စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ

စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ - Property News in Myanmar from iMyanmarHouse.com
24 Mar 2025 10:35 am တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး

“ရဲတိုက်ကြီးတစ်လုံး ဝယ်နိုင်လိ့မ်မယ်လို့ မထင်ခဲ့မိဘူး” ဟု ဆိုင်မင် ဟန့် (Simon Hunt) က ၁၆ ရာစု ရဲတိုက်ကြီး၏ ကျောက်တုံးနံရံ ကာရံထားသော မီးဖိုဆောင်ထောင့်တစ်နေရာတွင် ဇနီးဖြစ်သူ စတက်ဖ် ဘာဂင် (Stef Burgon) နှင့်အတူ ထိုင်ရင်း ပြောသည်။

“Games of Thornes ထဲကလို သူတို့တွေဟာ မျိုးရိုးစဉ်ဆက် အမွေဆက်ခံလာခဲ့ကြတယ်လို့ ထင်ပါတယ်”

ရဲတိုက်ကြီးမှာ ကေလ်မာတင် (Kilmartin Castle) ဟု အမည်ရပြီး စကော့တလန်ဘုရင်မ မေရီလက်ထက် ၁၅၅၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်မန်နှင့် စတက်ဖ်တို့သည် ဒူဘိုင်းတွင် အလုပ်လုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခုခန့် ရှိခဲ့ပြီဖြစ်ပြီး ထိုသို့ နေထိုင်လုပ်ကိုင်နေစဉ် ကေလ်မာတင်ရဲတိုက်ကြီးနှင့် ပတ်သက်သည့် သတင်းတစ်ခု ဖတ်ရှုမိသည်။

၎င်းတို့ဖတ်ရှုခဲ့ရသည်မှာ လန်ဒန်မြို့တွင် ကားပါကင်နေရာများ၏ ဈေးနှုန်းမှာ ခေါင်ခိုက်လှကြောင်း၊ ထိုဈေးနှုန်းဖြင့်ဆိုလျှင် စကော့တလန်မှ ရဲတိုက်ကြီးတစ်လုံးကိုပင် ဝယ်ယူနိုင်ကြောင်း ရေးသားဖော်ပြထားသော သတင်းဆောင်းပါးဖြစ်သည်။

ထိုသတင်းတွင် ကေလ်မာတင်ရဲတိုက်ကြီး၏ ဓာတ်ပုံများကိုလည်း ဖော်ပြထားရာ အလွန်လှပသောကြောင့် ဆိုင်မန်တို့စုံတွဲက ဆက်သွယ်စုံစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဆိုင်မင် (၄၃ နှစ်) နှင့် စတက်ဖ် (၄၅ နှစ်) တို့သည် စတက်ဖ်၏ မိသားစုရှိရာ နယူးကာဆယ်မြို့တွင် ခရစ္စမတ်ကာလတစ်ခု နေထိုင်ဖြတ်သန်းခဲ့ပြီးကတည်းက စကော့တလန်ကို နှစ်သက်မြတ်နိုးခဲ့ကြခြင်း ဖြစ်သည်။

ရဲတိုက်ကြီးတစ်လုံး ဝယ်ယူပိုင်ဆိုင်ရေးဆိုသည်မှာ ဆိုင်မင်တို့အတွက် ယခင်က စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်သည်ဟု ဆိုနိုင်သည်။

“ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ရဲတိုက်ကြီးတွေ ဝယ်နိုင်လောက်အောင် ကျိကျိတက် ချမ်းသာတဲ့ သူတွေ မဟုတ်လို့ပါ” ဟု ဆိုင်မင်က ပြောသည်။

 

 

(▲ ဆိုင်မင်တို့စုံတွဲက ရဲတိုက်ကြီးကို ပေါင် ၃၃၁၇၈၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Emily Sandifer)

“ကျွန်မရဲ့ မိဘတွေက အဲဒီရဲတိုက်ကြီးကို သွားကြည့်ပေးခဲ့ပါတယ်” ဟု စတက်ဖ်က ပြောသည်။

ကေလ်မာတင်ရဲတိုက်ကြီးသည် ဂလပ်စဂိုမြို့မှ မော်တော်ကားဖြင့် ၂ နာရီခရီးအကွာတွင် တည်ရှိသည်။

“ကျွန်မ မိဘတွေပြောတာက သူတို့သာ ကျွန်မတို့အရွယ်ဆိုရင် သေချာပေါက်ဝယ်ဖြစ်မှာလို့ ပြောပါတယ်”

 

 

(▲ ဆိုင်မင်တို့စုံတွဲသည် ကေလ်မာတင်ရဲတိုက်ကြီးကို မတွေ့သေးမီက ဒူဘိုင်းတွင် အလုပ်လုပ်နေသူများ ဖြစ်သည်။)

 

