မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ ၄ ဘီလီယံတန်ကြေးရှိ ဈေးဝယ်စင်တာ အဆောက်အအုံကြီးမှာ ကာလကြာရှည် ငှားရမ်း မည့်သူကင်းမဲ့နေရသည့် အကြောင်းရင်း

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ ၄ ဘီလီယံတန်ကြေးရှိ ဈေးဝယ်စင်တာ အဆောက်အအုံကြီးမှာ ကာလကြာရှည် ငှားရမ်း မည့်သူကင်းမဲ့နေရသည့် အကြောင်းရင်း - Property News in Myanmar from iMyanmarHouse.com
24 Mar 2025 1:00 pm တွင် တင်ခဲ့သည်
1613 ကြိမ် ကြည့်ရှု့ပြီး

မြောက်ကိုရီးယား ဗိုလ်ကြီးဇာတ်လမ်းတွဲဖြင့် နာမည်ကြီးခဲ့သော ကိုရီးယားရုပ်ရှင်မင်းသမီး Son Ye Jin ပိုင်ဆိုင်သည့် Luxury ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံကြီးမှာ ငှားရမ်းဖွင့်လှစ်မည့်သူမရှိဘဲ နှစ်ပေါင်းများစွာ လစ်လပ်လျက်ရှိသည်။

အဆိုပါ အဆောက်အအုံကြီးသည် တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်၏ စီးပွားရေးရပ်ကွက်ဖြစ်သော ဂမ်နမ်ခရိုင်တွင် တည်ရှိသည်။

ထိုသို့ အချက်အခြာ နေရာကောင်းတွင်ရှိကာ ခေတ်မီ Amenities များ ရှိနေသည့်တိုင် ငှားရမ်းမည့်သူမရှိ ဖြစ်နေခြင်း ဖြစ်သည်။

ထိုသို့ ငှားရမ်းမည့်သူမရှိဖြစ်နေရခြင်းမှာ ဈေးအလွန်ကြီးသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဂမ်နမ်ဘူတာအနီးတွင် တည်ရှိသော အဆောက်အအုံကို Son Ye Jin က ၂၀၂၂ ခုနှစ်အတွင်း ဝမ် ၂၂ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မူလအဆောက်အအုံကို ဖြိုချကာ ၅ ထပ် ဈေးဝယ်စင်တာအဖြစ် ပြောင်းလဲလိုက်သည်။

မြေအောက်ထပ်တစ်ခုပါ ထည့်သွင်းဆောက်လုပ်ထားပြီး အကျယ်အဝန်းမှာ ၇၂၄ စတုရန်းမီတာ ရှိသည်။

အဆောက်အအုံဆောက်လုပ်မှုမှာ ပြီးခဲ့သော ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် အပြီးသတ်ခဲ့သည်။

သို့သော် မည်သည့် ကုမ္ပဏီကမှ ငှားရမ်းဖွင့်လှစ်သေးခြင်း မရှိချေ။

ဂမ်နမ်စီးပွားရေးရပ်ကွက်တွင် စီးပွားရေးလုပ်လိုသူတို့ကို လက်ရှိအားဖြင့် ရှာဖွေနေသည်။

အဆောက်အအုံပြီးစီးပြီးနောက်ပိုင်း နှစ်ဝက်ခန့် ကာလအတွင်း ငှားရမ်းမည့်သူမရှိခြင်း၏ အကြောင်းရင်းမှာ ငှားရမ်းခ ဈေးကြီးသောကြောင့်ဖြစ်သည်ဟု ဆိုကြသည်။

ဆိုးလ်မြို့တော်၏ လူဝင်လူထွက်အများဆုံးဖြစ်သော ဂမ်နမ်အရပ်တွင် တည်ရှိသည့် ယခုအဆောက်အအုံ၏ ဒုတိယထပ်တွင် ငှားရမ်းခ သတ်မှတ်ထားမှုမှာ ၃ ဒသမ ၃ စတုရန်းမီတာ (1 pyeong) လျှင် ဝမ် ၃၀၀,၀၀၀ ဖြစ်ရာ pyeong ၄၀ အကျယ်အဝန်းရှိသော နေရာကို ငှားရမ်းလိုသည်ဆိုပါက တစ်လလျှင် ဝမ် ၁၂ ဒသမ ၁၅ သန်းခန့်အထိ ပေးရမည် ဖြစ်သည်။

ထို့အပြင် စီမံထိန်းသိမ်းစရိတ်အဖြစ်လည်း ဝမ် ၁ ဒသမ ၂၂ သန်း ပေးရဦးမည် ဖြစ်သည်။

ထိုအချက်များကြောင့် ငှားရမ်းမည့်သူများ လက်တွန့်နေကြခြင်းဖြစ်ပုံရသည်။

အဆိုပါ ငှားရမ်းခမှာ မည်သူ့အတွက်မဆို အလွန်ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်နိုင်သည်။

ထို့ကြောင့် ငှားရမ်းမည့်သူများ အပြည့်ရှိစေရန် (သို့မဟုတ်) သင့်တော်သည့်လုပ်ငန်းများ ရောက်လာစေရန် အချိန်ယူရဖွယ်ရှိသည်။

သို့သော် နေရာအကွက်အကွင်း ကောင်းသောကြောင့် ငှားရမ်းမည့်သူ ပေါ်ပေါက်လာမည်ဟု အိမ်ခြံမြေ ကျွမ်းကျင်သူတို့က ပြောသည်။

သို့တိုင် Son Ye Jin အနေဖြင့် ကြီးမြင့်လှသော ငှားရမ်းခကို ပြန်လည်ညှိနှိုင်း ဈေးပြင်ပေးရန် လိုအပ်လိမ့်မည် ဖြစ်သည်။

Son Ye Jin သည် Crash Landing On You တွင် ဆုံစည်းခဲ့သည့် ချစ်ရသူ Hyun Bin နှင့် လက်ထပ်ခဲ့ပြီး နောက် သားတစ်ဦး ထွန်းကားခဲ့သည်။

ရုပ်ရှင်လောကနှင့် ကာလအတန်ကြာ ကင်းကွာနေခဲ့ပြီးနောက် Son Ye Jin သည် ယခုအခါ ငွေရောင်ပိတ်ကား ပေါ်သို့ ပြန်လည်ခြေချရန် ပြင်ဆင်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: Son Ye Jin’s $15M Gangnam building struggles to attract tenants

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service