ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် နေထိုင်သော အသက် ၅၇ နှစ်အရွယ် အငြိမ်းစားအမျိုးသားကြီး တစ်ဦးသည် Sports Toto 4D Jackpot 1 ထီဆုကြီးကံထူးခဲ့ကာ ရင်းဂစ် ၉ ဒသမ ၉၈ သန်း ရရှိသွားသည်။
Sports Toto Malaysia ၏ Facebook စာမျက်နှာတွင် ဖော်ပြချက်အရ ထီဆုကြီး ကံထူးသွားသော အမျိုးသားကြီးသည် ၅၀၄၅ နှင် ၃၈၂၈ ဟူသော ဂဏန်းများကို ကံစမ်းနေသည်မှာ နှစ်ကာလ ကြာမြင့် ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
အမျိုးသားကြီး၏ ထုတ်ဖော်ပြောပြချက်အရ ထိုနံပါတ်များမှာ သူ၏ အိမ်နံပါတ်နှင့် ကားနံပါတ်များဖြစ်သည်ဟု သိရသည်။
“ကျွန်တော့် အိမ်နံပါတ်နဲ့ ကားနံပါတ် ဂဏန်းတွေနဲ့ System 3 ထီကို ကံစမ်းခဲ့ပါတယ်။ ဒီအတိုင်း ကံစမ်းနေတာ ကာလအတော်ကြာမြင့်ခဲ့ပါပြီ”
ကံထူးကာ ရရှိလာသော ငွေများဖြင့် သူ၏ သားသမီးများကို စင်္ကာပူတွင် ကျောင်းတက်နိုင်ရန် စီစဉ်ထားပြီး ကျန်ငွေကို အိုစာမင်းစာအဖြစ် ချန်ထားရန် ၎င်းက စီစဉ်ထားသည်။
“ထီပေါက်တဲ့ငွေကို ကလေးတွေ စင်္ကာပူမှာ ကျောင်းတက်နိုင်ဖို့ အသုံးပြုသွားမယ်လို့ စီစဉ်ထားပါတယ်။ ကျန်ငွေကိုတော့ အိုစာမင်းစာ ချန်ထားပါမယ်” ဟု ထိုအမျိုးသားကြီးက ပြောသည်။
ထီကံထူးသော အမျိုးသားကြီး၏ အမည်နှင့် အသေးစိတ်အချက်အလက်များကိုမူ မသိရချေ။
ယခုကံထူးခဲ့သည့် ထီနံပါတ်များမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်က ထွက်ခဲ့သည့် ထီပေါက်စဉ် နံပါတ်များဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 57-year-old Malaysian retiree sweeps RM9.98 million in Toto 4D Jackpot