means for DeepSeek's top engineers

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service