အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ် - Property News in Myanmar from iMyanmarHouse.com
28 Feb 2025 11:12 am တွင် တင်ခဲ့သည်
540 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်၊ Morristown မြို့တွင် နေအိမ်တစ်လုံး ကန်ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဝယ်ယူမည့် ပိုင်ရှင်သစ်အနေဖြင့် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ ကျယ်ပြောသော ဂိုဒေါင်ပါ အိမ်တစ်လုံး အပြင် တန်ဖိုးကြီး မော်တော်ကားများလည်း ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

နယူးယောက်မြို့မှ တစ်နာရီခရီးပင် မသွားရသော Mount Kemble Lake ဒေသတွင် တည်ရှိပြီး အဆိုပါ ဒေသမှာ နေအိမ်ဝယ်လိုသူများအကြား လူကြိုက်များသော နေရာဖြစ်သည်။

နေအိမ်ဝယ်လျှင် အလွန်ရှားပါးသော ကားများပါ ပိုင်ဆိုင်ရမည်ဖြစ်ပြီး ကောင်းစွာမွမ်းမံထိန်းသိမ်းထားသောကားများ ဖြစ်သည်။

(▲ထိုဒေသရှိ အေးချမ်းဆိတ်ငြိမ်သော ရေကန်ကြီး။ ဓာတ်ပုံ-Visual Marketing and Design)

 

(▲အိမ်ဝယ်ပါက စုစုပေါင်း ကန်ဒေါ်လာ ၂၆၄၅၀၀ တန်ကြေးရှိ ကား ၅ စင်းလည်း ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။ ဓာတ်ပုံ-Visual Marketing and Design)

လက်ရှိပိုင်ရှင် Gil Fitzhugh က ပြီးခဲ့သော ၄၆ နှစ်တာလုံး ယခုအိမ်တွင် အခြေချနေထိုင်ခဲ့သည်။

ယခုအခါ အသက် ၈၈ နှစ်ရှိပြီဖြစ်သော Fitzhugh က ရာစုနှစ်ထက်ဝက်နီးပါး သူ၏ ရင်ခုန်သံဖြစ်ခဲ့သော ကားများနှင့်အတူ နေအိမ်ကြီးကို စွန့်ခွာကျောခိုင်းရန် စီစဉ်လာသည်။

ယခုကဲ့သို့ ဆုံးဖြတ်ရသည်မှာ ခါးသီးသော်လည်း ခွဲခွာချိန်ကျပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“လွမ်းပေမယ့် ကျွန်တော်က အိုပါပြီ။ အသစ်တစ်ခုခုရှာဖွေဖို့ အချိန်ကျပါပြီ” ဟု Fitzhugh က နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်။

(▲၁၉၀၄ ခုနှစ်ထုတ် Oldsmobile ကားပေါ်တွင် Fitzhugh ကို တွေ့ရပုံ။ ထိုကားမှာ ကန်ဒေါ်လာ ၅၇၅၀၀ ဈေးသတ်မှတ်ထားသည်။)

(▲၁၉၁၁ ခုနှစ်ထုတ် Stanley Model 63 မှာ ကန်ဒေါ်လာ ၈၆၅၀၀ ဈေးသတ်မှတ်ထားသည်။)

(▲၁၉၁၂ မော်ဒယ် Buick Model 35 မှာ ဈေးနှုန်း ကန်ဒေါ်လာ ၄၈၅၀၀ ဖြစ်သည်)

(▲Buick Model ၏ အနီးကပ်မြင်ကွင်း။ ဓာတ်ပုံ-Visual Marketing and Design)

သူ၏ သက်တမ်းအရင့်ဆုံးကားဖြစ်သော ၁၉၀၄ မော်ဒယ် Oldsmobile မှာ အမေရိကန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်ကာ ထုတ်လုပ်ခဲ့သော ပထမဆုံးကားများပြီးလျှင် နောက်တစ်နှစ်၌ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တိုင် မောင်းနှင်၍ ရသေးသည်။

၁၉၁၁ မော်ဒယ် Stanley Model 63 မှာ ရေနွေးငွေ့ စွမ်းအင်သုံး မော်တော်ကားဖြစ်ပြီး ကန်ဒေါ်လာ ၈၆၅၀၀ ဈေးသတ်မှတ်ထားသည်။

(▲ဒေါ်လာ ၁၅၅၀၀ သတ်မှတ်ထားသော ၁၉၁၄ မော်ဒယ် Ford Touring)

(▲၁၉၀၇ ခုနှစ်မော်ဒယ် Cadillac Model K မှာ ကန်ဒေါ်လာ ၅၆၅၀၀ ဈေးသတ်မှတ်ထားသည်)

(▲ရာသီဥတု ပူနွေးချိန်များတွင် ရေကန်၌ လှေလှော်နိုင်သည်။ ဓာတ်ပုံ-Visual Marketing and Design)

(▲နေအိမ်မှာ စတုရန်းပေ ၂၈၀၀ ကျယ်ဝန်းပြီး ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဈေးခေါ်ထားပြီး ကားများပါ ယူမည်ဆိုပါက ၁ ဒသမ ၄၆ သန်း ကျသင့်မည် ဖြစ်သည်။ ဓာတ်ပုံ-Visual Marketing and Design)

(▲အိမ်နောက်ဘက် နားနေ နေရာ။ ဓာတ်ပုံ-Visual Marketing and Design)

(▲ဧည့်ခန်း။ ဓာတ်ပုံ-Visual Marketing and Design)

(▲ပန်းချီ စတူဒီယို။ ဓာတ်ပုံ-Visual Marketing and Design)

(▲မီးဖိုဆောင်။ ဓာတ်ပုံ-Visual Marketing and Design)

(▲ညစာစားခန်း။ ဓာတ်ပုံ-Visual Marketing and Design)

(▲အိပ်ခန်း ၃ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ-Visual Marketing and Design)

(▲ဒုတိယမြောက် အိပ်ခန်း။ ဓာတ်ပုံ-Visual Marketing and Design)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This New Jersey home for sale comes with 5 pre-WWI antique cars — and they’re yours to keep

Photo Credit- Visual Marketing and Design

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service