တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ - Property News in Myanmar from iMyanmarHouse.com
3 Mar 2025 10:39 am တွင် တင်ခဲ့သည်
533 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် နေထိုင်သော ဒီဇိုင်နာအမျိုးသားတစ်ဦးဖြစ်သူ ကောက်ချင်ရှန်းသည် အပန်းဖြေခရီးထွက်ခဲ့စဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံတစ်ပုံကို “ခွေးလေး တောင်တန်း” ဟု caption ရေးသားကာ ဗယ်လင်တိုင်းနေ့တွင် လူမှုကွန်ရက်တွင် တင်ခဲ့ရာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများအကြား ပျံ့နှံ့ဂယက်ရိုက်သွားပြီး ထိုနေရာသို့ လာရောက်လည်ပတ်သူ အလွန်များပြားလာလျက်ရှိသည်။

ကောက်ချင်ရှန်းသည် ပြီးခဲ့သော ဇန်နဝါရီလကုန်ပိုင်းက တရုတ်ပြည်အလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ သူ၏ ဇာတိမြို့ဖြစ်သော ယီချန်းသို့ အလည်အပတ်ရောက်စဉ် ခြေလျင်ခရီးလည်ပတ်ခဲ့သည်။

ကောက်ချင်ရှန်းက ၎င်းရိုက်ကူးခဲ့သော ဓာတ်ပုံများကိုကြည့်ရင်း ယခင်က သတိမပြုမိခဲ့သည့်အချက်တစ်ခုကို တွေ့ရှိခဲ့သည်။

ယန်စီမြစ်ကမ်းနှင့် ထိစပ်နေသော တောင်စွယ်တစ်ခုမှာ ရေစပ်တွင် မေးတင်ကာ ဝပ်နေသော ခွေးကလေးတစ်ကောင်၏ မျက်နှာအသွင် ပုံပေါ်နေသည်ကို တွေ့ရခြင်း ဖြစ်သည်။

“တကယ့်ကို ပဉ္စလက်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ အဲဒါကို သတိပြုမိလိုက်တဲ့အချိန်မှာ ကျွန်တော် စိတ်တွေလှုပ်ရှားပြီး ပျော်သွားမိတယ်” ဟု ကောက်ချင်ရှန်းက ပြောသည်။

“ခွေးမျက်နှာရဲ့ အနေအထားက ရေသောက်နေသလိုလို၊ မြစ်ထဲက ငါးတွေကို ငုံ့ကြည့်နေသလိုလို ထင်ရတယ်။ ပြီးတော့ ယန်စီမြစ်ကြီးကို တိတ်တဆိတ် ကာကွယ်ပေးနေသလိုလည်း ထင်ရပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်ဖြစ်သော Xiachongshu (သို့မဟုတ်) RedNote တွင် ကောက်ချင်ရှန်း တင်ခဲ့သောပို့စ်မှာ ၁၀ ရက်အတွင်း Like ပေးသူ ၁၂၀,၀၀၀ ကျော် ရှိခဲ့သည်။

Weibo လူမှုကွန်ရက်တွင် xiaogoushan (ခွေးလေးတောင်ဟု အဓိပ္ပာယ်ရ) ဟူသော တရုတ်စကား hashtag မှာ ကြည့်ရှုမှု သန်းပေါင်းများစွာ ရှိခဲ့သည်။

ခွေးပိုင်ရှင်များစွာကလည်း ၎င်းတို့၏ ခွေးကလေးများကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်တွင် တင်ကြပြီး ခွေးလေးတောင်၏ ရုပ်သွင်နှင့် တူ၊ မတူ မေးမြန်းကြသည်။

တရုတ်ပြည်သူများစွာတို့မှာ ခွေးမျက်နှာတောင်ရှိရာ ယီချန်းမြို့သို့ သွားရောက်လည်ပတ်ကာ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ကြသည်။

အချို့ကမူ ၎င်းတို့၏ ခွေးကလေးများကို ခေါ်ဆောင်သွားကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “ခွေးမျက်နှာတောင်ရှိရာကို ကိုယ်ရောက်ခဲ့ပြီ” ဟု ရေးသားကာ အမှတ်တရဓာတ်ပုံများကို RedNote လူမှုကွန်ရက်တွင် တင်ခဲ့သည်။

“ခွေးလေးရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်ပါ။ ဘဝမှာ အရာရာအဆင်ပြေသွားလိမ့်မယ်”

 

(▲တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် နေထိုင်သော ဒီဇိုင်နာအမျိုးသားတစ်ဦးဖြစ်သူ ကောက်ချင်ရှန်းသည် အပန်းဖြေခရီးထွက်ခဲ့စဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံတစ်ပုံကို “ခွေးလေး တောင်တန်း” ဟု caption ရေးသားကာ ဗယ်လင်တိုင်းနေ့တွင် လူမှုကွန်ရက်တွင် တင်ခဲ့ရာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများအကြား ပျံ့နှံ့ဂယက်ရိုက်သွားသည်။)

 

 

(▲ “ခွေးမျက်နှာရဲ့ အနေအထားက ရေသောက်နေသလိုလို၊ မြစ်ထဲက ငါးတွေကို ငုံ့ကြည့်နေသလိုလို ထင်ရတယ်။ ပြီးတော့ ယန်စီမြစ်ကြီးကို တိတ်တဆိတ် ကာကွယ်ပေးနေသလိုလည်း ထင်ရပါတယ်” ဟု ကောက်ချင်ရှန်းက ပြောသည်)

 

 

(▲ ကောက်ချင်ရှန်း တင်ခဲ့သောဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် အခြားသူများစွာတို့ကလည်း ထိုနေရာသို့ ယခင်က ရောက်ခဲ့သည့် ဓာတ်ပုံများ ထုတ်ပြကြကာ ခွေးမျက်နှာကို သတိမထားမိခဲ့ကြောင်း ပြောကြသည်)

(▲တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်ဖြစ်သော Xiachongshu (သို့မဟုတ်) RedNote တွင် ကောက်ချင်ရှန်း တင်ခဲ့သောပို့စ်မှာ ၁၀ ရက်အတွင်း Like ပေးသူ ၁၂၀,၀၀၀ ကျော် ရှိခဲ့သည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Now THAT'S a cliff face! Mountain becomes tourist hotspot after holidaymaker's photo goes viral - but can you see why? Photo Credit-dailymail

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service