လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ

လော့စ်အိန်ဂျလိတွင် တောမီးသင့်ခဲ့သောနေရာများရှိ မြေကွက်များ အရောင်းသွက်နေ - Property News in Myanmar from iMyanmarHouse.com
17 Mar 2025 12:12 pm တွင် တင်ခဲ့သည်
557 ကြိမ် ကြည့်ရှု့ပြီး

မိမိ၏ နေရာဟောင်းတွင် ပြန်လည်အခြေမချနိုင်တော့ကြောင်း ဟူဂို ဒါလင်ဂါတစ်ယောက် သုံးသပ်မိသည်။

လော့စ်အိန်ဂျလိခရိုင်၊ Altadena အရပ်ရှိ သူ၏ ဖြူလွလွတိုက်အိမ်မှာ ဇန်နဝါရီလအတွင်းက လောင်ကျွမ်းခဲ့သော တောမီးထဲ ပါသွားသည်။

ထိုဒေသရှိ နေအိမ်အများစုမှာ တောမီးကြောင့် ပြာကျသွားသည်။

နေအိမ်ခြံနေရာဟောင်းတွင် ပြန်လည်အခြေမချတော့သည်မှာ တောမီးကြောင့်မဟုတ်။ အရာရာကို အစမှပြန်စရန် ဟူဂိုတွင် ငွေလိုသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အိမ်ခြံမြေအကျိုးဆောင်မိတ်ဆွေတစ်ဦးထံ ဆက်သွယ်ကာ အကူအညီတောင်းရသည်။

အိမ်ခြံမြေအကျိုးဆောင် ရာမီရို ရီဗတ်စ်မှာ ကနဦးတွင် သို့လောသို့လော ဖြစ်နေသည်။ အိမ်ခြံမြေအကျိုးဆောင်အဖြစ် ၂၁ နှစ်တာ ဖြတ်သန်းခဲ့သည့် ဘဝတလျှောက် Altadena ဝန်းကျင်မှ နေအိမ်ပေါင်း ရာနှင့်ချီကာ ရောင်းပေးဖူးသည်။

 

သို့သော် မီးလောင်ထားသော မြေနေရာကိုမူ တစ်ခါမှ မရောင်းပေးဖူးသေး။ ရာမီရိုက စတုရန်းပေ ၁၀၅၀၀ ကျယ်ဝန်းကာ ပြာအတိလွှမ်းနေသော မြေကွက်ကို ဖေဖော်ဝါရီ ၃ ရက်တွင် အရောင်းတင်ပေးခဲ့သည်။

“မိမိလိုရာပုံဖော်နိုင်သည့် ကင်းဗတ်လွတ်တစ်ခုသဖွယ် အံ့မခန်းမြေနေရာ” ဟု ညွှန်းဆိုကာ အရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။

ရာမီရိုမှာ မီးလောင်မြေဖြစ်သောကြောင့် များစွာမျှော်လင့်မထားသော်လည်း ရက်အနည်းငယ်အတွင်း ဝယ်ယူရန် ကမ်းလှမ်းသူများစွာရှိလာရာ များစွာအံ့အားသင့်ခဲ့ရသည်။

အရောင်းဈေးကွက်တင်ပြီး ၉ ရက်အတွင်း မီးလောင်မြေကို ရာမီရို ရောင်းထုတ်ပေးနိုင်ခဲ့သည်။

ဟူဂိုတို့မိသားစုက အနီးရှိ Pasadena အရပ်မှ နေအိမ်ငယ်တစ်လုံးကို လက်ငင်းပေးချေငွေ ဒေါ်လာ ၆၀၃၀၀၀ ပေးကာ ဝယ်ယူခဲ့သည်။

ယင်းနောက်တွင်ကား ရာမီရိုသည် မီးလောင်မြေများစွာကို ဆက်လက်အရောင်းတင်ပေးတော့သည်။

“ကျွန်တော့်အတွက် တကယ့်ကို စိတ်ဒဏ်ရာရခဲ့ပါတယ်။” ဟု ဟူဂိုက ပြောသည်။

ဟူဂိုသည် အသက် ၇၀ ကျော်ပြီဖြစ်သော ဆရာဝန်တစ်ဦးဖြစ်ကာ မြေး ၁၂ ဦးအနက် အချို့ကို စောင့်ရှောက်ပေးနေသူ ဖြစ်သည်။

လွန်ခဲ့သော ၂ လခန့်က လောင်ကျွမ်းခဲ့သည့် လော့စ်အိန်ဂျလိတောမီးကြီးကြောင့် Altadena နှင့် Pacific Palisades တို့တွင် နေအိမ်ထောင်ပေါင်းများစွာ ပြာကျသွားခဲ့ပြီးနောက် မီးလောင်မြေများကို အုတ်အုတ်ကြက်ကြက် ဝယ်ယူလာကြမှုအပေါ် ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်များနှင့် အိမ်ခြံမြေလောက ကျွမ်းကျင်သူများမှာ များစွာ အံ့အားသင့်ကြရသည်။

အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းမှာ အများခန့်မှန်းထားသည်ထက် မြင့်မားနေသည်။ မီးလောင်ထားသော အပျက်အစီးများကြောင့် အဝယ်တန့်မသွားဘဲ ပို၍ပင် အရောင်းသွက်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘Cash offers only’: After L.A. fires, scorched lots are selling fast

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service