အမေရိကန်ပြည်၊ ချီကာဂိုတွင် စိန့်ပက်ထရစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချီကာဂိုမြစ်ရေကို အစိမ်းရောင်သို့ ပြောင်းလဲပစ်ခဲ့

အမေရိကန်ပြည်၊ ချီကာဂိုတွင် စိန့်ပက်ထရစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချီကာဂိုမြစ်ရေကို အစိမ်းရောင်သို့ ပြောင်းလဲပစ်ခဲ့ - Property News in Myanmar from iMyanmarHouse.com
24 Mar 2025 1:19 pm တွင် တင်ခဲ့သည်
400 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ချီကာဂိုမြို့ကြီးတွင် စိန့်ပက်ထရစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချီကာဂိုမြစ်ကြီးကို kelly green ဟုခေါ်သော အစိမ်းတောက်တောက်အရောင်ဖြစ်အောင် ဆေးဆိုးကာ ပြောင်းလဲပစ်ခဲ့သည်။

((မှတ်ချက်။ kelly green ဟူသောအရောင်မှာ အိုင်ယာလန်ယဉ်ကျေးမှုနှင့် ဆက်နွှယ်နေပြီး စိန့်ပက်ထရစ် နေ့ကို တိုက်ရိုက်ကိုယ်စားပြုနေသည်။ အဆိုပါအရောင်မှာ ကံကောင်းခြင်း၊ ပြန်လည်ဆန်းသစ်ခြင်းနှင့် ခွန်အား တို့ကို ကိုယ်စားပြုသည်။ kelly green ဟူသော အမည်မှာ အိုင်ယာလန်မှ မျိုးရိုးအမည်ဖြစ်သော kelly မှ ဆင်းသက်လာပြီး အိုင်ယာလန်၏ စိမ်းလန်းစိုပြည်သော မြေမျက်နှာသွင်ပြင်ကို မြင်ယောင်သတိရစေမည့် အမည်ဖြစ်သည်။ အိုင်ယာလန်တွင် kelly green အရောင်မှာ ကံကြမ္မာကောင်းကို ဆောင်ကြဉ်းပေးပြီး ဥစ္စာဓနပေါကြွယ်ဝစေသည်ဟု ယုံကြည်ကြသည်))

ထောင်နှင့်ချီသော ပြည်သူတို့သည် ချီကာဂိုမြစ်ကမ်းဘေးတွင် စုရုံးရောက်ရှိခဲ့ကြပြီး Chicago Journeymen အမည်ရှိ ရေပိုက်ပြင်သမားများ သမဂ္ဂ၏ အဖွဲ့ခွဲ ၁၃၀ မှ အဖွဲ့ဝင်တို့က လှေများပေါ်မှတဆင့် မြစ်ကြီးထဲသို့ အစိမ်းရောင်ဆေးများ ပက်ဖြန်းကာ ဆေးရောင်ခြယ်ခဲ့ကြသည်။

အဆိုပါ ဓလေ့ပေါ်ပေါက်ခဲ့သည်မှာ ၆၃ နှစ်ခန့် ရှိပြီဟု ဆိုသည်။

၂၀၂၅ ခုနှစ်အတွက် စိန့်ပက်ထရစ်နေ့မှာ မတ်လ ၁၇ ရက်တွင် ကျရောက်ခဲ့သည်။

စိန့်ပက်ထရစ်နေ့ အခမ်းအနားအဖြစ် ချီကာဂိုမြို့လယ်တွင် စီတန်းလှည့်လည်ခြင်းများ ပြုလုပ်ကြသည်။

ထိုသို့ စီတန်းလှည့်လည်ပွဲ မတိုင်မီတွင် ချီကာဂိုမြစ်ကြီးကို အစိမ်းရောင်ဆေးဆိုးခဲ့ကြခြင်း ဖြစ်သည်။

စိန့်ပက်ထရစ်သည် အိုင်ယာလန်သူတော်စင်တစ်ဦးဖြစ်ပြီး ၅ ရာစုအတွင်း အိုင်ယာလန်သို့ ခရစ်ယာန်ဘာသာ ပြန့်ပွားစေရန် စတင်သာသနပြုခဲ့သူတစ်ဦးအဖြစ် လူသိများသည်။

 

(စိန့်ပက်ထရစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ချီကာဂိုမြစ်ကြီးအား အစိမ်းရောင် ဆေးဆိုးထားသည်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-AP Photo/ Erin Hooley)

 

(ချီကာဂိုမြစ်ကြီးအတွင်း အစိမ်းရောင်ဆေးများ ဖြန်းပက်နေသည်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်က တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-AP Photo/ Erin Hooley)

 

မြစ်အတွင်း ပက်ဖြန်းခဲ့သည့် ဆေးများမှာ အဆိပ်သင့်စေမည့်အန္တရာယ်မရှိချေ။

ချီကာဂိုမြစ်ကို အစိမ်းရောင်အဖြစ် နာရီအတန်ကြာ မြင်တွေ့နေရမည်ဖြစ်ပြီး အချို့နေရာများတွင် ရက်နှင့်ချီကာ အစိမ်းရောင်များ တွေ့ရနိုင်သည်။

 

((ပိုက်ပြင်သမားတွေ စခဲ့တဲ့ ဓလေ့))

 

၁၉၆၀ ပြည့်လွန်ကာလများက ချီကာဂိုမှ ရေပိုက်လုပ်သားများသည် ရေပိုက်ယိုစိမ့်မှုများကို အဖြေရှာရန် အတွက် အစိမ်းရောင်တောက်တောက်ဆေးမှုန့်များကို အသုံးပြုခဲ့ကြသည်။

၎င်းတို့၏ အဖြူရောင်ဝတ်စုံများတွင် ဆေးစိမ်းများ ပေကျံနေလေ့ရှိကြောင်း CNN သတင်းဌာနက ၂၀၁၉ ခုနှစ် အတွင်း ရေးသားဖော်ပြခဲ့ဖူးသည်။

၁၉၆၂ ခုနှစ်တွင် ချီကာဂို Journeymen ရေပိုက်လုပ်သားများ ဒေသတွင်း သမဂ္ဂမှ အဖွဲ့ဝင်တို့က အစိမ်းရောင် ဆိုးဆေး ပေါင် ၁၀၀ ကို အပျော်အနေဖြင့် ချီကာဂိုမြစ်ထဲသို့ ကျဲချခဲ့ကြသည်။

ချီကာဂိုမြစ်ကြီးမှာ ရက်သတ္တပတ်ခန့် အစိမ်းရောင်ဖြစ်နေခဲ့ကြောင်း Illinois Office of Tourism က ဖော်ပြသည်။

ထိုအလေ့အထကို ယနေ့တိုင် ဆက်ခံကျင့်သုံးလာခဲ့ခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chicago dyes its river bright green as it opens St. Patrick’s Day celebrations

Photo Credit- AP Photo/ Erin Hooley

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service