အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် ဝေးလံခေါင်သီသော တောင်ထိပ်ပေါ်၌ ဆောက်လုပ်ထားသော ကြီးမားသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
26 Feb 2025 11:49 am တွင် တင်ခဲ့သည်
402 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည် အရီဇိုးနားပြည်နယ်တွင် Mummy Mountain အမည်ရှိ တောင်ထိပ်ပေါ်တွင် ဆောက်လုပ် ထားသော Luxury ရိပ်မြုံတစ်ခု ကန်ဒေါ်လာ ၆ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

ဂျိမ်းစ်ဘွန်းကဲ့သို့ လျှို့ဝှက်နေထိုင်နိုင်မည့် နေရာတစ်ခုဖြစ်ပြီး အံ့မခန်းဗိသုကာလက်ရာများကို ပိုင်ဆိုင်နိုင် မည့်အပြင် ကမ္ဘာ့အခမ်းနားဆုံး ရှုမျှော်ခင်းများကိုလည်း ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

အကျယ်အဝန်း စတုရန်းပေ ၇၄၈၄ ရှိပြီး ၂၀၀၁ ခုနှစ်တွင် နာမည်ကြီး ဗိသုကာပညာရှင် Lee Hutchison က ပွေဘလို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

“တောင်တန်းကိုယ်တိုင်က နေအိမ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစပ် ပါဝင်နေပါတယ်။ အရက်ဘားထဲမှာ အသိသာဆုံး ဖြစ်ပါတယ်။ အဲဒီမှာ ကျောက်ဆောင်တွေနဲ့ ဗိသုကာဟန်ဟာ ခြားနားမှုမရှိဘဲ ပေါင်းစပ်ပေး ထားပါတယ်”ဟု My Home Group Real Estate အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Jackie Miller က ပြောသည်။

ဝိုင်သိုလှောင်မှုအခန်းမှာလည်း တောင်တန်းတွင် မြှုပ်ဝင်ပေါင်းစပ် ဆောက်လုပ်ထားသည်။

ဝိုင်သိုလှောင်ခန်းတွင် Climate Control စနစ် ပါဝင်သည်။

နေအိမ်၏ Roof Top မှတဆင့် တောင်ပေါ်သို့ တက်နိုင်သည်။

ခြံအကျယ်မှာ ၁ ဒသမ ၅၁ ဧကရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၇ ခန်းပါသည်။ Paradise Valley ၏ အမြင့်ဆုံး တောင်ထိပ်များအနက် တစ်ခုတွင် တည်ရှိခြင်း ဖြစ်သည်။

လူနေ နေရာများနှင့် မိုင်ပေါင်းများစွာ အလှမ်းကွာသည်ဟု ထင်ရသော်လည်း Paradise Valley Country Club ၏ မြောက်ဘက် Las Brisas ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိသည့်နေရာ ဖြစ်သည်။

 

(Phoenix မြို့၏ နာမည်ကျော် Mummy Mountain တွင် တည်ရှိသည်။ ဓာတ်ပုံ-realtor)

 

(အောက်ဘက်ဆီရှိ တောင်ကြားတစ်ခုလုံး၏ ဆည်းဆာချိန်ရှုခင်းများကို အတားအဆီးမရှိ ခံစားနိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-realtor)

 

(ပွေဘလို ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ-realtor)

(အရက်ဘားအတွင်း ကျောက်ဆောင်တစ်ခုကို တွေ့ရပုံ။ ဓာတ်ပုံ-realtor)

 

(ဝိုင်သိုလှောင်ခန်းမှာ တောင်နံရံကို ဖောက်ကာ ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ-realtor)

 

(မီးဖိုဆောင်တွင် မီးပန်းဆိုင်းနှင့် Soleri ခေါင်းလောင်းများ ချိတ်ဆွဲထားသည်။ ဓာတ်ပုံ-realtor)

 

(အဝင်ခန်းမတွင်လည်း မီးပန်းဆိုင်းနှင့် Soleri ခေါင်းလောင်းများ တွေ့ရသည်။ ဓာတ်ပုံ-realtor)

(ညစာစားခန်းရှိ တွဲလောင်းဆွဲမီးများကို ဒေသတွင်း အနုပညာရှင်တစ်ဦးက ယခုစံအိမ်ကြီးအတွက် သီးသန့်ပြုလုပ်ပေးထားခြင်းဖြစ်သည်။ ဓာတ်ပုံ-realtor)

(တံခါးများကို ဒေသတွင်း လက်မှုပညာရှင်တို့က အထူးအော်ဒါပြုလုပ်ပေးထားသည်။ ဓာတ်ပုံ-realtor)

(စံအိမ်ရှိ အိပ်ခန်း ၅ ခန်းလုံးတွင် ရေချိုးခန်း ပါဝင်သည်။ ဓာတ်ပုံ-realtor)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Extraordinary Mansion That Is Carved Into the Side of Arizona’s Mummy Mountain Hits the Market for $7 Million

Photo Credit- realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service