စကော့တလန်တွင် လျှပ်စစ်မီးလိုင်း၊ ဓာတ်ငွေ့လိုင်းမရှိသော ပင်လယ်ကမ်းခြေနေအိမ်ကြီးတစ်လုံး ပေါင် ၃၉၅၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ

စကော့တလန်တွင် လျှပ်စစ်မီးလိုင်း၊ ဓာတ်ငွေ့လိုင်းမရှိသော ပင်လယ်ကမ်းခြေနေအိမ်ကြီးတစ်လုံး ပေါင် ၃၉၅၀၀၀ အထိ ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
18 Mar 2025 11:13 am တွင် တင်ခဲ့သည်
374 ကြိမ် ကြည့်ရှု့ပြီး

ကိုယ်ပိုင် ပင်လယ်ကမ်းခြေဖြင့် လူသူဝေးရာတွင် အေးအေးလူလူ နေလိုပါသလား။

ဓာတ်ငွေ့လိုင်း၊ မီးလိုင်းမရှိသော နေအိမ်တစ်လုံး အရောင်းဈေးကွက်ဝင်နေသည်။ မျက်စေ့တဆုံး အိမ်နီးချင်းမရှိသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာမရှိဘဲ အေးအေးလူလူ နေထိုင်နိုင်မည့် နေရာလည်း ဖြစ်သည်။

စကော့တလန်ကုန်းမြင့်ဒေသ၊ Knoydart ကျွန်းဆွယ်တွင် တည်ရှိပြီး Doune Bay Lodge ဟု လူသိများသော ယခုအိမ်ကြီးတွင် အိပ်ခန်း ၅ ခန်းပါဝင်သည်။

နေအိမ်မှတဆင့် Sound of Sleat ရေလက်ကြားမှသည် Isle of Skye ကျွန်းအထိ လှမ်းမျှော်ကြည့်ရှု ခံစားနိုင်သည်။

နေအိမ်အတွင်းမှသာ ဝန်းကျင်ရှုခင်းများကို ခံစားနိုင်သည်မဟုတ်။

Knoydart ကျွန်းဆွယ်၏ အနောက်ဘက်ရှိ ပင်လယ်ကွေ့ငယ်နေရာမှ သီးသန့်ကိုယ်ပိုင် ပင်လယ်ကမ်းခြေပိုင်ဆိုင်မည်ဖြစ်ရာ ပင်လယ်ကမ်းခြေသို့ ဆင်း၍လည်း ရှုမျှော်ခင်းများကို ခံစားနိုင်သည်။

မီးပြတ်မည်ကို စိုးရိမ်စရာမလိုချေ။

အဘယ်ကြောင့်ဆိုလျှင် လျှပ်စစ်မီးလိုင်း၊ ဓာတ်ငွေ့လိုင်းများ မရှိသောကြောင့် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို ဆိုလာပြားများအပြင် ရေအားလျှပ်စစ်စက်ငယ်တစ်ခုမှ ရယူသည်။ ခေါ်ဈေးမှာ ပေါင် ၃၉၅၀၀၀ ဖြစ်သည်။

အကောင်းဆုံးအချက်မှာ အဆိုပါအိမ်ကို မကြာသေးမီကမှ ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသောကြောင့် ဝယ်ယူမည့် ပိုင်ရှင်သစ်အနေဖြင့် ချက်ချင်းရွှေ့ပြောင်းနေထိုင်နိုင်ခြင်း ဖြစ်သည်။

 

(▲ လျှပ်စစ်မီးလိုင်း၊ ဓာတ်ငွေ့လိုင်းများ မရှိချေ။ ဓာတ်ပုံ-Savills)

 

မြေပိုင်နက်မှာ ၂ ဧကဖြစ်သည်။

နှစ်ထပ်အိမ်ဖြစ်ကာ master bedroom ၅ ခန်း၊ ခေတ်မီ မီးဖိုဆောင်၊ အခန်းဖွင့်ခင်းကျင်းထားသော ဧည့်ခန်းနှင့် ညစာစားခန်း၊ အပြင်ဘက် deck နေရာနှင့် လှေအိမ်တို့ ပါဝင်သည်။

လူသူအလှမ်းကွာသောနေရာရှိ ယခုအိမ်မှာ အချို့သူများအတွက် ကာလကြာရှည် တောင့်တခဲ့သည့် အိမ်မျိုး ဖြစ်နိုင်သည်။

ယခုအိမ်ကို Reddit လူမှုကွန်ရက်တွင် လူမှုကွန်ရက်သုံးစွဲသူတို့အကြား သဘောထားအမျိုးမျိုးအဖုံဖုံ ကွဲပြားနေသည်။

u/Scorned-Scorpion အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ‘ကိုယ်ပိုင်ကမ်းခြေပါတဲ့ အံမခန်းအိမ်ပါပဲ’ ဟု မှတ်ချက်ပြုသည်။

u/SpaceMonkeyOnABike အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူက ပြောသည်မှာ အဆိုပါအိမ်တွင် မိမိတို့ နေထိုင်ခဲ့ဖူးကြောင်း၊ သို့သော် ပြဿနာတစ်ခုရှိကြောင်း မှတ်ချက်ပြုသည်။

“ကျွန်တော်အဲဒီမှာ နေခဲ့ဖူးပါတယ်။ သာယာလှပတဲ့နေရာလေးပါ။ ဒါပေမယ့် မှက်ကောင်တွေ တော်တော်သောင်းကျန်းတယ်”

u/StripedSocksMan အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူကလည်း အဆိုပါနေရာတွင် နေထိုင်မည်ဆိုပါက မှက်ကောင်များ၏ အန္တရာယ်ရှိကြောင်း သတိပေးသည်။

“အနောက်ဘက် ကုန်းမြင့်ဒေသက မှက်ကောင်တွေဟာ ဟာသမဟုတ်ဘူး။ ကျွန်တော်တို့ အနောက်ဘက်ကမ်းခြေကနေ ကျောခိုင်းခဲ့ပြီး အရှေ့ဘက်ကမ်းခြေဒေသကို ရွှေ့ပြောင်းခဲ့တာဟာ မှက်ကောင်တွေကြောင့်ပါ။ ကျွန်တော့်ခွေးလေးတွေဆို သနားဖို့တောင်ကောင်းတယ်။ နွေဘက်ဆို အပြင်ကိုတောင် မထွက်ရဲကြဘူး”

အချို့သူတို့က ယခုနေရာလေးမှာ လှပကာ ကဗျာဆန်ကြောင်းမှတ်ချက်ပြုသည်။

အချို့ကမူ သွေးစုပ်ဖုတ်ကောင်များ သောင်းကျန်းလာမည့် ကာလမျိုးတွင် ပုန်းခိုရန်ကောင်းမွန်သောနေရာ ဖြစ်ကြောင်း အရွှန်းဖောက်မှတ်ချက်ပြုကြသည်။

 

 

(▲ မကြာသေးမီက ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဓာတ်ပုံ-Savills)

 

 

(▲ ပေါင် ၃၉၅၀၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Savills)

 

 

(▲ မည်သည့်အခါမှ ငြီးငွေ့မသွားနိုင်သည့် ရှုမျှော်ခင်း။ ဓာတ်ပုံ-Savills)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Incredible’ off-grid home with its own private beach on sale for £395,000 Photo Credit-Savills

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service