အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ - Property News in Myanmar from iMyanmarHouse.com
4 Mar 2025 12:15 pm တွင် တင်ခဲ့သည်
432 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည် Cape Cod ပင်လယ်ကွေ့တွင် ရေတိုက်စားမှုကြောင့် ပင်လယ်အတွင်း ပြိုကျတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီးတစ်လုံး ဖြိုချခံလိုက်ရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

မက်ဆာချူးဆက်ပြည်နယ်ရှိ ပင်လယ်ကမ်းခြေစံအိမ်ကြီးတစ်လုံးမှာ ပင်လယ်ကမ်းပါး ရေတိုက်စားမှုကြောင့် ပင်လယ်အတွင်း ပြိုကျပါက နေအိမ်ဆုံးရှုံးမှုအပြင် အနီးရှိ Wellfleet ဆိပ်ကမ်းရှိ ကမာကောင်တို့၏ အသိုက်အမြုံများကို ထိခိုက်ပျက်စီးစေမည့် အန္တရာယ်ရှိနေသည်။

သို့သော်ပိုင်ရှင်ဖြစ်သူက မဖြိုဖျက်နိုင်ကြောင်း ငြင်းဆန်နေရာ သဲသောင်ကမ်းပါးစွန်းတွင် ပြိုကျလု အနေအထားဖြင့် လပေါင်းများစွာ ဆက်လက်တည်ရှိနေခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်ကမူ နေအိမ်ကို တစ်စစီ ဖြိုဖျက်ရန်နှင့် အပျက်အစီးများကို သယ်ဆောင်သွားရန်အတွက် စက်ယန္တရားကြီးများ၊ ထရပ်ကားများ ရောက်လာသည်။

ဖေဖော်ဝါရီ ၂၅ ရက်တွင် နေအိမ်၏ ကွန်ကရစ် ဆလပ်ပြားများ၊ မီးခိုးခေါင်းတိုင်နှင့် မီးစက်ကြီးတစ်လုံးသာ ကျန်ရစ်တော့သည်။

(▲သဲသောင်ကမ်းပါးစွန်းတွင် တည်ရှိပြီး Wellfleet မြို့ရှိ ပင်လယ်ကမ်းခြေတစ်ခုကို စီးမိုးတွေ့မြင်နေရသည့် နေအိမ်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ရိုက်ကူးထားခြင်း ဖြစ်သည်။ ဓာတ်ပုံ-AP Photo/ Andre Muggiati, File)

 

(▲ နေအိမ်ကို ဖြိုချပြီးနောက် ကြွင်းကျန်ရစ်သည့်မြင်ကွင်းကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်က တွေ့မြင်ရပုံ။ ဓာတ်ပုံ-AP Photo/ Andre Muggiati, File)

“တစ်ဘက်ကကြည့်ရင် ဒီဒေသရဲ့ အထင်ကရပြယုဂ်တစ်ခုဖြစ်လာတဲ့ အိမ်တစ်လုံး ဖြစ်နေတာကြောင့် ဝမ်းနည်းဖို့ ကောင်းပါတယ်” ဟု Wellfleet မြို့လေး၏ သဘာဝပတ်ဝန်းကျင်ကောင်စီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ John Cobler က ပြောသည်။

“တစ်ခြားတစ်ဘက်က ကြည့်မယ်ဆိုရင်တော့ ဒီအိမ်ကို ဖြိုချလိုက်တာ ကျွန်တော် ဝမ်းသာတယ်။ ဒါက ကျွန်တော်တို့မြို့နဲ့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်အတွက် သောကကြီးတစ်ခုပါ” ဟု Cobler က ဆိုသည်။

 

(▲ နေအိမ်ဖြိုချနေသည်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-AP Photo/ Andre Muggiati, File)

 

ယခုအိမ်ကို ၂၀၁၉ ခုနှစ်တွင် နယူးယောက်မှ ရှေ့နေတစ်ဦးဖြစ်သူ Bonomi က ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း ထွက်ပေါ်လာသော အစီရင်ခံစာတစ်ခုအရ အဆိုပါအိမ်မှာ ၃ နှစ်အတွင်း ပင်လယ်ထဲသို့ ပြိုကျဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

ထိုသို့ပြိုကျပါက အိမ်၏ အပျက်အစီးများမှာ အနီးတွင် ကမာကောင် မွေးမြူရေး လုပ်ကိုင်နေသူတို့၏ လုပ်ငန်းကို ထိခိုက်လာမည် ဖြစ်သည်။

ထို့ကြောင့် မြို့၏ သဘာဝပတ်ဝန်းကျင်ကော်မရှင်က အဆိုပါအိမ်ကို ဖျက်သိမ်းရန် Bonomi အား တောင်းဆိုခဲ့သည်။

(▲ နေအိမ်ဖြိုဖျက်ပြီး ကျန်ရစ်သည့်မြင်ကွင်းကို ပြီးခဲ့သော ဖေဖော်ဝါရီ ၂၅ ရက်က တွေ့မြင်ရပုံ ဖြစ်သည်။ ဓာတ်ပုံ-AP Photo/ Andre Muggiati)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Luxury home at risk of tumbling into Cape Cod Bay over removal dispute is demolished

Photo Credit- AP Photo/ Andre Muggiati

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service