ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး

ဂျပန်တွင် ကုမ္ပဏီတစ်ခုက ဝန်ထမ်းများအား ၎င်းတို့ စွဲလမ်းနေသည့် အကျော်အမော်တစ်ဦး ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကြောင့် အသည်းကွဲပါက အလုပ်မှ ခွင့်ယူခွင့်ပေး - Property News in Myanmar from iMyanmarHouse.com
6 Mar 2025 10:09 am တွင် တင်ခဲ့သည်
497 ကြိမ် ကြည့်ရှု့ပြီး

ဂျပန်တွင် မကြာသေးမီနှစ်များအတွင်း ဝန်ထမ်းအင်အားကျဆင်းမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

ဝန်ထမ်းရှားပါးနေချိန်မျိုးတွင် ဂျပန်ကုမ္ပဏီတစ်ခုက ဝန်ထမ်းသစ်ဆွဲဆောင်နိုင်ရေးအတွက် တမူထူးသော နည်းလမ်းတစ်ခုကို အသုံးပြုလာသည်။

အိုဆာကာမြို့အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုက အခြားကုမ္ပဏီများနှင့် ဝန်ထမ်းခေါ်ယူမှုတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရေးအတွက် ထူးခြားသော ခွင့်ရက်ပေးသည့်နည်းလမ်းကို အသုံးပြုလာသည်။

၎င်းတို့ကုမ္ပဏီမှာ အနည်းဆုံးအခြေခံလစာ ယန်း ၂၂၂၀၀၀ သာ ပေးနိုင်ပြီး ထိုလစာမှာ အချိန်ပို နာရီ ၂၀ ခန့် ပါဝင်ပြီး ဖြစ်သည်။

ဂျပန် ကျန်းမာရေး၊ အလုပ်သမားရေးရာနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် အတွင်း ဂျပန်တွင် ဝန်ထမ်းသစ်တစ်ဦးအတွက် ပျမ်းမျှလစာမှာ ယန်း ၂၇၃၃၀၀ ဖြစ်သည်။

ထိုကုမ္ပဏီမှ ခွင့်ပေးခြင်းများအနက် အရက်သောက်ပြီးနောက် အရက်နာကျနေလျှင် ပြန်လည် လန်းလန်းဆန်းဆန်း ဖြစ်လာပြီးမှ အလုပ်လာနိုင်ရန် ခွင့်ပေးခြင်း ဖြစ်သည်။

ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပြသည်မှာ ပုံမှန်အလုပ်ချိန် ၉ နာရီအစား ၁၂ နာရီမှ အလုပ်သို့လာခွင့် ရရှိခဲ့ကြောင်း၊ ကုမ္ပဏီက ခွင့်ပြုပေးသည့် “အရက်နာ” ခွင့် စနစ်ကို အသုံးပြုခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

“ကျွန်မအတွက် အိပ်ချိန် ၂ နာရီ၊ ၃ နာရီလောက် ပိုရသွားတယ်။ လူက လန်းဆန်းသွားတာကြောင့် အလုပ်မှာ စွမ်းဆောင်ရည်ပိုကောင်းလာစေတယ်လို့ ထင်ပါတယ်” ဟု အဆိုပါ ဝန်ထမ်းက ပြောကြောင်း South China Morning Post သတင်းဌာနက ဖော်ပြသည်။

ထို့အပြင် အဆိုပါကုမ္ပဏီသည် “ဆယ်လီ ဆုံးရှုံးမှု ခွင့်” လည်း ခွင့်ပြုပေးသည်။

အကျော်အမော်တစ်ဦးနှင့် ပတ်သက်သည့် သတင်းတစ်ခုခုကြောင့် အလုပ်တွင် အာရုံမစိုက်နိုင်လောက်အောင် စိတ်ထိခိုက်နေသည်ဆိုပါက ခွင့်ယူခွင့် ပေးခြင်းဖြစ်သည်။

ဥပမာအားဖြင့် အဆိုပါကုမ္ပဏီမှ ဝန်ထမ်းမိန်းကလေးတစ်ဦးသည် ဂျပန်ဂီတသမားတစ်ဦးဖြစ်သော Gen Hoshino ကို စွဲလမ်းခဲ့သည်မှာ ၁၀ စုနှစ် တစ်ခုကျော် ရှိခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း Hoshino သည် ရုပ်ရှင်မင်းသမီး Yui Aragaki နှင့် လက်ထပ်သွားရာ အဆိုပါဝန်ထမ်းမိန်းကလေးမှာ ကြေကွဲဝမ်းနည်းခဲ့ရသောကြောင့် အလုပ်မှ ခွင့်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါကုမ္ပဏီမှာ လုပ်ခလစာနည်းပါးသော်လည်း အထက်ပါကဲ့သို့ တမူထူးသည့် ခွင့်ရက်များ ပေးသောကြောင့် ဝန်ထမ်းများ၏ performance များ ကောင်းမွန်သည်ကို တွေ့ရပြီး ပြီးခဲ့သော ၃ နှစ်တာအတွင်း ကုမ္ပဏီမှ အလုပ်ထွက်သူ တစ်ဦးမှ မရှိခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japanese company offers hangover, “celebrity loss” leaves, marks low turnover rate

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service