အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာသင်ကြားပြသမှုမရှိဘဲ နှိမ့်ချအော်ငေါက် ဆက်ဆံခဲ့သော ဆရာ၊ ဆရာမများကို တရားစွဲ

အမေရိကန်ပြည်တွင် ကျောင်းသူတစ်ဦးက အထက်တန်းကျောင်းမှ စာမေးပွဲအောင်ခဲ့သည့်တိုင် စာမဖတ်တတ်၊ မရေးတတ်ဖြစ်နေ၊ မိမိအား ကောင်းစွာသင်ကြားပြသမှုမရှိဘဲ နှိမ့်ချအော်ငေါက် ဆက်ဆံခဲ့သော ဆရာ၊ ဆရာမများကို တရားစွဲ - Property News in Myanmar from iMyanmarHouse.com
18 Mar 2025 10:54 am တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ကွန်နက်တီကပ်ပြည်နယ်ရှိ အထက်တန်းကျောင်းသူဟောင်းတစ်ဦးက စာမရေးတတ်၊ မဖတ်တတ်သော်လည်း အထက်တန်းစာမေးပွဲ အအောင်ပေးခဲ့သည့် ဆရာ၊ ဆရာမများကို တရားစွဲထားသည်။

အယ်လေးရှား အိုတိဇ် (Aleisha Ortiz) အမည်ရှိ အသက် ၁၉ နှစ်အရွယ် မိန်းကလေးက ၎င်းအပေါ် bully လုပ်ခြင်း၊ နှောင့်ယှက်ခြင်း၊ လစ်လျူရှုခြင်းများ လုပ်ဆောင်ခဲ့သော ကွန်နက်တီကပ်ပြည်နယ်၊ Hartford Public Schools ခရိုင်မှ ဝန်ထမ်းများအား နစ်နာကြေး ဒေါ်လာ ၃ သန်းရလိုကြောင်း တရားစွဲထားသည်။

အယ်လေးရှားသည် လေ့လာသင်ယူခြင်း မသန်စွမ်းမှု (learning disability) ခံစားနေရသူဖြစ်သည်။

(မှတ်ချက်။ လေ့လာသင်ယူမှု မသန်စွမ်းခြင်းဝေဒနာမှာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။ အသိဉာဏ်မှာ ပုံမှန်အတိုင်းဖြစ်သော်လည်း စာဖတ်၊ စာရေး၊ သင်္ချာ၊ ကျိုးကြောင်းဆင်ခြင်ခြင်း အစရှိသည်တို့ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်)

အယ်လေးရှားက ပြောပြသည်မှာ ကျောင်းတက်ခဲ့သည့် နှစ်များစွာအတွင်း ပညာသင်ယူမှုအရင်းအမြစ်များနှင့် ထောက်ပံ့ကူညီမှုများပေးရန် တောင်းဆိုခဲ့သော်လည်း မိမိအားသင်ကြားမှုပေးသည့် အထူးပညာရေး ဆရာများက အခြားသူများရှေ့တွင် အော်ငေါက်ခြင်း၊ နှိမ့်ချဆက်ဆံခြင်းတို့သာ လုပ်ခဲ့ရာ မကြာခဏ ငိုကြွေးခဲ့ရ ကြောင်း ပြောသည်။

ယင်းနောက် စာမရေးတတ်၊ မဖတ်တတ်ဘဲ အထက်တန်းစာမေးပွဲ အောင်လက်မှတ်ရလာခဲ့သည်။

မိမိ၏ နာမည်ကို စာလုံးပေါင်းရန်ပင် အနိုင်နိုင်ဖြစ်နေကြောင်း အယ်လေးရှားက ABC သတင်းဌာန၏ လက်အောက်ခံ WTNH သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြသည်။

“Hartford Public School မှာ တက်ခဲ့တဲ့ ဖြစ်ရပ်မျိုး တခြားဘယ်သူမှ မကြုံစေချင်ပါဘူး” ဟု အယ်လေးရှားက ပြောသည်။

အယ်လေးရှားသည် ပွေတိုရီကိုနိုင်ငံမှ အမေရိကန်ပြည်၊ ကွန်နက်တီကပ်သို့ ပြောင်းရွှေ့လာချိန်တွင် သူ၏ ရှိရင်းစွဲ စကားထစ်ခြင်း၊ စာဖတ်ရန် ခက်ခဲသည့် ဝေဒနာ၊ အာရုံမစူးစိုက်နိုင်သည့်ရောဂါတို့အပြင် ဘာသာစကား အတားအဆီးနှင့်လည်း ရင်ဆိုင်ရသည်။

“ကျောင်းတက်တဲ့ ပထမရက်တိုင်းမှာ သမီးက စာမဖတ်တတ်၊ မရေးတတ်ဘူး…အဲဒါကြောင့် ကျေးဇူးပြုမီး သမီးကို စိတ်ရှည်ပေးပါလို့ ဆရာတွေကို ပြောခဲ့ပါတယ်”

“ကျွန်မရဲ့ အခြေအနေကို သိပေမယ့် ဘယ်သူမှ မကူညီကြတာသိရတဲ့အချိန်မှာ ငိုကြွေးမိပါတယ်”

(▲ အယ်လေးရှား အိုတိဇ် (Aleisha Ortiz) အမည်ရှိ အသက် ၁၉ နှစ်အရွယ် မိန်းကလေးက ၎င်းအပေါ် bully လုပ်ခြင်း၊ နှောင့်ယှက်ခြင်း၊ လစ်လျူရှုခြင်းများ လုပ်ဆောင်ခဲ့သော ကွန်နက်တီကပ်ပြည်နယ်၊ Hartford Public Schools ခရိုင်မှ ဝန်ထမ်းများအား နစ်နာကြေး ဒေါ်လာ ၃ သန်းရလိုကြောင်း တရားစွဲထားသည်။)

 

 

(▲ အထူး ပညာရေးဆရာမ တစ်ဦးဖြစ်သူ တီလ်ဒါ ဆန်တီယာဂို (ပုံတွင်တွေ့ရသူ) သည် အယ်လေးရှားကို အခြားကျောင်းသားများနှင့် ဆရာများရှေ့တွင် အော်ငေါက်လေ့ရှိကြောင်း အယ်လေးရှား၏ တရားစွဲဆိုမှု မှတ်တမ်းတွင် ဖော်ပြသည်)

 

 

(▲ အယ်လေးရှား တက်ခဲ့သော Hartford အစိုးရအထက်တန်းကျောင်း)

 

အယ်လေးရှားက Hartford ပညာရေးဘုတ်အဖွဲ့၊ Hartford မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးပညာရေးဆရာများ အနက်မှ တစ်ဦးဖြစ်သော တီလ်ဒါ ဆန်တီယာဂိုတို့ကို တရားစွဲခဲ့ခြင်း ဖြစ်သည်။

 

 

(▲ ယခု တရားစွဲဆိုမှုကြောင့် Hartford တွင် ပညာရေးစနစ်တိုးတက်လာစေရန် မျှော်လင့်ထားကြောင်း၊ အနာဂတ် ကျောင်းသားများအနေဖြင့် ယခုကဲ့သို့ မကြုံတွေ့စေလိုကြောင်း အယ်လေးရှားက ပြောသည်) 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Former Connecticut high school student sues teachers for letting her graduate while unable to read or write Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service