အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

အင်္ဂလန်တွင် နေအိမ်အောက်၌ လျှို့ဝှက်ဆန်းကြယ်သော မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်များရှိနေသည့် ၁၂ ရာစု နေအိမ်တစ်လုံး ပေါင် ၁,၀၀၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
10 Mar 2025 9:51 am တွင် တင်ခဲ့သည်
518 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်နိုင်ငံ၊ ကန့်ခရိုင်ရှိ နေအိမ်တစ်လုံးမှာ အပြင်ပန်းမှကြည့်လျှင်မူ သားနားထည်ဝါမှု မရှိ။

သို့သော် အဆိုပါနေအိမ်အောက်ဘက်ဆီတွင် မြေအောက် ပေ ၅၀ အနက်အထိ ထိုးဆင်း ဖြန့်ကျက်တည်ရှိသော ဥမင်လှိုဏ်ခေါင်းကွန်ရက်တစ်ခု ရှိနေသည်။

မြေအောက်ဥမင်လှိုဏ်ခေါင်းကွန်ရက်ဆီသို့ ခြံဝန်းအတွင်း ပန်းဥယျာဉ်ရှိ အံဖုံးတံခါးတစ်ခုမှ ဝင်ရောက်ရပြီး အံဖုံးကို ဖွင့်လိုက်လျှင် ကျဉ်းမြောင်းသို့ အုတ်လှေကားတစ်ခုက မြေအောက်ဆီသို့ ဦးတည်နေသည်ကို တွေ့ရမည် ဖြစ်သည်။

ဈေးကွက်တင် ဓာတ်ပုံများတွင် တွေ့ရမှုအရ အတော်ကျဉ်းမြောင်းသော ဥမင်များ ဖြစ်သည်ကို တွေ့ရသည်။

ကျောက်ခင်း လူသွားလမ်းကလေးများမှာ သေးငယ်ကျဉ်းမြောင်းရာ မွန်းကြပ်ပိတ်လှောင်မှုကို ကြောက်တတ်သည့် စိတ်ရောဂါရှိသူများနှင့်မူ မသင့်တော်ချေ။

ကန့်ခရိုင်၊ Sandwich မြို့တွင် တည်ရှိပြီး လက်ရှိအားဖြင့် ပေါင် ၁ သန်း ဈေးခေါ်ထားသည်။

 

 

(▲ မြေအောက်ဥမင်များဆီသို့ အံဖုံးတံခါးတစ်ခုမှတဆင့် ဝင်ရောက်နိုင်သည်။ ဓာတ်ပုံ-Fine & Country/ BNPS)

 

မြေအောက်ဥမင်ကွန်ရက်ကို မည်သည့်ကာလက ဆောက်လုပ်ခဲ့သည်ကို မသိရသော်လည်း နေအိမ်မှာမူ ၁၂ ရာစုကတည်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေသ ဒဏ္ဍာရီများအရ စိန့်သောမတ်သည် အဆိုပါ ဥမင်များထဲတွင် ဘုရင် ဟင်နရီ ၂ ၏ ရန်မှ ပုန်းအောင်းခဲ့ဖူးသည်ဟု ဆိုသည်။

ကက်သလစ်ဘာသာ၏ သူတော်စင်တစ်ပါးဟု လူသိများသူ စိန့်သောမတ် (Thomas Becket) သည် အင်္ဂလန်ပြည့်ရှင် Henry II နှင့် မသင့်မမြတ်ဖြစ်ခဲ့ရာ ဘုရင်၏ နောက်လိုက်များက ၁၁၇၀ ပြည့်နှစ်တွင် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

 

(▲ ကျဉ်းမြောင်းပိတ်လှောင်သည့်နေရာ ကြောက်ရွံ့သည့်စိတ်ရောဂါရှိသူများအတွက်မူ မသင့်တော်ချေ။ ဓာတ်ပုံ-Fine & Country/ BNPS)

 

ထူးခြားလှသည့် မြေအောက်ဥမင်များ ပါဝင်မှုအပြင် နေအိမ်အတွင်းတွင်လည်း ရှေးခေတ်ဟောင်း လက်ရာများ များစွာ တွေ့ရရာ ထုတ်တန်းဖော် မျက်နှာကြက်များ၊ မီးလင်းဖိုများ၊ မူရင်းအမိုးနှင့် ကြမ်းခင်းများ အပါအဝင် ဖြစ်သည်။

ထို့အပြင် မူရင်းလက်ရာ ဂျော်ဂျီယာ ရှေ့တံခါးမကြီး၊ ပြတင်းပေါက်များနှင့် ဝက်သစ်ချသား လှေကားများလည်း ရှိသည်။

နေအိမ်အကျယ်အဝန်းမှာ ၂၅၃၁ စတုရန်းပေရှိပြီး မီးဖိုဆောင်၊ မနက်စာစားခန်း၊ ညစာစားခန်း၊ နားနေခန်း၊ ဧည့်ခန်း၊ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါသည်။

ခြံဝန်းအတွင်း ကား ၄ စင်းရပ်နားနိုင်သောနေရာ၊ ဂိုဒေါင်၊ အတော်အတန် ကျယ်ဝန်းသော ပန်းဥယျာဉ်တို့ ရှိသည်။

ပန်းဥယျာဉ်တွင် ရေကန်၊ သစ်ပင်အိမ်နှင့် ဝိတိုရိယခေတ်မြင်းဇောင်းတစ်ခုတို့ တွေ့ရသည်။

 

 

(▲ မြေအောက်ဥမင်များ။ ဓာတ်ပုံ-Fine & Country/ BNPS)

 

 

(▲ နေအိမ်မှာ ၁၂ ရာစုက ဆောက်လုပ်ခဲ့သောအိမ်ဖြစ်သည်ဟု ယူဆရသည်။ ဓာတ်ပုံ-Fine & Country/ BNPS)

 

 

(▲ မြေအောက်ဥမင်မှာ လမ်းများ၊ ကွင်းပြင်များ၊ ရွာအတွင်းရှိ နေအိမ်များအောက်မှ ဖြတ်သန်းကာ ရှည်လျားစွာ ဖောက်လုပ်ထားသည်။ ဓာတ်ပုံ-Fine & Country/ BNPS)

 

 

(▲ အနီးရှိ Sandwich မြို့တွင် အလယ်ခေတ် အဆောက်အအုံများ များပြားစွာ တွေ့ရနိုင်သည်။ ဓာတ်ပုံ-Fine & Country/ BNPS)

 

 

(▲ နေအိမ်အတွင်းပိုင်း မွမ်းမံထားပုံ။ ဓာတ်ပုံ-Fine & Country/ BNPS)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This £1,000,000 property in Kent hides a mysterious underground tunnel network Photo Credit- Fine & Country/ BNPS

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service