မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ

မလေးရှားတွင် လဖက်ရည်ပန်းကန်တစ်လုံး မဆေးဘဲထားသောကြောင့် ဇနီးဖြစ်သူအား ခင်ပွန်းက ကွာရှင်းသည့်ကိစ္စ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား သတင်းကြီးနေ - Property News in Myanmar from iMyanmarHouse.com
25 Feb 2025 10:36 am တွင် တင်ခဲ့သည်
555 ကြိမ် ကြည့်ရှု့ပြီး

လင်မယားကွာရှင်းမှုများမှာ အများအားဖြင့် ကြီးမားသော အကြောင်းရပ်များအပေါ် အခြေခံလေ့ရှိသည်။

သို့သော် မလေးရှားတွင်မူ ပန်းကန်တစ်လုံး မဆေးသည့် အသေးအဖွဲဟု ယူဆရသော ကိစ္စကြောင့် ကွာရှင်းပြတ်စဲမှုဖြစ်ပေါ်ခဲ့ရာ မလေးရှားနိုင်ငံသားများအကြား များစွာအံ့အားသင့်လျက် ရှိကြသည်။

ထိုဖြစ်ရပ်ကို ဇနီးဖြစ်သူက @meinmokhtar ဟူသော အကောင့်ဖြင့် X လူမှုကွန်ရက်တွင် ပြောပြခဲ့သည်။

ညစ်ပတ်နေသော လဖက်ရည်ပန်းကန်လုံးတစ်ခုကိစ္စဖြင့် အခြေအတင် စကားများခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူက WhatsApp မှတဆင့် မိမိအား ကွာရှင်းခဲ့ကြောင်း ဇနီးဖြစ်သူက လူမှုကွန်ရက်တွင် ပြောပြသည်။

၎င်းက ရေးသားဖော်ပြသည်မှာ----

“မဆေးဘဲထားတဲ့ လဖက်ရည်ပန်းကန်တစ်လုံးကိစ္စနဲ့ ကျွန်မယောက်ျားနဲ့ စကားများပါတယ်။ သူက ကျွန်မကို WhatsApp ကနေ ကွာရှင်းခဲ့တယ်။ အဲဒါ တရားဝင်ပါသလား”--- ဟု ဆိုသည်။

 

 

(နမူနာအနေဖြင့် ဖော်ပြသော ပုံသာဖြစ်ပါသည်။ ဓာတ်ပုံ- Via Canva)

သူ၏ ပို့စ်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့သွားပြီး လူမှုကွန်ရက်သုံးစွဲသူများစွာက ယခုဖြစ်ရပ်ကို မယုံကြောင်း ပြောကာ ၎င်းတို့၏ ထင်မြင်ချက်များကို မှတ်ချက်ပေးကြသည်။

လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကမူ သာမန်ကိစ္စလေးကိုပင် စိတ်မထိန်းနိုင်၊ သည်းမခံနိုင်ကြသည့်အပေါ် စိတ်ပျက်မိကြောင်း မှတ်ချက်ပြုသည်။

“ကြည့်ပါဦး။ ဒါက ဘယ်သူမဆို ကြုံနေရတဲ့ အသေးအဖွဲ ကိစ္စလေးပါ။ ဒါပေမယ့် စိတ်ဖိစီးမှုတွေလည်း ရှိနေမယ်…ခဏခဏလည်း ဒီလိုလုပ်နေမယ်….ဒီကိစ္စကိုပဲ ခဏခဏ ပြောနေရမယ်ဆိုရင်တော့ ကွာရှင်းတဲ့အဆင့် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သူက တဗျစ်တောက်တောက် လုပ်မနေတော့ဘဲ ကွာရှင်းဖို့ပဲ ရွေးချယ်လိုက်တာ ဖြစ်နိုင်ပါတယ်” ဟု Si Hamlau အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

 

 

(X/meinmakhtar အကောင့်မှ screenshot တစ်ခု)

 

အချို့က ခင်ပွန်းဖြစ်သူဘက်မှ ရပ်တည်ကြသည်။ အမြဲတမ်း ပန်းကန်ဆေးရသည့် ပြဿနာအပေါ် စိတ်ပျက်လာခြင်းအပေါ် နားလည်ကြောင်း ပြောကြပြီး အချို့ကမူ ဇနီးဖြစ်သူဘက်မှ ရပ်တည်ကြပြီး ပိုမိုစိတ်ထားပြည့်ဝသူနှင့်သာ ထိုက်တန်ကြောင်း မှတ်ချက်ပြုကြသည်။

အခြားတစ်ဦးကမူ ဇနီးမောင်နှံ ၂ ဦးလုံး အဘယ်ကြောင့် ယခုပြဿနာကို ပြေလည်အောင် မကြိုးစားသနည်းဟု မေးခွန်းထုတ်သည်။

“ဒီလို အသေးအဖွဲ ကိစ္စလေးမှာတောင် သူတို့နှစ်ယောက်မှာ ဘယ်သူကမှ မီးကို ငြှိမ်းပေးမယ့် ရေလို မပြုမူခဲ့ဘူး။ နှစ်ယောက်လုံးက မီးလို ကျင့်ကြံနေမယ်ဆိုရင် မိစ္ဆာရောက်လာမှာပဲ။ မိစ္ဆာက သူ့ရဲ့ ပန်းတိုင်ကို ရသွားတာ အံ့သြစရာ မရှိပါဘူး။ ဟူး…ဒီလိုလုပ်နေတဲ့သူတွေ ပိုများလာမယ်ဆိုရင် မိစ္ဆာဟာ ပိုပြီး အားကောင်းလာတော့မယ်”

 

 

(X/meinmakhtar အကောင့်မှ screenshot တစ်ခု)

 

တစ်ဦးကမူ အချစ်ရေးတို့သည် လက်ထပ်ပြီးနောက်ပိုင်း ပြောင်းလဲသွားလေ့ရှိပုံကို ထောက်ပြသည်။

“ကျွန်မ တကယ်နားမလည်နိုင်အောင်ပါပဲ။ သူတို့တွေ ချစ်သူဘဝက တစ်ယောက်ကိုတစ်ယောက် အရမ်းကူညီချင်ခဲ့ကြတယ်။ ပန်းကန်ဆေးတာက အစပေါ့။ ဒါပေမယ့် လင်ရယ်မယားရယ် ဖြစ်လာပြီးတဲ့နောက် တချိန်က ပျော်ပျော်ရွှင်ရွင် ပေါ့ပေါ့ပါးပါးရှိခဲ့တဲ့ ပန်းကန်ဆေးတဲ့ကိစ္စဟာ ဧရာမကိစ္စကြီးဖြစ်လာပြီး ခွန်းတုံ့ပြန် အခြေအတင်ပြောနေရတဲ့ ကိစ္စဖြစ်လာတယ်”

 

 

( X/meinmakhtar အကောင့်မှ screenshot တစ်ခု)

အထက်ပါဖြစ်ရပ်အပေါ် သင်မည်သို့ ယူဆပါသနည်း။ သင်၏ အတွေးကို မှတ်ချက်ပြုခဲ့ပါဦး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: M’sian Woman Claims Husband Divorced Her Over An Unwashed Cup Photo Credit- X/meinmakhtar, Via Canva

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service