အဆိုပါ ရဲတိုက်ကြီးကို ချိတ်ပိတ်လေလံဖြင့် ဈေးပေးကာ ဝယ်ယူရခြင်းဖြစ်သည်။ ဆိုင်မင်တို့စုံတွဲက မိမိတို့ပေးသည့် ဈေးနှုန်းမှာ အမြင့်ဆုံးမဖြစ်နိုင်ကြောင်း တွေးဆထားသည်။

သို့သော် လေလံဈေးပေးခြင်းနှင့်အတူ ရဲတိုက်ကြီးကို မည်မျှချစ်မြတ်နိုးကြောင်း၊ ဝယ်ယူရရှိပါက မည်သို့မည်ပုံ အပင်ပန်းခံ မွမ်းမံမည့်အကြောင်း စာတစ်စောင်ပါ ရေးသားပေးပို့ခဲ့သည်။

ယင်းနောက်ပိုင်း အခြားလေလံဆွဲသူတို့ကို ဖြတ်ကျော်ကာ လေလံအောင်ခဲ့သည်။ ဆိုင်မန်က သူ၏ ဇာတိမြေ သြစတေးလျမှ အိမ်ကိုရောင်းချကာ ကေလ်မာတင်ရဲတိုက်ကြီးကို ဝယ်ယူခဲ့သည်။

ဝယ်ယူပြီးနောက်ပိုင်း အိမ်ရောင်းရငွေမှ ပေါင် ၈၀၀၀၀ သာ ကျန်သည်။

 

 

(ဆိုင်မင်တို့ စုံတွဲသည် ဥရောပတခွင် ၆ လခန့် လှည့်လည်ကာ ရှေးဟောင်းပစ္စည်းများ စုဆောင်းခဲ့သည်)

 

ဝယ်ယူပြီး ၂ နှစ်အကြာတွင် ဇာတိမြေသို့ ပြန်လာပြီး ရဲတိုက်ကြီးတွင် လက်ထပ်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်တွင် ဒူဘိုင်းရှိ အလုပ်များမှ နှုတ်ထွက်ကာ ကားအိမ်တစ်စီး ဝယ်ယူကာ ဥရောပတခွင့် ၆ လခန့် လှည့်လည်ပြီး ရှေးဟောင်းပစ္စည်းများ လိုက်လံဝယ်ယူစုဆောင်းခဲ့သည်။

 

(▲ဆိုင်မင်တို့စုံတွဲက ရဲတိုက်ကြီးကို ၎င်းတို့စကားအရ “ကျေးလက် luxury” ဆန်သောနေရာဖြစ်လာစေရန် မွမ်းမံအလှဆင်နေသည်)

 

 

(▲ ယခင်ပိုင်ရှင်မှာ ကျောက်ဆစ်သမားတစ်ဦးဖြစ်ပြီး ရဲတိုက်ကြီး၏ အပြင်ဘက်ကို ကောင်းစွာ ထိန်းသိမ်းထားသည်။)

 

 

(▲ အေးစိမ့်သော လရာသီများတွင် နွေးထွေးစေမည့် ထင်းသုံးမီးလင်းဖိုကြီး။ ဓာတ်ပုံ-Emily Sandifer)

 

 

(▲ ကြမ်းပြင်အောက် အပူပေးစနစ်လည်း ပါဝင်သည်။ ဓာတ်ပုံ-Emily Sandifer)

 

 

(▲ စာဖတ်ရန်နှင့် ဝန်းကျင်ရှုခင်းကြည့်ရှုခံစားရန်ကောင်းမွန်သော ပြတင်းပေါက်နေရာ။ ဓာတ်ပုံ-Emily Sandifer)

 

 

(▲ ဆိုင်မင်တို့စုံတွဲက ရဲတိုက်ကို အနည်းငယ်မွမ်းမံပြီးနောက် ၂၀၁၉ ခုနှစ်တွင် ညအိပ်တည်းခိုနိုင်သည့် B&B အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ဓာတ်ပုံ-Emily Sandifer)

 

 

(▲ ရဲတိုက်ကြီးတွင် ဧည့်သည် ၁၀ ဦးအထိ ညအိပ်လက်ခံသည်။ ဓာတ်ပုံ-Emily Sandifer)

 

 

 

(▲ ညစာစားခန်း။ ဓာတ်ပုံ-Emily Sandifer)

 

 

(▲ ခြံအကျယ် ၂ ဧကရှိရာ အိမ်နီးချင်းများကြောင့် စိတ်ညစ်စရာ ကြုံရဖွယ်မရှိချေ။ ဓာတ်ပုံ-Emily Sandifer)

 

 

(▲ ကြယ်ရောင်စုံ ပြိုးပြက်သောညများတွင် လူ ၂၀ ဦးအထိ ညစာစားနိုင်မည့် Ourdoor dining နေရာ။ ဓာတ်ပုံ-Emily Sandifer)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref:  We bought a 16th-century Scottish castle for the price of a London parking space  Photo Credit-Emily Sandifer

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service