နယူးယောက်ရှိ ကမ္ဘာကျော် ခရိုင်စလာ အဆောက်အအုံကြီးကို အမှုရှုံးကာ လက်လွတ်ဆုံးရှုံးသွားသော အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီးက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၄၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ

နယူးယောက်ရှိ ကမ္ဘာကျော် ခရိုင်စလာ အဆောက်အအုံကြီးကို အမှုရှုံးကာ လက်လွတ်ဆုံးရှုံးသွားသော အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီးက သူ၏နေအိမ်ကို ကန်ဒေါ်လာ ၄၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
12 Mar 2025 12:33 pm တွင် တင်ခဲ့သည်
457 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန် အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး မိုက်ကယ်ဖြုစ် (Michael Fuchs) က နယူးယောက်ပြည်နယ်၊ Long Island ၊ Hamptons အရပ် Meadow Lane အမှတ် ၇၉၇ ရှိ သူ၏စံအိမ်ကို ကန်ဒေါ်လာ ၄၄ သန်းဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်တင်လာသည်။

RFR Holding ၏ ပူးတွဲတည်ထောင်သူ မိုက်ကယ်ဖြုစ်နှင့် စီးပွားဖက်ဖြစ်သူ Aby Rosen တို့သည် နယူးယောက်မြို့လယ် မန်ဟက်တန်အရပ်ရှိ ကမ္ဘာကျော် ခရိုင်စလာ အဆောက်အအုံကြီးကို အမှုရှုံးကာ လက်လွတ်ဆုံးရှုံးခဲ့ပြီးနောက်ပိုင်း မိုက်ကယ်ဖြုစ်က သူ၏နေအိမ်ကို ရောင်းချရန် စီစဉ်လာခြင်းလည်း ဖြစ်သည်။

မိုက်ကယ်ဖြုစ်သည် ယခုရောင်းချမည့် ဆောက်သမ်ပ်တန်အရပ်ရှိ စံအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

(▲ ခြံအကျယ် ၃ ဧက ရှိသည်။ ဓာတ်ပုံ-Bespoke Real Estate)

(▲ ပင်လယ်ကမ်းခြေ မျက်နှာစာ ၄၀၄ ပေ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Bespoke Real Estate)

 

ပင်မစံအိမ်မှာ စတုရန်းပေ ၄၆၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၆ ခန်း ပါဝင်သည်။

အိပ်ခန်း ၂ ခန်းပါ လှေအိမ် ဆောက်လုပ်ရန် စီစဉ်ထားမှုမှာလည်း အသင့်အနေအထား ဖြစ်နေသည်။

ခြံဝန်းအတွင်း အပူပေးစနစ်ပါ ရေကူးကန်၊ တင်းနစ်ကွင်းတို့ ပါဝင်ပြီး သာယာလှပသော ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ ကမ်းခြေသို့ လမ်းလျှောက်သွားရုံဖြစ်သည်။

(▲ အပူပေးစနစ်ပါ ရေကူးကန်။ ဓာတ်ပုံ-Bespoke Real Estate)

 

(▲ မီးဖိုဆောင်။ ဓာတ်ပုံ-Bespoke Real Estate)

 

(▲ လေဝင်လေထွက်ကောင်းသော ဧည့်ခန်း။ ဓာတ်ပုံ-Bespoke Real Estate)

 

(▲ လင်းလင်းချင်းချင်းရှိသော စံအိမ်။ ဓာတ်ပုံ-Bespoke Real Estate)

 

(▲ တင်းနစ်ကွင်း။ ဓာတ်ပုံ-Bespoke Real Estate)

 

မန်ဟက်တန်မှ တရားသူကြီးတစ်ဦးက RFR ၏ ခရိုင်စလာအဆောက်အအုံကြီးအား မြေနေရာ ငှားရမ်းထားမှု ပယ်ဖျက်လိုက်ပြီး အာ့ထ်ဒက်ကို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည့် ကမ္ဘာကျော်အထင်ကရ ခရိုင်စလာ အဆောက်အအုံကြီးအား ဖယ်ရှားပေးရန် ဇန်နဝါရီ ၂၇ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

၇၇ ထပ်မြင့်မားသော ခရိုင်စလာအဆောက်အအုံကြီးတည်ရှိရာ မြေနေရာကို Cooper Union က ပိုင်ဆိုင်ခြင်း ဖြစ်သည်။

တရားရုံးမှတ်တမ်းများအရ RFR သည် ပြီးခဲ့သောနှစ် ဇွန်လတွင် မြေငှားရမ်းခ မပေးတော့ကြောင်း၊ မြေငှားခ အကြွေး ဒေါ်လာ ၂၁ သန်း ရှိနေကြောင်း ဖော်ပြထားသည်။

 

(▲ ခရိုင်စလာအဆောက်အအုံကြီးကို လက်လွှတ်လိုက်ရပြီးနောက် ဖြုစ်က သူ၏နေအိမ်ကို ရောင်းချလာသည်။ ဓာတ်ပုံ-Brian Zak/ NY Post)

 

(▲ မိုက်ကယ်ဖြုစ်နှင့် ဇနီးဟောင်း Alvina Collardeau တို့ကို နယူးယောက်မြို့တွင် ၂၀၁၁ ခုနှစ်က တွေ့ရပုံ။ ဓာတ်ပုံ-WireImage)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Billionaire real estate mogul who just lost the Chrysler Building lists historic Hamptons home for $44M

Photo Credit- Bespoke Real Estate, Brian Zak/ NY Post, WireImage

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service